Print

ဆံကေသာအကြောင်းများ

  10-Oct-2018
Preview Image

ဆံကေသာ အမျိုးအစားများစွာရှိပါသည်။ မိမိ၏ဆံသားနှင့် အကျွမ်းတဝင်ရှိပြီး မိမိဆံသားအကြောင်းကို သိရန်လိုအပ်ပါသည်။

Oily Hair ( ဆီထွက်များသော ဆံပင်အမျိုးအစား)

အဆီအိတ်မှ ဆီထွက်များခြင်းကြောင့်ဖြစ်ပါတယ်။ ဆီအထွက်များရင် ဆံပင်တွေ ကြမ်းကြမ်းတောင့်တောင့် ကြီးဖြစ်နေတက်ပါတယ်။ မဖြစ်စေရန် ဆံပင်ကို ပုံမှန်လျှော်ပေးရန် လိုအပ်ပါတယ်။

 

Dry Hair (ခြောက်သွေ့သော ဆံပင် အမျိုးအစား)

ခြောက်သွေ့သော ဆံပင်အမျိုးအစားသည် ခြောက်သွေ့ရုံမကဘဲ အစိုဓာတ်နည်းပြီး အဆီအိတ်မှ အဆီထုပ်လုပ်မှု မလုံလောက်မှုကြောင့် ဖြစ်တက်ပါတယ်။ နောက်ပြီး အရွယ်ရလာသူတွေ၊ ဓာတုဆေးအသုံးများသူတွေ၊ ဆံသားအပူလွန်ကဲအောင် ဆံပင်ပြုပြင်သည့် ကိရိယာများကြောင့် အဖြစ်များတာမျိုးလည်း ဖြစ်တတ်ပါသည်။

 

Normal Hair (ပုံမှန်ဆံပင်အမျိုးအစား)

ပုံမှန်ဆံပင်သည် ပျော့ပျောင်းမှုရှိပြီး ကျန်းမာသန်စွမ်းတဲ့အတွက် ဖြီးရလည်းလွယ်ကူစေပြီး ဆံပင်အုံလည်း ကောင်းနေတတ်ပါတယ်။

 

Combination Hair (ပေါင်းစပ်မှုရှိ သောဆံပင် အမျိုးအစား)

၎င်းအမျိုးအစားသည် လူအများစုတွင်ဖြစ်တက်သော အမျိုးအစားဖြစ်ပါသည်။ များသောအားဖြင့် ဦးရေပြားကအဆီထွက်များပြီး စေးထန်ထန်းဖြစ်တက်သလို ဆံပင်သားမှာ တော့ခြောက်သွေ့နေတက်တာမျိုးပါ။ ဆံပင်အရောင်မှာ မှေးမှိန်နေတက်ပြီး လေတိုက်ရာလွင့်ပါးနေတက်တာမျိုးပါ။

 

Flyaway,fine & Fragile Hair (နူးညံ့ပျော့ပျောင်းသော၊ ပါးလွှာသေးမျှင်သော၊ နုနယ်သော ဆံပင်အမျိုးအစား)

၎င်းအမျိုးအစားကတော့ ကိုင်တွယ်ဖြီးသင်ရ ခက်ခဲမှုရှိတက်ပါတယ်။ ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်နဲ့ ဓာတုနည်းပညာများနဲ့ ချုပ်လုပ်ထားသော ခေါင်းအုံးနှင့် အိပ်ရာ မွေ့ရာများပေါ်တွင် အိပ်စက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဂရုစိုက်ရမည့် ဆံပင်အမျိုးအစားဖြစ်ပါတယ်။

 

Tight Curls ( ကောက်ကွေးသော ဆံပင်အမျိုးအစား)

ဆံပင်သားဟာ အလွန်ပါးလွှာ သေးမျှင်တဲ့အတွက် ဂရုစိုက်ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ဆံပင်သားခြောက်သွေ့နေစဉ်မှာ ဘီးနှင့် မဖြီးနိုင်ဘဲ ရေဆွတ်ပြီးမှသာ ဖြီးနိုင်တဲ့ ဆံပင်အမျိုးအစားဖြစ်ပါတယ်။

 

Gray Hair (ဆံပင်ဖြူသောအမျိုးအစား)

လူတိုင်းလိုလို မှာရှိနိုင်ပြီး အထူးသဖြင့် အသက်အရွယ် ကြီးရင့်လာတဲ့ အခါမျိုးမှာ ရှိတတ်တာမျိုးပါ။ အဖြူရောင်သမ်းလာတဲ့ ဆံသားမျိုးဟာ ကြမ်းလာတတ်ပါတယ်။ ဆံသားတွေကလည်း အားနည်းလာတာနဲ့အမျှ ပတ်ဝန်းကျင် အညစ်အကျေးတွေကို စုပ်ယူရရှိပြီး အဝါရောင်သမ်းလာတတ်ပါတယ်။

 

