Print

အရေပြားကင်ဆာ

  08-Nov-2018
Preview Image

နေရောင်ခြည် ထိတွေ့မှုများတဲ့အခါ ခန္ဓာကိုယ်မှာရှိတဲ့ မယ်လနင် ထုတ်တဲ့ဆဲလ်တွေကနေ ကင်ဆာအဖြစ်ကို ပြောင်းလဲသွားတတ်ပါတယ်။ ပြင်းထန်တဲ့အရေပြားကင်ဆာ တစ်မျိုးဖြစ်ပြီး မျက်လုံးနဲ့ ခန္ဓာကိုယ်တွင်းရှိ အမြှေးပါးရှိတဲ့နေရာတွေမှာလည်း ဖြစ်တတ်ပါတယ်။နေရောင်ခြည် ထိတွေ့မှုများတဲ့အခါ ခန္ဓာကိုယ်မှာရှိတဲ့ မယ်လနင် ထုတ်တဲ့ဆဲလ်တွေကနေ ကင်ဆာအဖြစ်ကို ပြောင်းလဲသွားတတ်ပါတယ်။ ပြင်းထန်တဲ့အရေပြားကင်ဆာ တစ်မျိုးဖြစ်ပြီး မျက်လုံးနဲ့ ခန္ဓာကိုယ်တွင်းရှိ အမြှေးပါးရှိတဲ့နေရာတွေမှာလည်း ဖြစ်တတ်ပါတယ်။


အရေပြားကင်ဆာ – Melanoma

အရေပြားကင်ဆာသည် အမျိုးအစား များစွာ ရှိပါသည်။ ရောဂါမပြင်းထန်ချိန်တွင် ကုသပျောက်ကင်းနိုင်သော်လည်း ပြင်းထန်သော အဆင့် ရောက်ပါက ကုသ မပျောင်ကင်း နိုင်တော့ပေ။ ထို့ကြောင့် စောစီးစွာသိပြီး ကုသမှုခံယူရန် အရေးကြီးလှပါသည်။


လက္ခဏာများအရေပြား ရောဂါလက္ခဏာများမှာ

• ခန္ဓာကိုယ်ရှိ မှဲ့များ အရောင်၊ အရွယ်အစား၊ ပုံစံ စသည်တို့ ပြောင်းလာခြင်း

• အရေပြားတွင် အနာဖြစ်လျှင် အနာမကျက်နိုင်ခြင်း

• အမည်းစက်များ ဖြစ်ပေါ်ခြင်း

• ထိုအစက်များမှ သွေးထွက်ခြင်း

• ခဲတံထိပ်မှ ခဲဖျက်ထက် ကြီးသောမှဲ့ကြီးများ ရှိလာခြင်း

• ယားယံခြင်း စသည်တို့ ဖြစ်ပေါ်တတ်သည်။ကုသခြင်းအရေပြားကင်ဆာကို ကုသရာတွင်-

• ခွဲစိတ် ကုသခြင်း ကင်ဆာအလုံးနှင့် ဘေးပတ်ပတ်လည် အရေပြား အနည်းငယ်အား လှီးထုတ်ခြင်း

• ဆေးပေးကုသခြင်းတို့ ပြုလုပ်နိုင်သည်။ သိရှိစေရန် ဆေးပေးကုသခြင်းသည် ကင်ဆာဆက်လက်ကြီးထွားမှုကို ရပ်တန့်စေရန် သို့မဟုတ် နှေးသွားစေရန် ဖြစ်သည်။ ကင်ဆာဆဲလ်များကို သတ်သော ကုသခြင်းမျိုးလည်းရှိသည်။ ရောဂါမပြင်းထန်မှီတွင် ခွဲစိတ်ကုသခြင်းကို ရွေးချယ်သင့်သော်လည်း ပြင်းထန်သော အဆင့်တွင်မူ အခြားသော ကုထုံးများကို ရွေးချယ် ကုသနိုင်သည်။ မဖြစ်ပွားစေရန် လိုက်နာသင့်သည်များ

• မိမိအသားအရေကို ထိန်းသိမ်းခြင်း၊

• ဓာတုပစ္စည်းများနှင့် မထိတွေ့စေရန် ဂရုပြုခြင်း၊

• နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တို့ကို ပြုလုပ်ပြီး ကာကွယ်နိုင်ပါသည်။

စာရေးသူ- ဒေါက်တာအောင်ပြည့်ဖြိုးဦး


Ref: WedMD



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18