Print

သင့်ကျန်းမာရေးအတွက် ခြေထောက်ကို ရှလကာရည်နဲ့ တစ်ပတ်တစ်ကြိမ်စိမ်ပါ

  26-Nov-2018
Preview Image

ရှလကာရည်ဟာ ဘက်တီးရီးယား၊ မှိုပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေကို သုတ်သင်နိုင်တဲ့ အံ့သြဖွယ်ရာဂုဏ်သတ္တိရှိပါတယ်။ ဒါကြောင့် သူ့ကို ဗောက်၊ ဓာတ်မတည့်တဲ့ အခြေအနေ၊ မှိုပိုးနဲ့ ခန္ဓာကိုယ်အနံ့ဆိုးတွေ ကုသရာမှာ အသုံးပြုကြပါတယ်။ ဒါ့အပြင် အလွန်ပူပြင်းတဲ့ ရာသီတွေမှာ ဖြစ်ပေါ်တတ်တဲ့ ခြေထောက်မှာ ခြေဆီထွက်တာ၊ ခြေသည်းမှိုပိုးဝင်တာ၊ ခြေထောက်သဲဝဲစားတာတွေ အတွက်လည်း အလွန်အသုံးဝင်ပါတယ်။ အောက်ပါတို့ ဟာ ရှလကာရည်နဲ့ တစ်ပတ်တစ်ခါ စိမ်တဲ့အတွက် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေပါ။


၁။ ခြေထောက်ကိုက်ခဲညောင်းညာ နေတာအတွက် အသုံးဝင်ပါတယ်

တစ်နေ့တာလုံး ရှူးဖိနပ် ဒါမှမဟုတ် ဒေါက်ဖိနပ်တွေ စီးထားတဲ့အတွက် ခြေထောက်ညောင်းညာကိုက်ခဲနေရင် ရှလကာရည်နဲ့ ခြေထောက်ကို စိမ်လိုက်ပါ။

♦ ရှလကာရည်တစ်ခွက်၊ ဆားခါးတစ် ခွက်နဲ့ ဆားတစ်ခွက်ကို ရေနွေးတစ်ဇလုံထဲမှာ ရောစပ်ပါ။

♦ အဲဒီအရည်နဲ့ သင့်ခြေထောက်တွေကို ညဘက်မှာ စိမ်ပေးပါ။


၂။ ခြေသည်းမှိုပိုးဝင်ရောက်တာကို ကုသဖို့ အသုံးဝင်ပါတယ်

မှိုပိုးကို သေစေတဲ့ ဂုဏ်သတ္တိရှိတာကြောင့် ခြေသည်းမှိုပိုးဝင်ရောက်တာအတွက် အလွန်အသုံးဝင်ပါတယ်။

♦ ရှလကာရည်တစ်ဆကို ရေနှစ်ဆနဲ့ ရောစပ်ပါ။

♦ အဲဒီအရည်ထဲကို သင့်ခြေသည်း တွေ ၁၅ မိနစ်ခန့် စိမ်ပေးပါ။


 ၃။ ခြေထောက်သဲဝဲစားတာကို ကုသဖို့ အသုံးဝင်ပါတယ်

♦ ရေနွေးတစ်ဆ၊ ရှလကာရည်တစ်ဆကို ရောစပ်ပါ။

♦ သင့်ခြေထောက်ကို အဲဒီအရည်ထဲ မှာ ၁၀-၁၅ မိနစ်ခန့် စိမ်ပေးပါ။

♦ နေ့စဉ် ၁၀ ရက်ခန့် ပြုလုပ်ပေးပါ။


 ၄။ ခြေထောက်အနံ့ဆိုးထွက်တာ အတွက် အသုံးဝင်ပါတယ်

အနံ့ဆိုးထွက်တာ သက်သာအောင် ခြေထောက်ကနေ အဆိပ်အတောက်တွေ ဖယ်ရှားဖို့ လိုအပ်ပါတယ်။

♦ ရှလကာရည်တစ်ဆ၊ ရေနှစ်ဆကို ရောစပ်ပါ။

♦ သင့်ခြေထောက်ကို နေ့စဉ် ၁၅-၂ဝ မိနစ်ကြာ စိမ်ပေးပါ။

♦ မုန့်ဖုတ်ဆော်ဒါကိုပါ ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။ သူက အနံ့အသက်တွေ ကင်းစင်ဖို့အတွက် အလွန်အသုံးဝင် တာကြောင့်ပါ။

♦ ရေလေးခွက်၊ မုန့်ဖုတ်ဆော်ဒါ ခွက် တစ်ဝက်စာနဲ့ ရှလကာရည်လေးခွက် ပေါင်းစပ်ထားတဲ့ ဖျော်ရည်ထဲမှာ သင့်ခြေထောက်ကို ၁၅-၂ဝ မိနစ်အထိ စိမ်ပေးပါ။


၅။ အသားမာနဲ့ ကြွက်နို့ကို ကုသဖို့ အသုံးဝင်ပါတယ်

♦ ပထမဆုံးအနေနဲ့ ခြေထောက်ကို ရေနဲ့ ငါးမိနစ်ခန့် စိမ်ပေးပါ။

♦ ရေတွေကို သွန်ပစ်လိုက်ပြီး ဇလုံထဲကို ရှလကာရည်ထည့်ပါ။

♦ အဲဒီရှလကာရည်နဲ့ ၁၅ မိနစ်ခန့် စိမ်ပြီးနောက် ခြေထောက်ကို အခြောက်ခံပါ။

♦ တစ်ညတာလုံး ကုသမှုခံယူလိုရင်လည်း ရှလကာရည်ဆွတ်ထားတဲ့ ဝါဂွမ်းကို ကြွက်နို့ ဒါမှမဟုတ် အသားမာပေါ် တင်ကာ ပတ်တီးစည်းအိပ်ပါ။


၆။ ခြေထောက်ခြောက်သွေ့တာအတွက် အသုံးဝင်ပါတယ်

ခြေထောက်ခြောက်သွေ့တာအတွက် အလွန်ထိရောက်တဲ့ ကုသမှုပါ။

♦ ရှလကာရည်ထဲမှာ ခြေထောက်ကို ၄၅ မိနစ်ခန့် စိမ်ပေးပါ။ ဆဲလ်သေတွေကို အလွယ်တကူ ဖယ်ရှားနိုင်ပြီး ကြမ်းတမ်းတဲ့ အသားအရေတွေ ပျော့ပျောင်းသွားနိုင်ပါတယ်။

♦ ကြေးတွန်းကျောက်နဲ့ အသာ အယာပွတ်တိုက်ပေးပါ။

♦ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ။


Credit:  Original Writer



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18