Print

ကိုယ်ဝန်ဆောင် ကာလပထမလမှာ ဗိုက်အောင့်ခြင်း

  06-Dec-2018
Preview Image


ဗိုက်အောင့်တာက သိပ်မထူးဆန်းပေမယ့် ကိုယ်ဝန်သည် တွေအတွက်တော့ ကြောက်စရာကောင်းတဲ့ ရောဂါလက္ခဏာပါ။ ဒါကြောင့် ဗိုက်အောင့်တာက သားအိမ်မှာ ဖြစ်နေတာတွေကို တုံ့ပြန်ပြောပြနေတာဆိုတာကို သိထားတာ ပိုကောင်းပါတယ်။


မေမေတို့ရေ ကိုယ်ဝန်ဆောင်စဉ် ဗိုက်အောင့်တာက ကြောက်စရာကောင်းပါတယ်။ ကိုယ်ဝန်အစောပိုင်းမှာ ဒီလိုဖြစ်တာနဲ့ ပတ်သက်ပြီး စိတ်ပူစရာတစ်ခုက ဒါဟာ ကိုယ်ဝန် ပျက်ကျနိုင်တဲ လက္ခဏာပါနော်။ ဒါပေမဲ့ Kalay ကနေ ဘယ်အရာတွေက ပုံမှန်ဖြစ်ပြီး ဘယ်အရာကတော့မဖြစ်ဘူး၊ ကွာခြားချက်တွေက ဘာတွေလဲဆိုတာကို ကူညီပြီး လမ်းညွှန်ပေးမှာပါ။ ဗိုက်အောင့်တာက သိပ်မထူးဆန်းပေမယ့် ကိုယ်ဝန်သည် တွေအတွက်တော့ ကြောက်စရာကောင်းတဲ့ ရောဂါလက္ခဏာ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုက်အောင့်တာက သားအိမ်မှာ ဖြစ်နေတာတွေကို တုံ့ပြန်ပြောပြနေတာဆိုတာကိုသိထားတာ ပိုကောင်းပါတယ်။ အရေးကြီးတာက ဗိုက်အောင့်တာ ဘယ်အချိန်မှာဖြစ်လဲ ဆိုတာနဲ့ ဘယ်အချိန်မှာတော့ ပြသနာမရှိဘူးဆိုတာ ရှာဖွေဖို့ပါပဲ။

 

ဗိုက်အောင့်တာက ကိုယ်ဝန်သည်တွေအတွက် ကြောက်စရာကောင်းတဲ့ ရောဂါလက္ခဏာပါစိတ်ပူစရာမလိုတဲ့ ကိုယ်ဝန်ဆောင်စဉ် ဗိုက်အောင့်ခြင်း လက္ခဏာများ

တစ်ချို့ အမျိုးသမီးတွေအတွက် ဗိုက်နာတာက ကိုယ်ဝန်ရှိနေပြီဆိုတဲ့ လက္ခဏာ ပါ။ မျိုးအောင်သွားတဲ့ ဥက သားအိမ်နံရံမှာ အိမ်ဖွဲ့တဲ့အခါ ဗိုက်နာတာကို ခံစားရတတ်တာ မဆန်းပါဘူး။ ဒါကို implantation cramping လို့ခေါ်ပြီး ရာသီစက်ဝန်းက လာခါနီးဖြစ်သလို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန် ၈ လ အတွင်းမှာ သားအိမ်ဖွံ့ဖြိုးမှု မြန်ဆန်တာကလည်း ဗိုက်အောင့်တာကို ဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင စဉ် သားအိမ် ဖွံ့ဖြိုးမှုကြောင့် ဗိုက်နည်းနည်းအောင့်တာကပုံမှန်ပါ။ တချို့တွေအတွက် ပိုနာကျင်နိုင်ပြီး ကိုယ်ဝန်သည် ၁ဝ ယောက်မှာ ၉ဝ ယောက် ကိုယ်ဝန် အစောပိုင်းကာလမှာ ဗိုက်အောင့်တာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန် အများစုက ကိုယ်ဝန် ပထမ ၁၆ ပတ် အတွင်းမှာ မကြာခဏ ဗိုက်နည်းနည်း အောင့်တတ်ပါတယ်။ ဒါ့အပြင် ဟော်မုန်းပမာဏတွေ ပြောင်းလဲလာတတ်ပြီး ဖောရောင်စေကာ ဝမ်းလည်းချုပ်စေနိုင်ပါတယ်။

 

လျစ်လျူရှုမထားသင့်တဲ့ ကိုယ်ဝန်ဆောင် စဉ် ဗိုက်နာနေတဲ့ လက္ခဏာ များ

ကိုယ်ဝန်ဆောင် စဉ်မှာ ရာသီလာသလို ဗိုက်နာ တာမျိုးက ပုံမှန်ပါ။ အများအားဖြင့် ဒီလိုနာတာက စိုးရိမ်စရာ ကြီးကြီးမားမား မရှိပါဘူး။ ဒါပေမဲ့ ဆိုးဆိုးရွားရွား ဗိုက်နာ လာတာက ပြသနာပိုကြီးတာကို အချက်ပြနေတာပါ။ ဗိုက်အောင့်၊ နာတာအပြင် အောက်မှာ ပြထားတဲ့ တခြားလက္ခဏာတွေ ရှိနေရင် ဆရာဝန်ကို ချက်ချင်း ဆက်သွယ်ပါ။

 

မူးဝေမေ့လဲခြင်း၊ သွေးဆင်းခြင်း

ဒါတွေက မေမေ တို့မှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ အာထရာဆောင်းရိုက်ပြီး အတည်မပြုရသေးဘူးဆိုရင် သားအိမ်အပြင်ဘက်မှာ ကိုယ်ဝန်တည်တဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ သွေးဆင်းတာကတော့ ကိုယ်ဝန်ပျက်ကျတာ ဒါမှမဟုတ် အချင်းက သားအိမ်အောက်ဘက်ရောက်နေတဲ့ အခြေအနေကိုခေါ်တဲ့ placenta previa ဖြစ်နိုင်တဲ့ လက္ခဏာတွေပါ။

 

မိန်းမအင်္ဂါက ပန်းရောင်အရည်ထွက်ခြင်း

ဒါကသားအိမ်ခေါင်း အလျားက ပြောင်းလဲနေ တယ်လို့ သဘောထား သက်ရောက်တဲ့အတွက် လမစေ့ခင် ကလေးမွေးမယ့် လက္ခဏာပါ။

 

ဆက်တိုက် ဗိုက်နာခြင်း

ကလေးတစ်ယောက်ထက် ကိုယ်ဝန်ဆောင်ထားရရင် (ကလေး လမစေ့ဘဲ မွေးနိုင်တဲ့ အန္တရာယ်ရှိနိုင်တဲ့) အရင်က လမစေ့ဘဲ ကလေးမွေးဖူးရင် ဒါမှမဟုတ် သားအိမ် အပြင်ဘက် ကိုယ်ဝန်တည်ဖူးရင် သားအိမ်ခေါင်းအလျားတိုးသွားတာဖြစ်ဖူးရင် ဖြစ်တတ်ပါတယ်။

 

ခါး နဲ့ ဗိုက်နာခြင်း

ဒါတွေက မူးဝေအော့အန်တာနဲ့ အဖျားနဲ့ ဆက်စပ်နေပါတယ်။ အူတတက် ပေါက်တာ၊ ကျောက်ကပ်၊ ကျောက်တည်တာနဲ့ ဆီးအိတ်ရောဂါတွေရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

 

Credit : kalay

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18