Damage & Causes of Damage (ဆံပင်သားပျက်ဆီးစေခြင်းများ နှင့်ပျက်ဆီးရသည့် အကြောင်းအရင်းများ)

ဆံပင်သားမကောင်းဘူး ပျက်ဆီးနေတယိဆိုတာမျိုးက ကြည့်လိုက်တာနဲ့ သက်ဝင်လှုပ်ရှားမှုမရှိခြင်း၊ အရောင်အဆင်းမွဲ ခြောက်ခြောက်ဖြစ်ခြင်း။ ဖြီးလိမ်းရာတွင် ခက်ခဲမှုရှိနေခြင်းတို့ဖြစ်နေတက်ပါသည်။ ဆံပင်မွှေးဟာ တစ်လကို တစ်စင်တီမီတာ ရှည်ထွက်နေပါတယ်။ နေ့စဉ်ထိတွေ့နေရတဲ့ နေရာင်ခြည်ရဲ့ အပူရှိန်၊ ပြီးတော့ ဆံပင်ဆိုးတာ၊ ကောက်တာ၊ ဖြောင့်တာ၊ ခေါင်းလျှောရည် အပြင်းစားတွေသုံးတာ၊ ရေကူးတာ၊ ကော်ရည်ဖျန်းတာတွေဟာ ဆံပင်ကို ပျက်ဆီးစေနိုင်တဲ့ အရာများဖြစ်ပါတယ်။ ကတ်ကြေးူနဲ့ ဓားတုံးတုံးတွေ၊ ချွန်ထက်နေတဲ့ ဘီးတွေကို အသုံးပြုတဲ့ ဆံပင်ညှပ်ဆရာများကြောင့် လည်းဆံသားထိခိုက်တာမျိုးဖြစ်တက်ပါတယ်။

 

Permanent Colour & Perms (ဆံပင်ဆေးဆိုးခြင်းနှင့် ကောက်ခြင်း)

ဓာတုဆေးဝါးတွေပါတဲ့ ပစ္စည်းမှန်သမျှကတော့ ဆံပင်သားကို ပြောင်းလဲစေနိုင်တဲ့ သတ္တိရှိပါတယ်။ ဥပမာ-ဆံပင်ကောက်တာမျိုး၊ ဆေးဆိုးတာမျိုးတွေက ပို၍ပြောင်းလည်းစေနိုင်ပါတယ်။ ဆံပင်ပြုပြင်ပေးသူရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်ပြီး ပျက်ဆီးမှု အနည်းအများ ကွာသွားမှာလည်းဖြစ်ပါတယ်။

 

Preventing Damage (ပျက်ဆီးမှုကို ကာကွယ်ခြင်း)

ဆံပင်သားမှာ အစိုဓာတ်ရှိနေစေခြင်းဟာ ဆံပင်သားကောင်းမွန်မှုအတွက် အရေးပါပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးတိုင်း ဆံပင်သားကို နှုးညံ့စေပြီး အစိုဓာတ်ပြန်လည်ဖြည့်ဆည်းပေးတဲ့ပျော့ဆေး ( conditioner) နဲ့ထပ်မံလျှော်ပေးဖို့လိုပါတယ်။ အဲ့ဒိ ပျော့ဆေးကိုထည့်ပေးပြီး ဆံပင်သားနဲ့ အဖျားပိုင်းနေရာအနှံ့ရောက်အောင် လက်နဲ့ညင်သာစွာ ပွတ်သပ်ပေးပြီး ခေတ္တထားပြီးမှလျှော်ပေးပါ။ ပျော့ဆေးကို ခေါင်းလျှော်တိုင်းထည့်သုံးဖို့ သင့်တော်ပါတယ်။

 

Sunfade & Protecting Hair in the Sun (နေစားခြင်းနှင့် နေရာင်ခြည်ဒဏ်မှကာကွယ်ခြင်း)

ဆံပင်ဆိုးဆေးကြောင့် ဆံပင်သားများ ပျက်ဆီးရသလို နေရာင်ခြည်ရဲ့ပူပြင်းတဲ့ အရှိန်၊ ပင်လယ်ဆားငံရည်၊  ခရမ်းလွန်ရောင်ခြည်တွေကလည်း ဆံပင်သားကို ခြောက်သွေ့စေပြီး အရောင်လွင့်ပြယ်စေနိုင်ပါတယ်။ ဒါကြောင့် ရေမကူးမီ ဆံပင်ကို ရေဆွတ်ပြီး ပျော့ဆေးလိမ်းကာ ခေါင်းစွပ် စွပ်ထားနိုင်ရင် ပို၍ကာကွယ် ရာရောက်ပါတယ်။ ရေကူးပြီးလို့ခေါင်းလျှော်ရာတွင်လည်း ပျော့ဆေးကိုထပ်မံ အသုံးပြုပေးဖို့လိုပါတယ်။

 

