Print

ဗိုက်မြန်မြန်ချပ်အောင် ဘာတွေသောက်သင့်လဲ

  29-Oct-2016
Preview Image

ကိုယ်အလေးချိန်လျှော့ချဖို့ ဆုံးဖြတ်ထားသူတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားရုံသာမက လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပေးဖို့ လိုအပ်တယ်ဆိုတာ သိထားကြပါတယ်။

အစာစားရုံ၊ လေ့ကျင့်ခန်းလုပ်ရုံသာမက အဆီတွေကို မြန်မြန်လောင်ကျွမ်းစေနိုင် တဲ့ သောက်စရာတွေ မှန်ကန်စွာ ရွေးချယ်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ရေခဲရေ ---------

ရေခဲရေဟာ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ် လုပ်ငန်းစဉ်များကို မြှင့်တင်ပေးနိုင်  တာကြောင့် ကယ်လိုရီပမာဏ များနေတာတွေကို ဖယ်ရှားပေးပါတယ်။ နေ့တိုင်းရေခဲရေ အနည်းဆုံး ၁၆ အောင်စလောက်သောက်ရင် ထူးခြားတဲ့ ရလဒ်တွေ့ရမှာပါ။

အုန်းရည် -----------

အခြားသော ဖျော်ရည်တွေထက် လျှပ်လိုက်ရည် (အီလက် ထရိုလိုက်) များများ ပါဝင်တာကြောင့် ရေဓာတ်အမြဲပြည့်ဝနေစေပါတယ်။ အုန်းရည်ထဲကို သကြားနဲ့ အခြားအရသာတုတွေ မထည့်ဘဲ သောက်သင့်ပြီး ခန္ဓာကိုယ်တွင်း လုပ်ငန်းစဉ်တွေနဲ့ စွမ်းအင်ပြည့်ဝနေဖို့ ထောက်ကူပါတယ်။

အဆီထုတ်နွားနို့ -------------------

ခန္ဓာကိုယ်ထဲကအဆီတွေ မြန်မြန်ချေဖျက်ရာမှာ အကျိုးပြု တာကြောင့် အဆီ ထုတ်နွားနို့ ပုံမှန်သောက်ပြီး ဘာတွေထူးခြားလဲ စောင့်ကြည့်နိုင်ပါတယ်။

ဟင်းသီးဟင်းရွက်ဖျော်ရည် ------------------------------

ကျန်းမာရေးအတွက် ကောင်းကျိုးပြုရုံသာမကကယ် လိုရီပမာဏများနေတာတွေ ကိုလည်းလျှော့ချပေးနိုင်ပါတယ်။

အာဟာရဖျော်ရည် ---------------------

ဈေးကွက်ထဲမှာအသင့် ရောင်းချတဲ့ အာဟာရဖျော်ရည် တွေကတော့ ပုံမှန်အားဖြင့် ကျန်းမာရေးအတွက် အထောက်အကူ ပြုပေမယ့် ကိုယ်ရွေးချယ်သောက် တဲ့ဖျော်ရည်ကသင့်လျော်မှုရှိ၊ မရှိကိုတော့ ဆရာဝန်နဲ့ တိုင်ပင် သင့်ပါတယ်။

လက်ဖက်စိမ်း နှင် ့နို့မပါလက်ဖက်ရည် ------------------------------------------

အဆီဓာတ်ကို ၄၃ ရာခိုင်နှုန်း ဖယ်ရှားပေးတာကြောင့် ပိန်ပိန်ပါးပါးဖြစ်လိုသူတွေကတော့ ပုံမှန်သောက်သင့်ပါတယ်။

ဖရဲသီးဖျော်ရည် ------------------

ဗိုက်ချပ်ဖို့အတွက်ဆိုရင် သကြားမထည့်ဘဲသဘာဝအတိုင်း သောက်ဖို့တော့လိုပါတယ်။ ကယ်လိုရီကို လျော့ကျစေပြီး ရေဓာတ်ကို  အမြဲပြည့်ဝ နေစေပါတယ်။ 

Ref:  stethnews.com 7daydaily No.639 Friday, January 30, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18