Print

သင်္ကြန်တွင်း နေလောင်ရေလောင်မှုများအား ကုသနိုင်မည့် နည်းလမ်းများ

  17-Apr-2017
Preview Image

သင်္ကြန်တွင်းမှာ ရေလောင်၊ နေလောင်တာမျိုးတွေကို ပြန်လည်ကုသနိုင်စေဖို့ အောက်ပါအိမ်တွင်း နည်းလမ်းတွေက သင့်အရေပြားအတွက် အန္တရာယ်အကောင်းဆုံး ဖြစ်စေပါလိမ့်မယ်။


အာလူးအနှစ်

အာလူးမှာ နာကျင်မှုကို သက်သာစေပြီး ရောင်ရမ်းမှုကို လျော့ပါးစေတဲ့ အာနိသင်တွေလည်း ပါဝင်ပါတယ်။


ပြုလုပ်နည်း

အာလူးကို သေချာဆေးကြောပြီး အတုံးလေးတွေပြုလုပ်ကာ ဖျော်စက်ထဲ ထည့်မွှေလိုက်ပါ။ ဒါမှမဟုတ် ကြိတ်ခြေလိုက်ပါ။ ဒါမှမဟုတ် ကြိတ်ခြေလိုက်ပါ။ အရည်တွေ ထွက်လာချိန်မှာ ညှစ်ထုတ်လိုက်ပြီး ဂွမ်းဖတ်တစ်ခုလုံး မြုပ်သွားအောင်နှစ်လိုက်ပါ။ နေလောင်၊ ရေလောင်ထားတဲ့ အရေပြားပေါ်မှာ သုတ်လိမ်းလိုက်ပြီး နာရီဝက်လောက်ဖုံးအုပ်ထားလိုက်ပါ။ အာလူးကို အကွင်းလိုက် လှီးပြီးလည်း အလွယ်တကူပြုလုပ်နိုင်ပါတယ်။


အအေးခံထားသောနို့

သင်္ကြန်လည်ပတ်ပြီး ပြန်လာချိန် အရေပြားတွေပူသွားစေဖို့ အမြန်ဆုံးကူညီနိုင်ပါလိမ့်မယ်။ နို့ကိုရေခဲနဲ့ မရောပါဘဲ ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားတဲ့ နို့ကို အသုံးပြုပါ။ အရေပြားနေလောင်တာကို သက်သာစေပြီး ချောမွေ့စေကာ သက်သောင့်သက်သာဖြစ်စေပါတယ်။ 

ပြုလုပ်နည်း

ပန်းကန်လုံးထဲကို အေးနေတဲ့နို့တစ်ခွက်ထည့်လိုက်ပါ။ ပိတ်စပါးနဲ့ စုပ်ယူလိုက်ပြီး စိုနေတဲ့အဝတ်စနှင့် နေလောင်နေတဲ့ အရေပြားနဲ့ ပူနေတဲ့အရေပြားပေါ်မှာ အုပ်ထားလိုက်ပါ။ ပိတ်စက အနည်းငယ်ခြောက်တော့ မယ်ဆိုရင် နို့ကိုပြန်စိမ်လိုက်ကာ ထပ်မံပြုလုပ်ပါ။ မကြာခဏဆိုသလိုပြုလုပ်ပေးနိုင်ပါတယ်။


ဆော်ဒါမှုန့်နှင့်ရေအေး

အရေပြားနေလောင်တာနဲ့ အပူလောင်ကျွမ်းတာတွေကို အကောင်းဆုံးကုသနိုင်တဲ့ နည်းလမ်းပါပဲ။ အရေပြားတင်းကျပ်ကျပ်ဖြစ်နေတာနှင့် နာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။

ပြုလုပ်နည်း

သင့်အရေပြားပေါ်က လောင်ကျွမ်းမှုပေါ်မူတည်ပြီး များရင်များသလို အသုံးပြုနိုင်ပါတယ်။ ရေအေးအေးနဲ့ ဆော်ဒါမှုန့်တွေကို ပန်းကန်လုံးထဲထည့်ပြီးအနည်းငယ်ပျစ်အောင်မွှေကာ နေလောင်နေတဲ့ အရေပြားတွေပေါ်မှာ သုတ်လိမ်းလိုက်ပြီး မိနစ် ၂၀ ထားကာ ရေအေးအေးနဲ့ပဲပြန်ဆေးလိုက်ပါ။


