Print

ရင်သားပုံမပျက်စေဖို့ ဘာတွေရှောင်သင့်သလဲ

  05-Dec-2018
Preview Image

မိန်းကလေးတို့ရဲ့ အလှအပထဲမှာ ရင်သားလှပတာကလည်း တစ်ခုအပါအဝင်ပါ။ ပုံပျက်ပန်းပျက်ကြီးနေတာ၊ တွဲကျ နေတာ၊ လျော့ရိလျော့ရဲဖြစ်နေတာတွေ က မိန်းကလေးတို့ရဲ့အလှကို ဖျက်ဆီးနေ တယ်ဆိုရင်လည်း မမှားပါဘူး။


မှောက်မအိပ်သင့်ပါ

မှောက်အိပ်တာကြောင့် သင့်ရင် သားတွေက ဘေးကိုဝေးသွားပြီး ပြား ကပ်တဲ့ရင်သားပုံစံကိုဖြစ်သွားစေတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။ သူ့ အကွာအဝေးနဲ့သူ စုစုစည်းစည်းရှိပြီး လှပနေဖို့ မွေ့ရာပေါ်မှာ အချိန်ကြာကြာ မှောက်မအိပ်ပါနဲ့။


ဘော်လီအဟောင်းတွေ မဝတ်သင့်ပါ

အဝတ်လျှော်စက်ထဲထည့်ပြီး ဘော်လီ တွေကို ခပ်ကြမ်းကြမ်း လျှော်ဖွပ်လိုက် တာကြောင့် ဘော်လီအကျႌရဲ့ အရည်အ သွေးကို ကျဆင်းနိုင်တယ်လို့ဆိုပါတယ်။ ဘော်လီမကောင်းတာကြောင့် ဇက် ကြောတက်တာ၊ ပခုံးနာတာတွေ မဖြစ် စေဖို့ ဘော်လီတွေကို ခြောက်လတစ်ကြိမ် အသစ်လဲဝတ်ဖို့ လိုပါတယ်။


အမွေးမရိတ်သင့်ပါ

ရင်သားတစ်ဝိုက်မှာ မွေးညင်းနုတွေ ရှိပါတယ်။ ဒါတွေကို အမွေးရိတ်ခရင်မ် အသုံးပြုပြီး ရိတ်တာမျိုးမလုပ်ပါနဲ့။ ရော ဂါပိုးဝင်ရောက်နိုင်ခြေမြင့်မားတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။


ဘော်လီချောင်ချောင် မဝတ်သင့်ပါ

ဘော်လီအကျႌက ချောင်နေတာမျိုး၊ ကျပ်လွန်းတာမျိုးတွေကြောင့် သင့်ရင်သားကို သက်သောင့်သက်သာ မဖြစ်စေ ဘဲ ဖိအားသက်ရောက်မှုတွေနဲ့ နာကျင်မှု တွေဖြစ်စေနိုင်ပါတယ်။ အရမ်းကျပ်လွန်း တဲ့ ဘော်လီတွေကြောင့် ရင်သားအနေ အထားကိုလည်း သက်ရောက်မှု ဖြစ်စေ ပါတယ်။


ရင်သားမှာ အပေါက် မဖောက်သင့်ပါ

ရင်သားထိပ်ဖြစ်တဲ့ နို့သီးခေါင်းလို နေရာတစ်ဝိုက်မှာ အပေါက်ဖောက်တာ ကြောင့် ရောဂါပိုးဝင်တာ၊ သွေးထွက်တာ၊ ထိတွေ့မှု အာရုံပျက်စီးတာ၊ ဓာတ်မတည့် တာနဲ့ ယားယံတာမျိုးတွေ ဖြစ်စေနိုင်ပါ တယ်။


ကိုယ်ဝန်ဆောင်ချိန် မေ့မထားသင့်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ရင်သားထိပ်ပိုင်းက နို့သီးခေါင်းကို ခပ်ဖွဖွဆွဲ ထုတ်ပေးပြီး ရင်သားပုံစံမှန်နေစေဖို့ ဆောင်ရွက်ဖို့လိုပါတယ်။ ကလေးမွေး လာချိန်မှာ နို့သီးခေါင်းခေါက်တာမျိုး မ ဖြစ်တော့ဘဲ နို့ချိုတိုက်ကျွေးရလည်း လွယ်ကူပြီး နာကျင်မှုလည်း ကင်းစေ မှာဖြစ်ပါတယ်။


ဘော်လီဝတ် မအိပ်သင့်ပါ

အိပ်စက်ချိန်မှာ ဘော်လီဝတ်ထားပြီး အိပ်စက်တာကြောင့် သွေးလည်ပတ်မှု ကို ထိခိုက်စေနိုင်တယ်လို့ လေ့လာမှုတွေ က ဆိုပါတယ်။ ဒါကြောင့် ဘော်လီဝတ် ပြီး မအိပ်စက်ပါနဲ့။


ရင်သားမပြုပြင်ခင် စဉ်းစားပါ

ကိုယ့်ရင်သားပုံစံကို မကြိုက်တဲ့အ တွက် ရင်သားပုံစံလှပအောင် ပြုပြင် တော့မယ်ဆိုရင် ပြုပြင်မှုရဲ့ နောက်ကွယ် က ဘေးထွက်ဆိုးကျိုးတွေကို အရင်ဆုံး နားထောင်လိုက်ပါဦး။ အမြဲတမ်းနှစ်ကြိမ်၊ သုံးကြိမ်လောက်တော့ စဉ်းစားပါ။


တက်တူမထိုးသင့်ပါ

ရင်သားတစ်ဝိုက်နဲ့ ရင်သားဘေး ပတ်လည်မှာ တက်တူထိုးတာကြောင့် ရောဂါပိုးတွေဝင်ရောက်နိုင်လို့ မလုပ် သင့်ပါ။


နန်းသီရိ (ဆေးဝါး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18