Print

ကျန်းမာရေး နှင့် အမျိုးသမီး တို့၏ ကိုယ်အင်္ဂါ

  05-Oct-2018
Preview Image

လူရယ်လို့ဖြစ်လာရင် ဆန့်ကျင်ဘက် လိင်အချင်းချင်း စိတ်ဝင်စားကြပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး လေ့ လာ စူးစမ်းတတ်ကြစမြဲပါ။ ကိုယ်ခန္ဓာအစိတ်အပိုင်းနဲ့ပတ်သက်လို့ လွဲမှားတဲ့ အယူအဆတွေရှိသလို အဲဒီလို လွဲမှားတဲ့ အယူ အဆတွေကြောင့်ပဲ မှားယွင်းမှုတွေ၊ လွဲမှားတဲ့ အပြုအမူတွေ လုပ်ဆောင်တတ်ကြပါတယ်။ ဆေးပညာ သဘော တရား အရ ဆန့်ကျင်ဘက် လိင်ရဲ့ အကြောင်းသိမှတ်ထားတာက ကျန်းမာရေးအနေနဲ့ မျိုးဆက်ပွားပညာပေးအနေနဲ့ပါ သိထား သင့်ပြီး ဒီလို သိထားခြင်းဖြင့်လည်း မမှန်ကန်တဲ့ အတွေးအခေါ်၊ အပြူအမူတွေကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။ ဒီတပတ်တော့ အမျိုးသမီး အင်္ဂါ အကြောင်း တင်ပြလိုက်ပါတယ်။


အမျိုးသားတွေ ဟာ မိန်းမကိုယ် (သို့) အမျိုးသမီး အင်္ဂါ အကြောင်းသိပ်မသိကြပါဘူး။ တချို့တွေဆိုရင် သိထားတဲ့ အ ချက်တွေ က လွဲမှားနေတာမျိုးတောင် ရှိတတ်ပါတယ်။ ဒါပေမယ့် အဲဒါကလည်း သူတို့ အပြစ်လို့ မဆိုနိုင်ပါဘူး။ ဘာ ကြောင့် လဲဆို တော့ ဒီလို ဗဟုသုတမျိုးတွေဟာ များသောအားဖြင့် ကိုယ့်ထက်ကြီးတဲ့ ကာလသားတွေ ဆီကနေ တဆင့် မှတ်သား နာယူ ရ တာမျိုးဖြစ်နေတတ်လို့ပါ။


ကျောင်းမှာ အရပ်ထဲမှာ မိန်းမတွေနဲ့ ပတ်သက်လို့ ကျမ်းကျေပြီးသားလိုလို တကယ်သိတာ ထက်ချဲ့ကားပြီးပို ပြောတတ် သူတွေ ဆီကနေကြားကြရတာများပါတယ်။ ဒီနေ့ ခေတ်အခြေအနေ အရ အင်တာနက်မှာ ရနိုင်တယ် ဆိုပေမယ့်လည်း ရရှိတဲ့ အချက်မှန် မမှန်ကို ပြန်စစ်တတ်တာမျိုးတွေလည်း ရှိပါတယ်။


အမျိုးသမီးတွေကိုယ်တိုင်လည်း ဒီအကြောင်းကို အချင်းချင်းတောင် ပြောလေ့မရှိပါဘူး။ ရှက်စရာတခုလို သဘောထားကြ ပါတယ်။ တကယ်တော့ အမျိုးသမီး အင်္ဂါ အကြောင်းဆိုတာ လိုအပ်လာရင် မပြောအပ် မသိအပ်တဲ့ အရာမဟုတ်တော့ပါ ဘူး။ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်း တခုသက်သက်သာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လျှို့ဝှက်ချက်တခုလို ထားခဲ့တဲ့ အကျိုး ဆက်ကြောင့် ကာယကံရှင် မဟုတ်တဲ့ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ သတိမထားမိတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ နားလည်မှုလွဲတာမျိုးတွေလည်း ရှိနေပါတယ်။ အမှတ်တမဲ့ သတိမထားမိတဲ့ အချက်တချို့ကတော့ Clitoris (အစေ့) ဟာမြင်သာတဲ့ အစိတ်အပိုင်းတခုလို့ အများစုက ယူဆထားပေမယ့် သူ့အပေါ်ဘက်မှာ Clitoral hood လို့ခေါ်တဲ့ အရေပြား အဖုံးရှိနေလို့ အဖုံးမလုံမှသာ အလွယ်တကူမြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အရွယ်အစားနဲ့ ပုံသဏ္ဍန်က အမျိုးသမီး တယောက်နဲ့ တယောက် မတူညီကြပါဘူး။ ဒါပေမယ့် ပုံမှန်အားခြင့် တလက်မရဲ့ ၈ ပုံ ၁ပုံကနေ ၈ပုံ ၃ ပုံ အတွင်း ရှိတတ်ပါတယ်။ အမျိုးသား အင်္ဂါနဲ့ သဘောတရား တူညီပြီး အမျိုးသမီးတွေ လိင်စိတ်တက်ကြွလာရင် အထဲမှာ သွေးတွေ ပြည့်ပြီး တင်းမာ လာတတ်ပါတယ်။


