ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များနှင့် ဉာဏ်စမ်းအမေးအဖြေဝန်ဆောင်မှု

(Health Tips & Quiz) - စည်းမျဉ်းစည်းကမ်းများ

ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များနှင့် ဉာဏ်စမ်းအမေးအဖြေဝန်ဆောင်မှု (ဤနေရာမှ ဝန်ဆောင်မှု ဟု ရည်ညွှန်းရန်) ကို စာရင်းပေးသုံးစွဲခြင်းဖြင့် MPT ၏ စာရင်းပေးသုံးစွဲသူများ (“စာရင်းပေးသုံးစွဲသူ” သို့မဟုတ် “စာရင်းပေးသုံးစွဲသူများ”) သည် ဤစာချုပ်ထဲတွင် သတ်မှတ်ထားသော စည်းကမ်းချက်များကို နားလည်ပြီး သဘောတူပါသည်။ ဤဝန်ဆောင်မှုသည် စည်းကမ်းချက်များနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများနှင့် အညီဖြစ်ရမည်။

၁။        ဝန်ဆောင်မှုပေးသူ
ဤဝန်ဆောင်မှုကို အမှတ် ၁၄၈ (၁၁/က)၊ မြမာလာလမ်းသွယ်၊ အေဝမ်းလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုနု်မြို့ တွင် ရုံးချုပ်အခြေစိုက်သော Trust Oo Co., Ltd. (“ဝန်ဆောင်မှုပေးသူ”) မှ စီစဉ်ဆောင်ရွက်သည်။

၂။         ဝန်ဆောင်မှု
၂.၁။      ဤဝန်ဆောင်မှုကို ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များ နှင့် ဉာဏ်စမ်းအမေးအဖြေ ဝန်ဆောင်မှုဟု ခေါ်ဆိုရမည်။
၂.၂။      ဤဝန်ဆောင်မှုသည် နေရာဒေသနှင့် ငွေကြေးဆိုင်ရာ အခက်အခဲ ကန့်သတ်ချက်များ မရှိစေပဲ မိုဘိုင်းလ်ဖုန်းများမှတဆင့် စာရင်းပေးသုံးစွဲသူများ ကျန်းမာရေးဗဟုသုတ မြှင့်တင်ရန် ရည်ရွယ် သည်။
၂.၃။      ဤဝန်ဆောင်မှုသည် စာတိုပေးပို့မှုစနစ်ကို အခြေခံသော ဝန်ဆောင်မှုဖြစ်ပြီး ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် ကျန်းမာရေးနှင့်သက်ဆိုင်သော အပြန်အလှန် ဉာဏ်စမ်းအမေးအဖြေ ကဏ္ဍတွင် ပါဝင်လျက် ကျန်းမာရေးအကြံပြုချက်များ ရရှိနိုင်မည်ဖြစ်သည်။ စာရင်းပေးသုံးစွဲသူများ အနေဖြင့် ပိုမိုကျန်းမာသော ဘဝနေထိုင်မှုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဗဟုသုတများ ရရှိမည့်အပြင် အမှတ်အများဆုံး ရရှိခြင်းဖြင့်လည်းကောင်း၊ ကံစမ်းမဲများ ကံထူးခြင်းဖြင့် လည်းကောင်း ဆုလက်ဆောင်များ ခံစားနိုင်ပါသည်။

၃။        ဝန်ဆောင်မှု ပက်ကေ့ချ်
            ဝန်ဆောင်မှု ပက်ကေ့ချ် (“ဝန်ဆောင်မှု ပက်ကေ့ချ်” သို့မဟုတ် “ဝန်ဆောင်မှု ပက်ကေ့ချ် များ”) တွင် ကျန်းမာရေးအကြံပြုချက် တစ်ခုနှင့် ကျန်းမာရေးနှင့် သက်ဆိုင်သော မေးခွန်း (၅) ခု ပါဝင်မည် ဖြစ်သည်။

