Print

ချစ်တင်းနှောပြီးနောက် အမျိုးသားတွေ မလုပ်သင့်သည့်အရာများ

  16-Dec-2018
Preview Image


ဘဝတစ်ခုကို အခက်အခဲမရှိ ဖြတ်သန်းစေဖို့နဲ့၊ ကိုယ့်ရဲ့မျိုးဆက်ကလေးတွေ မြေကမ္ဘာပေါ်မှာ ဆက်လက်တည်တံ့စေဖို့ အိမ်ထောင်ရက်သား ပြုလေ့ရှိကြပါတယ်။ အိမ်ထောင်ဘက်ကို တစ်ချို့က ပါရမီဖြည့်ဘက်လို့ သီခြားဆန်တဲ့ နာမည်နဲ့ ကန့်သတ်လိုက်ကြပြီး၊ ကိုယ့်ဘက်က ပြုရန်ရှိတဲ့ ဝတ္တရားတွေ ပျက်ကွက်တာမျိုးတွေ ရှိကြပါတယ်။ ဒါဟာ အချင်းချင်း ခွဲခြားဆက်ဆံမှုကို ဖြစ်စေပြီး၊ တကယ်တော့ အိမ်ထောင်ဘက်ဆိုတာ ပါရမီဖြည့်ဘက်ဆိုတာထက် ပိုနေပါသေးတယ်။ ဒီအထဲမှာ အိမ်ထောင်ဘက် ဇနီးနဲ့ ချစ်တင်းနှောပြီးတဲ့အခါ အမျိုးသားတွေ ပြုလုပ်လေ့ရှိတဲ့ အမှားတွေကို Shwemom ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

 

(၁) တီဗွီကြည့်ခြင်း

ချစ်တင်းနှောပြီးနောက် တီဗွီထဖွင့်တတ်တာ ယောက်ျားတိုင်း ကျူးလွန်လေ့ရှိတဲ့ အမှားလို့ဆိုပါတယ်။ အိမ်ထောင်ရေးနဲ့ အချစ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Deborah Fox က ” ကိစ္စပြီးတော့ ကိုယ်က တီဗွီဖွင့်တယ် … ဒါက မိန်းမဖြစ်သူကို နာကျင်စေပါတယ် … သူ့ကို အဆက်အသွယ်ဖြတ်လိုက်သလို ခံစားရပြီး မလုံခြုံတဲ့ သိမ်ငယ်မှုကို ဖြစ်စေပါတယ် “လို့ ပြောခဲ့ပါတယ်။

 

(၂) ခပ်ခွာခွာ နေထိုင်ခြင်း

ကိစ္စဝိစ္စပြီးသွားတာနဲ့ ဇနီးက လက်ပွန်းတတီးနေလိုတာကို မျက်ကွယ်ပြုပြီး ခပ်ခွာခွာ ခပ်လှမ်းလှမ်းအနေအထားမှာ နေထိုင်ခြင်းကလည်း ဇနီးဖြစ်သူကို စိတ်ဆင်းရဲစေပါတယ်။ အကြောင်းကတော့ ချစ်တင်းနှောခြင်းကိစ္စ ပြီးသွားပြီဆိုရင် ဦးနှောက်နဲ့ သွေးကြောတွေထဲမှာ ပျော်ရွှင်ခြင်းဟိုမုန်းတွေ ကူးလူးသွားလာနေချိန် ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အတူတူ ဖက်တွယ်နေတာမျိုးမဟုတ်ဘဲ ခပ်လှမ်းလှမ်းမှာ သွားနေတယ်ဆိုရင် ချစ်တင်းနှောခြင်း သုခ အပြည့်အဝ မရဘူးလို့မှတ်ရမှာဖြစ်ကြောင်း Deborah Fox က ဆိုပါတယ်။

 

(၃) ဖုန်းအသုံးပြုခြင်း

အခုခေတ်မှာ အဆိုးဆုံးက ဇနီးဖြစ်သူနဲ့ ချစ်တင်းနှောပြီးကာစမှာ ခဏလေးတောင် မမှိန်းနိုင်ဘဲ ဖုန်းကိုတန်းဖွင့်တဲ့လူတွေ၊ ဂိမ်းတန်းဆော့တဲ့သူတွေ ရှိနေပါသေးတယ်။ ဒီလိုကိစ္စမျိုးကို သင့်ဇနီးက သဘောကျမှာ မဟုတ်ပါဘူး။ ချစ်တင်းနှောပြီးတာနဲ့ အခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေတတ်တဲ့ အလုပ်ရှုပ်ပြတတ်တဲ့ အမျိုးသားဟာ အိမ်ထောင်ရေးသုကို ဖျက်ဆီးသူဖြစ်တယ်လို့ Deborah Fox က ဆိုပါတယ်။

 

(၄) အလုပ်လုပ်ခြင်း

စောစောက ပြောခဲ့သလိုပဲ ချစ်တင်းနှောပြီးတဲ့ခဏမှာတောင် အနားမယူအားဘဲ ရုံးကနေ မပျက်ခဲ့တဲ့အလုပ်တွေ ဆက်တိုက် ပြန်လုပ်တာတို့၊ ကျောင်းစာလေ့လာတာတို့၊ စာဖတ်တာတို့တစ်တွေဟာ သင့်တော်တဲ့ အလုပ်တွေမဟုတ်ပါဘူး။ အထူးသဖြင့် ဦးနှောက်ရဲ့ စားမှုကို အနှောက်အယှက်ပေးရာလည်း ရောက်ပါတယ်။ အလုပ်သင့်ဆုံးကတော့ သင့်လက်တွဲဖော်ကို ပွေ့ဖက်ချော့မြူနေရမယ့် အချိန်ပါဘဲ။

 

(၅) ချက်ချင်း တန်းအိပ်ခြင်း

တစ်ချို့အမျိုးသားတွေကတော့ တစ်နေကုန် အလုပ်ထဲမှာ ပင်ပန်းလာရတာပဲကွာ-လို့ အကြောင်းပြပြီး ကိစ္စဝိစ္စပြီးတာနဲ့ တခေါခေါနဲ့ အိပ်မောကျသွားတာမျိုးလည်း ရှိပါတယ်။ တကယ်တော့ စိတ်ကို အလိုလိုက်လွန်းလို့၊ အမျိုးသမီးရဲ့ စိတ်ခံစားမှုအပေါ် ကြောင့်ကျနည်းလွန်းလို့သာ ဒီလိုအိပ်ပျော်တာပါ။ အမျိုးသမီးတွေကို စိတ်ပျက်စေတဲ့အမူအကျင့် ဖြစ်ပါတယ်။

 

(၆) မီးဖိုချောင်ဝင်ခြင်း

တစ်ချို့က ချစ်တင်းနှောပြီးရင် ဗိုက်ဆာတယ်ဆိုပြီး တစ်ခုခု ချက်ပြုတ်စားသောက်ဖို့ ပြင်ဆင်တတ်ပါတယ်။ ဒီအမူအကျင့်ဟာ အမျိုးသမီးအတွက်လည်း မကောင်းနိုင်သလို၊ အမျိုးသားအတွက်လည်း မသင့်တော်ပါဘူး။ ဆာလောင်တယ်ဆိုရင်တောင် (၅)မိနစ်လောက် နားပြီးမှ နှစ်ယောက်သား အတူတူ ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ်စားသောက်တာမျိုး လုပ်သင့်ပါတယ်။

 

မဒီလေး  (Shwemom)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18