Print

မိခင်နို့တိုက်သောကလေးကို ဘာကြောင့်ရေမတိုက်ရတာလဲ။

  16-Dec-2018
Preview Image

မိခင်နို့တွင် ရေ မည်မျှပါဝင်သနည်း။ မိခင်နို့၏ ၈၈ ရာခိုင်နှုန်းမှာ ရေဖြစ်သည်။မိခင်တစ်ဦးက နို့တိုက်သောအခါတိုင်းမှာ ကလေးငယ်အား နို့ရည်မှတစ်ဆင့်ရေတိုက်ခြင်းသာ ဖြစ်ပါသည်။ ရေငတ်ပြေစေရန်နှင့် ဆာလောင်မွတ်သိပ်မှုအား ပြေပျောက်စေရန်အတွက် ကလေးငယ် တစ်ယောက်လိုအပ်သမျှ အားလုံးမိခင်နို့တွင် ပါဝင်ပါသည်။ မိခင်နို့သည် ကလေးငယ်အား သန်စွမ်းကျန်းမာစွာ ကြီးထွားလာစေနိုင်သည့် အကောင်းဆုံးသော အစားအသောက် ဖြစ်ပါသည်။


ရေတိုက်ခြင်း၏ အန္တရာယ်များ
မွေးကင်းစ ကလေးငယ်များအား ရေတိုက်ခြင်းသည် အန္တရာယ်များနိုင်ပြီး ဝမ်းပျက် ဝမ်းလျှော ရောဂါနှင့် ဖျားနာမှုများကို ဖြစ်စေနိုင်ပါသည်။ မိခင်နို့သည် သန့်ရှင်းစင်ကြယ်ပြီး ရောဂါဘယ များကို ကာကွယ်ပေးပါတယ်။ မွေးကင်းစကလေးငယ်၏ ဝမ်းဗိုက်သည် သေးသေးလေးသာဖြစ်ပါသည်။ ကလေးကရေ သောက် လိုက်သောအခါ ကလေး၏ ကျန်းမာသန်စွမ်းမှုအတွက် လိုအပ်သော အာဟာရ ဓာတ်ပြည့်ဝလှသည့် မိခင်နို့အတွက် သူ့ဗိုက်ထဲတွင် နေရာလပ်သိပ်မကျန်တော့ပါ။

Ref:
အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18