၄။        ဝန်ဆောင်မှု ဈေးနှုန်း
၄.၁။     စတင်စာရင်းပေးသုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုအား တစ်ရက်လျှင် ပက်ကေ့ချ် တစ်(၁)ခု နှုန်း ရရှိမည် ဖြစ်သည်။
၄.၂။      စာရင်းပေးသုံးစွဲသူများကို ဝန်ဆောင်မှု ပက်ကေ့ချ် တစ်ခုလျှင် (၁၄၉) ကျပ်နှုန်း ကောက်ခံမည် ဖြစ်သည်။

၅။        ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲခြင်း
၅.၁။     သုံးစွဲသူများသည် ကုဒ်နံပါတ် 8123 သို့ ON သို့မဟုတ် OK ဟု ပေးပို့ခြင်းဖြင့် စာရင်းပေးသုံးစွဲနိုင်သည်။
၅.၂။     သုံးစွဲသူများသည် ကုဒ်နံပါတ် 8123 သို့ OFF ဟု ပေးပို့ခြင်းဖြင့် စာရင်းမှ ပယ်ဖျက်နိုင်သည်။

၆။        ဝန်ဆောင်မှု ရရှိပုံ အဆင့်ဆင့်
၆.၁။
    ဝန်ဆောင်မှုကို စာရင်းပေးသွင်းပြီးနောက် ကြိုဆိုသည့် စာစောင် (Welcome Message) ကို ရရှိမည် ဖြစ်သည်။
၆.၂။     ကြိုဆိုသည့် စာစောင်ရရှိပြီးနောက် ကျန်းမာရေးအကြံပြုချက်တစ်(၁)ခု ပါဝင်သည့် ပထမဆုံး စာတိုကို ရရှိမည် ဖြစ်သည်။
၆.၃။     ထို့နောက် ကျန်းမာရေးနှင့်သက်ဆိုင်သော မေးခွန်းနံပါတ် (၁) ကို ဒုတိယမြောက် စာတိုတွင် ရရှိမည် ဖြစ်သည်။
၆.၄။     တတိယမြောက် စာတိုကို ရရှိနိုင်ရန် စာရင်းပေးသုံးစွဲသူများအနေဖြင့် ကျန်းမာရေး မေးခွန်းနံပါတ် (၁) ၏ အဖြေကို ပြန်လည်ပေးပို့ရန် လိုအပ်ပါသည်။ မေးခွန်းနံပါတ် (၁)၏ အဖြေကို နောက်ရရှိမည့် စာတိုတွင် ဖော်ပြသွားမည်ဖြစ်သည်။
၆.၅။    စတုတ္ထမြောက် စာတိုကို ရရှိနိုင်ရန် စာရင်းပေးသုံးစွဲသူများအနေဖြင့် ကျန်းမာရေးမေးခွန်းနံပါတ် (၂) ၏ အဖြေကို  ဖြေဆိုရန် လိုအပ်ပါသည်။ မေးခွန်းနံပါတ် (၂) ၏ အဖြေကို နောက်ရရှိမည့် စာတိုတွင် ဖော်ပြသွားမည် ဖြစ်သည်။
၆.၆။    အထက်ဖော်ပြပါ အစီအစဉ်အတိုင်း ဝန်ဆောင်မှု Package တစ်ခု ပြီးစီးသည်အထိ လုပ်ဆောင် ပေးမည် ဖြစ်သည်။
၆.၇။    စာရင်းပေးသုံးစွဲသူများသည် မေးခွန်းနံပါတ် (၆) ကို ကျန်းမာရေးမေးခွန်း (၅) ၏ အဖြေနှင့်အတူ ရရှိမည် ဖြစ်သည်။ ထိုမေးခွန်းနံပါတ် (၆) ၏ အဖြေကို ပြန်လည်ပေးပို့ပြီးသည့် အချိန်မှသာ ဉာဏ်စမ်းမေးခွန်း မရှိတော့ကြောင်း ဖော်ပြသည့် စာတို “Out-Of-Quiz”ကို ရရှိမည် ဖြစ်ပြီး ထပ်မံ ဝယ်ယူရန် အတွက် ကုဒ်နံပါတ် 8123 သို့ HTQ ဟု ပေးပို့ရပါမည်။ Package တစ်ခုတွင် ကျန်းမာရေးအကြံပြုချက် တစ်ခုနှင့် ကျန်းမာရေးနှင့် သက်ဆိုင်သော မေးခွန်း (၅) ခုသာ ပါဝင်သဖြင့်  မေးခွန်းနံပါတ် (၆)အတွက် ရမှတ်နှင့် အဖြေအား ထည့်သွင်းဖော်ပြပေးခြင်း ပြုမည်မဟုတ်ပါ။