ဆံပင်တွင်ဖြစ်ပေါ်တတ်သောပြဿနာများနှင့် ပြုပြင်ရန်နည်းလမ်းများ

ဆံပင်ကျွတ်ခြင်း - ဖြစ်ရသည့် အကြောင်းအရင်းမှာ- မျိုးရိုး၊အစားအသောက်၊အလုပ်ပင်ပန်းခြင်း၊အာဟာရချို့တဲ့ခြင်း၊

ပြုပြင်ရန် -  ဆရာဝန်နှင့်တိုင်ပင်၍ အစားအသောက်၊ ဟိုမုန်းဓာတ်ပါဆေးများဖြင့် ကုသခြင်းနှင့် တ္တုဓာတ်ပါဖြည့်စွပ်ဆေးများ သောက်သုံးရန်။

အရာင်မွဲခြင်း - ဖြစ်ရသည့် အကြောင်းအရင်းမှာ-ဓာတုဆေးဝါးပါ ပစ္စည်းများအသုံးများခြင်း။

ပြုပြင်ရန် -  ခေါင်းလျှော်ခြင်းနှင့် ပျော့ဆေးထည့်ခြင်းတွင် အချိန်သိပ်မကြာရန်။ Shine ဟုပါသည့် ပစ္စည်းများသုံးရန်။

 

ခြောက်သွေ့ခြင်း၊ ပြတ်လွယ်ခြင်း

ဖြစ်ရသည့်အကြောင်းအရင်းမှာ- နေပူထဲအသွားများခြင်း၊ ကလိုရင်း (Chlorine) ဓာတ်ပါသော ရေကိုအသုံးပြုခြင်း၊  ခေါင်းအလျှော်များခြင်း။

 

ပြုပြင်ရန်

ပျော့ဆေးနှင့် လိုအပ်သောပေါင်းတင်ဆေးများ၊ အားဖြည့်ဆေးရည်များ အသုံးပြုရန်။ (Moisture,deep or intensive conditioning) ပါသော ပစ္စည်းများသုံးနိုင်။

 

ပြားကပ်နေခြင်း

ဖြစ်ရသည့်အကြောင်းအရင်းမှာ - ဆံပင်ညှပ်ပုံမကောင်းခြင်း၊ ဆံပင်အသုံးအဆောင်ပစ္စည်းများ အသုံးများခြင်း။

ပြုပြင်ရန် -   ပျော့ဆေးတံဆိပ်ပြောင်းသုံးရန်နှင့် အချိန်တော်သင့်ရုံသာထားရန်။ (Volume) ပါသော ပစ္စည်းများသုံးရန်။

 

ဗောက်ထခြင်း

ဖြစ်ရသည့်အကြောင်းအရင်- တဆေး( Yeast) ပါသော ပစ္စည်းများအသုံးများခြင်း။

ပြုပြင်ရန် - ဗောက်ပျောက်ဆေးပါသော ခေါင်းလျှော်ရည်သုံးရန်။ (Anti- Dandruff) ပါသော ပစ္စည်းသုံးနိုင်။

 

အဖျားကွဲထွက်ခြင်း

ဖြစ်ရသည့်အကြောင်းအရင်း - ဆံပင်စိုနေစဉ် ဘရပ်ရှ်ျနှင့်ဖြီးခြင်း၊ ဓာတုပစ္စည်းအသုံးများခြင်း။

ပြုပြင်ရန် - ဆံပင်မကြာခဏညှပ်ပေးရန်၊ ညှိပေးရန်၊ ခြောက်သွေ့စဉ် အဆီဓာတ်ပါ serum များလိမ်းပေးရန်။ (Strength) ပါသော ပစ္စည်းများသုံးပေးရန်။

 

ကပ်ပါးများကပ်တွယ်ခြင်းအတွက်တော့ ဘီးစိပ်နှင့်ဖြီးပေးရန်။ သန်းသတ်ဆေးဖြင့် ရှင်းပစ်ရန်။ (သန်းသတ်ဆေး (သို့) ပရုတ်လုံးအမှုန့် ကြိတ်ထည့်ပြီး ခေါင်းပတ်ထားပြီးမှ ဘီးစိပ်နှင့်ဖြီးချရန်။) လိုအပ်မှ

 

ကောက်လွန်းသောဆံပင်

ဖြစ်ရသည့်အကြောင်းအရင်း - လေထုတွင်းစိုထိုင်းဆများခြင်း၊ ခေါင်းလျှော်လွန်းခြင်း၊ ဘီးနှင့်ဖြီးလွန်းခြင်း။

ပြုပြင်ရန် - ပုံသွင်းဆေးရည်များ၊ ပျော့ဆေးအမြဲထည့်ပြီး ခေါင်းလျှော်ရန်။ (Controls Frizzy Hair) ပါသည့် ပစ္စည်းသုံးနိုင်ပါသည်။

 

Credit: နန်းအိအိဇာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18