Print

ကြောက်စိတ်လွန်ကဲမှုကို တွန်းလှန်နိုင်ရန်နည်းလမ်းများ

  23-Nov-2019
Preview Image



“ကြောက်စိတ်ကို လက်ခံလိုက်ပါ။ ဒါပေမယ့် အပျက်စိတ်ကနေ အပြုစိတ်ကို ပြောင်းလဲပစ်လိုက်ပါ” ဟုဆိုသည်။ ဥပမာအားဖြင့် “ဒီခွေးငါ့ကိုကိုက်တော့မှာပဲ” ဟုတွေးမည့်အစား “ဒီခွေးဟာ လည်ပတ်ကြိုး ချည်ထားတာပဲ။ လွတ်ထွက်မလာနိုင်တော့ပါဘူး” ဟု အပြုသင်္ဘောတွေးဖို့အကြောင်း ပြောသည်။

ကြောက်စိတ်ကို ရင်ဆိုင်ပါ
ဒေါက်တာဇိန်းက ကြောက်စိတ်ကို ရှောင်ကွင်းနေလျှင် သူ့ကို အနိုင်ရစရာ အကြောင်းမရှိဟုဆိုသည်။ ထိုသို့ ပြုလုပ်မည့်အစား ထိုအကြောင်းတရားကို တဖြည်းဖြည်းချင်း ရင်ဆိုင်လျှင် မိမိအလိုပြည့်လာလိမ့်မည်။ ထိုနည်းကို ရင်ဆိုင်ကြုံတွေ့နည်း (Exposure Treatment) ဟု သူကသုံးသည်။ ဤသို့ဖြင့် ဖြစ်လိမ့်မည်ဟု မိမိတွေးထင်
ထားသောကိစ္စများ တကယ်တမ်း ဖြစ်မလာသည်ကို တွေ့ရလိမ့်မည်။ ထိုအခါကိုယ် အကြောက်လွန်နေသောကိစ္စကို ရင်ဆိုင်ရင်းဖြင့် ရိုးသွားလိမ့်မည်။

ကိုယ့်ကိုယ်ကို အားပေးပါ
ကြောက်စိတ်ဖြစ်ပေါ်လျက်က တစ်စုံတစ်ရာသော ကိစ္စကို ဟန်မပျက်ရင်ဆိုင်နိုင်ခြင်းသည်လည်း တစ်ကိုယ်ရေ အောင်ပွဲခံနိုင်ခြင်းဖြစ်သည်။

စိတ်ကစားခြင်းဖြင့် ဖြေဖျောက်ရန်

စိတ်ထဲ၌ အကြောင်လွန်စိတ် ပေါ်ပေါက်လာပြီဆိုလျှင် စာတစ်အုပ်ကို ကောက်ကိုင်၍ဖတ်လိုက်ပါ။ သို့မဟုတ် စကားကျယ်ကျယ် ပြောနေလိုက်ပါ။ သို့မဟုတ် အသက်ကိုပြင်းပြင်း တစ်ဝကြီးရှူနေလိုက်ပါဟူ၍ အကြံပေးချက်ရှိသည်။ “ကိုယ်လုပ်သာကိုင်သာ ဖြစ်တဲ့အလုပ်ကို လုပ်နေခြင်းအားဖြင့် ကြောက်စရာစိတ်ကူးတွေ၊ ပုံရိပ်တွေ မပေါ်နိုင်တော့။ စိတ်က ငြိမ်းသွားပြီး ကိုယ့်အတွက် ဟန်ချက်မှန်စေလိမ့်မည်” ဟုဆိုသည်။

မိုးကောင်းကင်ကို မော်ကြည့်ပါ

မိုးကောင်းကင်မှ သက်တန့်ရောင်ကို မော်ကြည့်သကဲ့သို့ စိတ်ချမ်းသာဖွယ်၊ စိတ်ကြည်နူးဖွယ်များကို တွေးတောလျက် စိုးရိမ်ကြောက်ရွံ့စရာများကို ပယ်ရှားပစ်ရမည်။

ကဖင်း၏ အာနိသင်ကိုသတိ
ကြောက်ရွံ့စိုးရိမ်စိတ်ကြောင့် မကြာခဏ ဆောက်တည်၍မရ ဖြစ်တတ်သောသူတို့ အဖို့ ကဖင်းဓာတ်၏ သက်ရောက်မှုကို ခံစားရတတ်သည်။ ကဖင်းဟုဆိုရာတွင် ကော်ဖီတစ်မျိုးတည်း၌ ပါဝင်သည်မဟုတ်ဘဲ လက်ဖက်ရည်၊ အခြားအချိုရည်တစ်ချို့နှင့် ကိုကာကိုလာအပြင် ချောကလက်၌လည်း ပါဝင်နေကြောင်း သတိပြုမိပါသည်။

အက်ဒရီနာလင် ဓာတ်ကိုသုံးပစ်ပါ
အကြောက်လွန်စိတ်ဖြစ်ပေါ်နေစဉ်၌ ကိုယ်ထဲတွင် အက်ဒရီနာလင်ဟော်မုန်းဓာတ်များ အများအပြားထွက်ရှိသည်။ ထိုဓာတ်များကို လောင်ကျွမ်းသွားစေရန်မှာ ကိုယ်လက်လှုပ်ရှားမှု ပြုရမည်။ ဤကဲ့သို့ အကြောက်လွန်ရောဂါ ခံစားရသည့်အခါ၌ ငြိမ်ပြီးထိုင်မနေဘဲ ထ၍ လမ်းလျှောက်ခြင်းဖြစ်စေ၊ လှုပ်ရှားပေးရမည်။

ကြွက်သားကို အလျှော့အတင်းလေ့ကျင့်ရန်
အထက်ပါညွှန်ကြားချက်အတိုင်း အကြောက်လွန်စိတ် ပြေပျောက်ရန် ထသွားထလာ မလုပ်နိုင်လျှင် ခန္ဓာကိုယ်ကြွက်သားများကို တောင့်တင်းလိုက်၊ လျှော့လိုက် ပြုလုပ်ပေးနိုင်သည်။ “ပေါင်ကြောကို တောင့်ထားလိုက်၊ ပြီးတော့ ရုတ်တရက်လျှော့လိုက်၊ ပြီးတော့ ကိုယ်ခန္ဓာမှ အခြားကြွက်သားများကိုလည်း အလားတူ တင်းလိုက်၊ လျှော့လိုက်ပြုလုပ်ပါက ကိုယ်တွင်းမှ အက်ဒရီနာလင်ဓာတ်များ လျော့ပါးသွားစေရန် ပြုလုပ်ပေးရာ ရောက်မည်။

Ref:
မောင်ဆုရှင် မြန်မာပြန်သည်
(အိမ်တွင်းသမားတော် ဒုတိယတွဲ စာအုပ်မှကောက်နုတ်ထားပါသည်။)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18