၆.၈။    စာတို (SMS) ရရှိမှု ပုံစံ အဆင့်ဆင့်
ပထမ SMS       : ကျန်းမာရေးအကြံပြုချက်စာတို
ဒုတိယ SMS      : ကျန်းမာရေး မေးခွန်းနံပါတ် ၁
တတိယ SMS    : မေးခွန်းနံပါတ် ၁ ၏ အဖြေနှင့်အတူ ကျန်းမာရေး မေးခွန်းနံပါတ် ၂
စတုတ္ထ SMS     : မေးခွန်းနံပါတ် ၂ ၏ အဖြေနှင့်အတူ ကျန်းမာရေး မေးခွန်းနံပါတ် ၃
ပဉ္စမ SMS         : မေးခွန်းနံပါတ် ၃ ၏ အဖြေနှင့်အတူ ကျန်းမာရေး မေးခွန်းနံပါတ် ၄
ဆဋ္ဌမ SMS        : မေးခွန်းနံပါတ် ၄ ၏အဖြေနှင့်အတူ ကျန်းမာရေး မေးခွန်းနံပါတ် ၅
သတ္တမ SMS      : မေးခွန်းနံပါတ် ၅ ၏အဖြေနှင့်အတူ ကျန်းမာရေး မေးခွန်းနံပါတ် ၆
ဝန်ဆောင်မှုရယူထားသူမှ မေးခွန်းနံပါတ် ၆ ၏ အဖြေကို ပြန်လည်ပေးပို့လျှင်
အဋ္ဌမ SMS        : ဖြေဆိုနိုင်သည့် မေးခွန်းပမာဏ ကျော်လွန်သွားပါပြီ။ (8123 သို့ HTQ ဟု ပေးပို့၍ ထပ်မံဝယ်ယူပါ။)

၆.၉။    အကယ်၍ ဝန်ဆောင်မှုရယူထားသူအနေဖြင့် ကျန်းမာရေး မေးခွန်းနံပါတ် (၁) ၏ အဖြေကို ပြန်လည်မပေးပို့လျှင် ကျန်ရှိသော မေးခွန်းများကို ထပ်မံရရှိမည် မဟုတ်ပါ။ ဝန်ဆောင်မှု ရယူထားသူသည် အဆင့်အားလုံးကို အောင်မြင်စွာ ပြီးမြောက်စေရန် ကျန်းမာရေးမေးခွန်း တစ်ခုစီတိုင်းကို ဖြေဆိုရန် လိုသည်။
၆.၁၀။ MPT ၏ ဆက်သွယ်မှုဧရိယာပြင်ပ (သို့မဟုတ်) လိုင်းဆွဲအား မကောင်းသော နေရာများ၌ အသုံးပြုမိသည့် အခါမျိုးတွင် စာရင်းပေးသုံးစွဲသူများထံသို့ ပြန်လည်ပေးပို့သော စာတို (SMS) များ ရောက်ရန် ကြာမြင့်ခြင်း၊ အချို့အချိန်မျိုးတွင် လုံးဝရောက်မလာခြင်းများ ဖြစ်နိုင်ပါသည်။        
၆.၁၁။   စာရင်းပေးသုံးစွဲသူများမှ ပြန်လည်ပေးပို့သော စာတို (SMS) တိုင်းမှာ အခမဲ့ ဖြစ်သည်။