ရှားစောင်းလက်ပပ်

နေလောင်မှုကြောင့် ဖြစ်တဲ့ဒဏ်ရာများစွာကို ကုသပေးနိုင်တဲ့ အစွမ်းထက်ဆေးတစ်လက်ပါပဲ။ ရေဓာတ်ကြွယ်ဝပြီး အရေပြားအတွက် အကောင်းဆုံးပြန်လည်ကုသမှုတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

ပြုလုပ်နည်း

အပင်ကို တစ်ခြမ်းခွဲလိုက်ရင် အထဲမှာ ဂျယ်လီလိုအနှစ်တွေ ရှိနေပါတယ်။ ဒါတွေကို ခြစ်ထုတ်ပြီးဖြစ်စေ၊ တစ်ခြမ်းခွဲလျက်ဖြစ်စေ နေလောင်နေတဲ့ အရေပြားပေါ်မှာ ဖုံးအုပ်ထားလိုက်ပါ။ ဂျယ်တွေခြောက်သွားတဲ့အထိ ဖုံးထားပေးပါ။


ရှလကာရည်

ရှလကာရည်ဟာ အရေပြားအတွင်းပိုင်းလွှာအထိ ထိုးဖောက်ကုသနိုင်စွမ်းတွေ ရှိပါတယ်။ ရှလကာရည်က အရေပြားအပူလောင်သွားချိန်မှာလည်း ပြန်လည်ကုသပေးနိုင်ပါတယ်။

ပြုလုပ်နည်း

ရေချိုးပြီးချိန်မှာ ပြုလုပ်ပေးနိုင်ပါတယ်။ ဖျန်းပက်တဲ့ ဘူးထဲကိုရှလကာရည်ထည့်ထားလိုက်ပြီး နေလောင်ထားတဲ့ အရေပြားတွေပေါ်ကို ဖြန်းပက်လိုက်ပါ။ ခြောက်သွေ့ပြီး နာကျင်နေတဲ့အရေပြားတွေ ပေါ်ကို ရှလကာရည်ဆွတ်ထားတဲ့ ဝါဂွမ်းဖတ်နဲ့ကပ်ထားပေးလိုက်ပါ။ ခြောက်သွေ့ထားတဲ့အထိ ကပ်ထားပါ။


ဒိန်ချဉ်

အရေပြားပေါ်က ပျက်စီးသွားတဲ့ အင်ဇိုင်းတွေကို ပြန်လည်ကောင်းမွန်စေနိုင်တဲ့ အာနိသင်တွေ ရှိပါတယ်။ နေလောင်ဒဏ်ရာတွေကိုလည်း အမြန်ဆုံးပြန်လည်ကောင်းမွန်နိုင်စွမ်းရှိပါတယ်။


သခွားသီး

သခွားသီးဟာ အရေပြားအတွက် အာဟာရတစ်မျိုးပါပဲ။ သခွားသီးရဲ့ အာနိသင်က အရေပြားကို အေးမြစေရုံသာမကဘဲ နေလောင်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့်တွေ ပါဝင်နေတာကြောင့် အရေပြားကို ပြန်လည်နုပျိုစေနိုင်ပါတယ်။ ဒါ့အပြင် အရေပြားနေလောင်တာ၊ ရောင်ရမ်းတာ၊ နီရဲတာ၊ နာကျင်တာတွေကို အမြန်ဆုံးကုသပေးနိုင်စွမ်းရှိပါတယ်။

ပြုလုပ်နည်း

သခွားသီးကို ဓားနဲ့လှီးဖြတ်ပြီး ကြိတ်ခြေလိုက်ပါ။ ရလာတဲ့အနှစ်ကို အရေပြားပေါ်မှာ လိမ်းပါ။ သခွားသီးဖတ်တွေ ခြောက်သွားတဲ့အထိ အရေပြားပေါ်နဲ့ နေလောင်ဒဏ်ရာတွေပေါ်မှာ ဖုံးအုပ်ထားပေးပါ။ သခွားသီးကို အလွှာပါးလေးတွေ လှီးပြီးလည်း ကပ်ထားနိုင်ပါတယ်။ သခွားသီးက အေးနေရင် ပိုပြီးအာနိသင်ရှိတာကြောင့် အအေးခန်းထဲထည့်သုံးထားတဲ့ သခွားသီးကို အသုံးပြုပေးပါ။


Credit : လမင်းလေး

Arogyam magazine



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18