အပြင်ပန်းကကြည့်လိုက်ရင် ထင်သာမြင်သာရှိတဲ့ အမျိုးသမီး အင်္ဂါတခုလုံးကို vulva လို့ခေါ်ပေမယ့် အများစုကတော့ vagina လို့ပဲ သုံးနှုန်းတတ်ကြပါတယ်။ ဒါပေမယ့် vagina ဆိုတာက သားအိမ်ခေါင်း နဲ့ အမျိုးသမီး အင်္ဂါ(သို့မဟုတ်) မိန်းမကိုယ် အဝကို ဆက်သွယ်ပေးထားတဲ့ ကြွက်သားလမ်းကြောင်း ဖြစ်ပါတယ်။ မွေးလမ်းကြောင်း ဒါမှမဟုတ် လိင် ဆက်ဆံတဲ့ လမ်းကြောင်းကို သာ vagina လို့ ဆေးပညာရှင်တွေက သတ်မှတ်ပါတယ်။ vagina ဆိုတာ လက်တင် ဘာသာစကား က ဆင်းသက်လာတာဖြစ်ပြီး ဓားအိမ် လို့ အဓိပ္ပါယ်ရပါတယ်။


အမျိုးသမီး အင်္ဂါရဲ့ အရွယ်အစား၊ ပုံသဏ္ဍန်နဲ့ အရောင် က တယောက်နဲ့ တယောက်မတူကြပါဘူး။ နောက်ပြီးတော့ ဘယ်လိုပုံ ဘယ်လိုမျိုးကမှ ကောင်းတယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးလည်း ထားလို့မရပါဘူး။


အမျိုးသမီး အင်္ဂါ သို့မဟုတ် မွေးလမ်းကြောင်းရဲ့ အရွယ်အစားဟာ သာမန်အခြေအနေကနေ ၂ဆ တိုးသွားနိုင်ပါတယ်။ မွေးလမ်းကြောင်း (Vagina) ဟာ ပုံမှန်အားဖြင့် အနက် ၄ လက်မကနေ ၅လက်မ အတွင်းရှိပါတယ်။ ဒါပေမယ့် လိင်ဆက် ဆံမှုပြုစဉ်မှာတော့ ၂ဆ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် လိင်စိတ် နိုးကြားလာမှဒီလို ဖြစ်မှာပါ။ အမျိုးသမီးတယောက် လိင် စိတ် နိုးကြားပြင်းထန်လာပြီဆိုရင် သူ့ရဲ့ကိုယ်ခန္ဓာကြွက်သားတွေက တင်းမာမှုမရှိသလောက် ဒါမှမဟုတ်ရင်လည်း လုံး၀ တင်းမာမှုမရှိတဲ့ အခြေအနေကိုရောက်သွားတဲ့ အတွက် Vagina က အလွယ်တကူ ကျယ်ပြန့်သွားနိုင်တာ ဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။


ကလေးမွေးဖွားပြီးတဲ့ အခါ အမျိုးသမီး အင်္ဂါမှာ သိသာမြင်သာတဲ့ ပြောင်းလဲမှုရှိလာတတ်ပါတယ်။ မူလအရွယ်အစား အတိုင်း အလားတူတော့ ပြန်မဖြစ်နိုင်တော့ပါဘူး။ နောက်ပြီးတော့ အမျိုးသမီး အင်္ဂါရဲ့ ပုံသဏ္ဍန်ဟာ မျက်နှာလိုပဲ အသက် အရွယ်အလိုက်ပြောင်းလဲပါတယ်။ မ ဟိုမုန်းလို့ သိကြတဲ့ estrogen ထုတ်လုပ်မှုကျဆင်းလာတာနဲ့ အမျှ အမျိုးသမီး အင်္ဂါမှာ အရေပြားက အနက်ဘက်ကို သမ်းလာတာ ဒါမှ အရောင်ဖျော့သွားတာမျိုး ဖြစ်လာပြီး Clitoris(အစေ့) လည်း ကျုံ့ သွားပါတယ်။ နှုတ်ခမ်းသားတွေလည်းလျော့ရဲ လာပါမယ်။ အဲဒါ ပုံမှန်ပါပဲ။


Source: onlymyhealth.com



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18