၇။        ကျန်းမာရေးမေးခွန်း၏ သက်တမ်း
၇.၁။     ကျန်းမာရေးမေးခွန်းတစ်ခု၏ သက်တမ်းမှာ မေးခွန်းစတင်ရရှိသော အချိန်မှစ၍  နောက်တစ်ရက် အတွင်း  အလိုအလျောက် ပေးပို့သော Package အသစ်ရရှိချိန်အထိ ဖြစ်ပါသည်။
၇.၂။     ဝယ်ယူထားသောမေးခွန်းအရေအတွက်မှာမူ သက်တမ်းကုန်ဆုံးခြင်းမရှိပဲ မိမိဝယ်ယူထားသော အရေအတွက်အတိုင်း ဝန်ဆောင်မှုကာလအတွင်း စိတ်ကြိုက်ဖြေဆိုနိုင်မည် ဖြစ်ပါသည်။           

၈။        Season အသစ် ပြောင်းလဲခြင်း   
            စာရင်းပေးသုံးစွဲသူများ၏ ယခင် Season မှ ရရှိခဲ့သော အမှတ်များကို နောက်လာမည့် အစီအစဉ်သစ် သို့ သယ်ဆောင်သွားမည် မဟုတ်ပါ။ အပတ်စဉ်အသစ်စသည်နှင့်တပြိုင်နက် စာရင်းပေးသုံးစွဲသူများ၏ အမှတ်များအားလုံးကို သုညမှ အလိုအလျောက် ပြန်လည် စတင်စေမည် ဖြစ်သည်။ စာရင်းပေးသုံးစွဲသူများအား ဝန်ဆောင်မှုကို မပယ်ဖျက်သရွေ့ ကျန်းမာရေး ဉာဏ်စမ်း အစီအစဉ်အသစ်တွင်လည်း တူညီသောနှုန်းထားဖြင့် ဆက်လက်ကောက်ခံသွားမည် ဖြစ်သည်။

၉။        အမှတ်ပြိုင်ပွဲ
၉.၁။     အမှတ်ပြိုင်ပွဲ (“အမှတ်ပြိုင်ပွဲ”သို့မဟုတ် ”ပြိုင်ပွဲ”) မှာ ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲသူများအတွက် ပြိုင်ပွဲတစ်ခု ဖြစ်သည်။  ပြိုင်ပွဲအတွင်း အမှတ်အများဆုံး ရရှိသည့် စာရင်းပေးသုံးစွဲသူများသည် ဆုရရှိသူများဖြစ်မည်ဖြစ်ပြီး အမှတ်ပြိုင်ပွဲအတွက် ဆုလက်ဆောင်များ ထုတ်ယူနိုင်မည် ဖြစ်သည်။
၉.၂။     စာရင်းပေးသုံးစွဲသူသည် ဝန်ဆောင်မှု Package ဝယ်ယူမှုတစ်ခုချင်းစီတိုင်းနှင့် အောင်မြင်စွာ သက်တမ်းတိုးသည့်အခါတိုင်း အမှတ်ငါးဆယ် (၅၀) ရရှိမည်ဖြစ်သည်။
၉.၃။     ဖြေဆိုသည့် အဖြေမှန်လျှင် အဖြေမှန်တစ်ခုစီအတွက် အမှတ် (၂၀) ရရှိမည် ဖြစ်သည်။
၉.၄။     ဖြေဆိုသည့် အဖြေမမှန်ကန်လျှင် ကြိုစားသည့် အကြိမ်တိုင်းအတွက် (၁၀) မှတ်စီ ရရှိမည် ဖြစ်သည်။
၉.၅။     စာရင်းပေးသုံးစွဲသူအနေဖြင့် လက်ရှိ ရရှိထားသော အမှတ်များကို သိနိုင်ရန် ကုဒ်နံပါတ် 8123 သို့ POINTS ဟုပေးပို့၍ စစ်ဆေးနိုင်သည်။ သက်ဆိုင်ရာ ကာလတစ်ခု ပြီးဆုံးသွားသောအခါ ၎င်းကာလဆုအတွက် အမှတ်သည် သုညမှ ပြန်လည်စတင်မည် ဖြစ်သည်။
၉.၆။    စာရင်းပေးသုံးစွဲသူများအနေဖြင့် လက်ရှိ ရရှိထားသော အပတ်စဉ်အဆင့်ကို သိနိုင်ရန် ကုဒ်နံပါတ် 8123 သို့ RANK ဟု ပေးပို့၍ စစ်ဆေးနိုင်သည်။
၉.၇။    လစဉ်ဆုအတွက် ဆုရရှိသူကို ရွေးချယ်ရာတွင် အဆိုပါသတ်မှတ်ထားသော လအတွင်း အမှတ် အများဆုံး ရရှိသူအား ပေးအပ်မည် ဖြစ်သည်၊၊

