Print

အဆီပြန်တဲ့အသားအရေကို ထိန်းသိမ်းရမယ့်နည်းလမ်းများ

  16-Dec-2018
Preview Image

အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေဟာမျက်နှာကိုသေချာသန့်စင်ပေးရတယ်နော်။ချွေးပေါက်တွေ ပိတ်မနေအောင် မျက်နှာသစ်တိုင်း ရေများများနဲ့ သစ်ပေးပါ။ ရေနွေးနဲ့သစ်ရင် ပိုကောင်းပါတယ်။ ဒါပေမယ့် အဆီပြန်တာနည်းသွားအောင်ဆိုပြီး အပြင်းစားမျက်နှာသစ်ဆပ်ပြာတွေတော့ မသုံးလိုက်ပါနဲ့။ သင့်မျက်နှာအရေပြားက ပုံမှန်ရှိသင့်တဲ့ အဆီတွေပါ ပါသွားပြီး အရေပြားက အဖတ်တွေတောင် ကွာလာနိုင်လို့ပါပဲ။ မျက်နှာကို အလွန်အကျွံသန့်စင်မိတော့ တခြားဘေးထွက်ဆိုးကျိူးတွေပါ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ကုန်ခမ်းသွားတဲ့ သဘာဝအဆီတွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ အဆီဂလင်းလေးတွေက ပိုအလုပ်လုပ်လို့ သင့်မျက်နှာ ပိုပြီးတော့တောင် အဆီပြန်လာအုံးမှာပါ။ သင့်အသားအရေကို အလွန်အမင်းသန့်စင်မိနေပါသလားမှာ ဖတ်ကြည့်နော်။

သင့်မျက်နှာသစ်ပြီးတိုင်း မျက်နှာအရေပြားအရမ်းတင်းပြီး ခြောက်သွေ့သွားစေတဲ့ အလှကုန်တွေကို ရှောင်ပါ။ ဒီပစ္စည်းတွေက အရေပြားရဲ့ အပေါ်ယံလွှာကိုကျူံ့သွားစေပြီးချွေးပေါက်တွေကနေ အဆီတွေ ထွက်လာတာကို တားဆီးပေးတယ်လေ။ အဲဒီအခါ အဆီဖုတွေ ဝက်ခြံတွေ ဖြစ်လာတော့တာပေါ့။ အဲဒီတော့ သင့်အသားအရေနဲ့လည်း အဆင်ပြေမယ့် အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက် ထုတ်ထားတဲ့ မျက်နှာသစ်ဆေးကို သေချာရွေးချယ်သုံးစွဲပေးပါ။ သင့်မျက်နှာလေး နူးညံ့စိုပြေနေအောင် မျက်နှာသစ်ပြီးတိုင်း Oil Free Moisturizer တစ်ခုခုကိုသုံးစွဲပေးဖို့ မမေ့နဲ့နော်။တစ်နေ့ကို ၃ ကြိမ်ထက်ပိုပြီး မျက်နှာမသစ်မိပါစေနဲ့။ မျက်နှာသစ်တဲ့အခါမှာလက်ထိပ်လေးတွေနဲ့ စက်ဝိုင်းသဏ္ဍန်အပေါ်ကို ပင့်တင်နှိပ်နယ်ပေးပါ။ ပြီးတော့ မျက်နှာပေါ်ကို မျက်နှာသစ်ဆေးနဲ့ တိုက်ရိုက်မပွတ်လိုက်ပါနဲ့။ ချွေးပေါက်တွေ ပိတ်သွားစေနိုင်လို့ပါ။ မျက်နှာသစ်ဆေးကို လက်ဝါးပေါ်အရင်တင်ပြီး ရေနဲနဲနဲ့ ပွတ်ပြီးတော့မှ မျက်နှာပေါ်တင်ပါ။ မျက်နှာသစ်ကြသူတိုင်းအတွက်မှာ ဝင်လေ့လာကြည့်ပါအုံးနော်။

တစ်ပတ်ကို တစ်ကြိမ် မျက်နှာပေါင်းတင်ပေးရမယ်နော်။ အဆီပြန်တဲ့သူတွေအတွက်ကတော့ ရွံ့စေးပေါင်းတင်ဆေးက အကောင်းဆုံးပဲလေ။ ဒါပေမယ့် သင်က ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တော့ အဖြူရောင် (သို့) ပန်းရောင်ရွံ့စေးတွေကို သုံးပေးပါ။ မိတ်ကပ်နဲ့ အလှကုန်ပစ္စည်းတွေ ဝယ်တဲ့အခါ အဆီပြန်တဲ့ အသားအရေအတွက် ထုတ်လုပ်ထားတာတွေကိုပဲ ရွေးချယ်ဝယ်ယူပါ။ ဒါပေမယ့် အယ်ကိုဟောလ်ပါတာတွေကိုတော့ ဝေးဝေးကရှောင်နော်။ မိတ်ကပ်ကို ရေဓာတ်ကို အခြေခံပြီး ထုတ်ထားတဲ့မိတ်ကပ်က အဆီပြန်တဲ့အသားအရေတွေအတွက် ပိုကောင်း
ပါတယ်။ ပြီးတော့ မိတ်ကပ်ရောင်ကို ကိုယ့်အသားအရောင်ထက် တဆင့်ပိုလင်းတာကို လိမ်းပါ။ မဟုတ်ရင် အဆီပြန်လာတဲ့အခါ မျက်နှာက ညိုပြီးညစ်သွားမှာ။ ပြီးတော့ အဆီပြန်တဲ့သူတွေ ပေါင်ဒါကို အားကိုးလို့ရတယ်နော်။ ပေါင်ဒါမှုန့်လေးတွေက အဆီပြန်တာကို ထိန်းပေးနိုင်တယ်လေ။ အဲ့ဒီတော့ မနက်မိတ်ကပ်လိမ်းပြီးတာနဲ့ ပေါင်ဒါလိမ်းပါ။ လိုအပ်ရင် နေ့လည်တကြိမ် ထပ်လိမ်းပါ။ Mineral Loose Powder တွေက ပိုနူးညံ့ပြီးချွေးပေါက်တွေလဲ မပိတ်နိုင်တာမို့ ရွေးချယ်သင့်တယ်နော်။

Ref:
ရင်နှင်းငယ်
Myanmar Health and Beauty

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18