၁၀။      အမှတ်ပြိုင်ပွဲတွင် အကျုံးဝင်ခြင်း
ဝန်ဆောင်မှုကို စာရင်ပေးသုံးစွဲသူတိုင်းသည် အမှတ်ပြိုင်ပွဲအတွက် သတ်မှတ်ထားသော ရက်သတ္တပတ် ကာလအတွင်း အပတ်စဉ်ဆုအတွက် အကျုံးဝင်နေမည်ဖြစ်ပါသည်။ အမှတ်ပြိုင်ပွဲ ဖြစ်သည့်အတွက် သက်ဆိုင်ရာ ရက်သတ္တပတ်ကာလအတွင်း အမှတ်အများဆုံးရရှိသော စာရင်းပေးသုံးစွဲသူသာ ဆုရရှိမည် ဖြစ်သည့်အတွက် မေးခွန်းများများဖြေပြီး အမှတ်များကို စုဆောင်းသင့်ပါသည်။

၁၁။      အမှတ်ပြိုင်ပွဲအတွက် ဆုလက်ဆောင်များ
၁၁.၁။   စာရင်းပေးသုံးစွဲသူများကို အပတ်စဉ် ဆုလက်ဆောင် ပေးအပ်သွားမည် ဖြစ်သည်။
၁၁.၂။   ဆုလက်ဆောင်အမျိုးမျိုးကို ကာလတလျှောက် အမှတ်အများဆုံး ရရှိသူများအား အသီးသီး ပေးအပ်သွားမည် ဖြစ်ပါသည်။

          ဆုအမျိုးအစား

 

အရေအတွက် 

              ဆုပစ္စည်း

           အပတ်စဉ်ဆု

 

  MPT ဖုန်းဘေ ၃၀၀၀၀

ဆုရရှိသူကို အပတ်စဉ် တနင်္လာနေ့တိုင်း ဆုချီးမြင့်သွားမှာ ဖြစ်ပါတယ်။

၁၂။       ကံစမ်းမဲအစီအစဉ်
၁၂.၁။   ကံစမ်းမဲအစီအစဉ် (“ကံစမ်းမဲအစီအစဉ်” သို့မဟုတ် “အစီအစဉ်”) သည် ဝန်ဆောင်မှု စာရင်းပေးသုံးစွဲသူများ အတွက် အစီအစဉ်တစ်ခုဖြစ်သည်။
၁၂.၂။    ကံထူးသူများကို သတ်မှတ်ချက် ပြည့်မှီသည့် စာရင်းပေးသွင်းမှုထဲမှ ကျပန်းစနစ်ဖြင့် ရွေးချယ် သွားမည် ဖြစ်သည်။ ရမှတ်များများ ရရှိလေ ပါဝင်သူများအတွက် ကံထူးရန် အခွင့်အလမ်း ပိုမိုများပြားလေ ဖြစ်သည်။

၁၃။      ကံစမ်းမဲအစီအစဉ်တွင် အကျုံးဝင်ခြင်း
၁၃.၁။   အပတ်စဉ်ဆုအတွက် ကံစမ်းမဲအစီအစဉ်တွင် အကျုံးဝင်ခြင်း - သက်ဆိုင်ရာ အပတ်အတွင်း အနည်းဆုံး တစ်ကြိမ် စာရင်းပေးသုံးစွဲတိုင်း အစီအစဉ်တွင် ပါဝင်ခွင့်ရမည်ဖြစ်သည်။

၁၄။      ကံစမ်းမဲအစီအစဉ်အတွက် ဆုလက်ဆောင်များ
၁၄.၁။
   စာရင်းပေးသုံးစွဲသူများကို အပတ်စဉ်  ဆုလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်သည်။
၁၄.၂။   ဆုလက်ဆောင်အမျိုးမျိုးကို ကာလတလျှောက် ကံထူးသူများအား အသီးသီး ပေးအပ်သွားမည် ဖြစ်ပါသည်။

     ဆုအမျိုးအစား

           အရေအတွက်

          ဆုပစ္စည်း

       အပတ်စဉ်ဆု

                   ၇

 

MPT ဖုန်းဘေ ၁၀၀၀၀

ရရှိသူများကို အပတ်စဉ် တနင်္လာနေ့တိုင်း ဆုချီးမြင့်သွားမှာ ဖြစ်ပါတယ်။

၁၅။      အမှတ်ပြိုင်ပွဲ နှင့် ကံစမ်းမဲအစီအစဉ် တို့၏ ဆုလက်ဆောင်များအတွက် အချိန်ကာလ သတ်မှတ်ချက် များ
            အောက်ပါ အချိန်ကာလ သတ်မှတ်ချက်များကို ရည်ညွှန်းပါသည်။
အပတ်စဉ်ဆု အချိန်ကာလ          : တနင်္လာနေ့ ၀၀:၀၀:၀၀ မှ တနင်္ဂနွေနေ့ ၂၃:၅၉:၅၉ အထိ

၁၆။      အမှတ်ပိုရရှိနိုင်ရန် နည်းလမ်းများ
ဝန်ဆောင်မှုရယူထားသူများအနေဖြင့် ပက်ကေ့ချ် အပိုလက်ဆောင် မှ လည်းကောင်း၊ အထူးအစီအစဉ်များမှ လည်းကောင်း အမှတ်ပို ရရှိနိုင်ပါသည်။
၁၆.၁။  OTP (ထပ်ဆောင်းဝယ်ယူမှု) ပက်ကေ့ချ်အပို လက်ဆောင်
ဝန်ဆောင်မှုရယူထားသူအနေဖြင့် HTQ ဟု ပေးပို့ပြီး ပက်ကေ့ချ် (၁၀) ခု ဝယ်ယူတိုင်း ပက်ကေ့ချ် အပို လက်ဆောင် (၁) ခု ရရှိမှာ ဖြစ်ပါသည်။ စာရင်းပေးသွင်းထားသောကြောင့် ပုံမှန်ရရှိမည့် ပက်ကေ့ချ် တစ်ခုအား ထည့်တွက်မည် မဟုတ်ပါ။
၁၆.၂။   Real-Time Mechanics
Real-Time Mechanics တွင် Happy Hour ၊ Weekend Challenge ၊ ဖောက်သည် ဟူ၍ နည်းလမ်း (၃) မျိုး ရှိသည်။
၁၆.၂.၁။Happy Hour
Happy Hour သည် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ ည (၇)နာရီ မှ (၉)နာရီအတွင်း အချိန် ၂ နာရီ ကြာမြင့်မည် ဖြစ်သည်။ Happy Hour အတွင်း ဖြေဆိုသော ဉာဏ်စမ်းများ၏ ရမှတ်များသည် အလိုအလျောက် နှစ်ဆ ပြောင်းလဲသွားမှာ ဖြစ်ပါသည်။
Happy Hour တွင် ရရှိလာသော အမှတ်များကို နောက်ဆုရရှိမည့် ပြိုင်ပွဲအမှတ်စာရင်းထဲတွင် ထည့်ပေါင်းပေးပါသည်။
၁၆.၂.၂။Weekend Challenge
Weekend Challenge သည် အပတ်စဉ် စနေနေ့နှင့်တနင်္ဂနွေနေ့များ တွင် ရမှတ် အများဆုံး ဝယ်ယူဖြေဆိုနိုင်သူအား အမှတ်အပိုဆောင်း ၂၀၀ ထည့်ပေါင်းပေးမယ့် အစီအစဉ် ဖြစ်ပါသည်။ (စနေနေ့ မနက် ၀၀:၀၀ နာရီ မှ တနင်္ဂနွေနေ့ ည ၁၁:၅၉ နာရီ အထိ)
Weekend Challenge တွင် ရရှိလာသော အမှတ်များကို နောက်ဆုရရှိမည့် ပြိုင်ပွဲအမှတ်စာရင်းထဲတွင် ထည့်ပေါင်းပေးပါသည်။
၁၆.၂.၃။ Loyalty Bonus (ဖောက်သည်)
စာရင်းပေးပြီး (၁၀) ရက် ဆက်တိုက် ဝန်ဆောင်မှု မှာ နေ့စဉ် ပါဝင်သူများကို ဖောက်သည် အဖြစ်သတ်မှတ်ပြီး (၁၀) ရက် ပြည့်တိုင်း အမှတ် ၃၀၀ ကို အပိုဆောင်း ထည့်ပေါင်းပေးမှာ ဖြစ်ပါသည်။ အဆိုပါ (၁၀) ရက်အတွင်း လက်ကျန်ငွေ မလုံလောက်၍ ငွေကောက်ခံ မရသောအခါ (သို့) (၁၀) ရက် မပြည့်မီ ဝန်ဆောင်မှု မှ နှုတ်ထွက်သောအခါ ဖောက်သည် ဟု သတ်မှတ်မည် မဟုတ်ပါ။
ဖောက်သည် ဖြစ်ခြင်းကြောင့် ရရှိလာသော အမှတ်များကို နောက်ဆုရရှိမယ့် ပြိုင်ပွဲ အမှတ် စာရင်းထဲမှာ ထည့်ပေါင်းပေးပါသည်။

၁၇။      ကျန်းမာရေးဉာဏ်စမ်း ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်သူများ
ဝန်ဆောင်မှုကို ရယူလိုလျှင် အောက်ပါအချက်များနှင့် ကိုက်ညီရပါမည်။
•           MPT အသုံးပြုသူများ
•           အသက် (၁၈) နှစ်နှင့် အထက် စာရင်းပေးသုံးစွဲသူများ (သို့မဟုတ်) (၁၈) နှစ်အောက်ဖြစ်ပါက ဝန်ဆောင်မှုကို အသုံးပြုရန် မိဘ/အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရရှိသူများ
•           မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရသူများ

၁၈။      အမှတ်ပြိုင်ပွဲ နှင့် ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ခွင့်မရှိသူများ
            အောက်ဖော်ပြပါအချက် (၁)ခုနှင့် ညှိစွန်းပါက ဆုအစီအစဉ်တွင် ပါဝင်ခွင့် မရှိပါ။
•           MPT SIM Card အသုံးမပြုသူများ (သို့မဟုတ်) ဝန်ဆောင်မှုကို ရယူမထားသူများ
•           (၁၈) နှစ်အောက်ဖြစ်ပြီး မိဘ/အုပ်ထိန်းသူ၏ ခွင့်ပြုချက် မရရှိထားသူများ
•           မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်မရသူများ
•           ဤပြိုင်ပွဲကို စီစဉ်သည့် ကုမ္ပဏီများတွင် အလုပ်လုပ်သူများ၊ MPT၊ Trust Oo နှင့် ဤဝန်ဆောင်မှု နှင့် တိုက်ရိုက် သက်ဆိုင်သော ၎င်းတို့၏ မိတ်ဖက် အဖွဲ့အစည်းများ

၁၉။      အမှတ်ပြိုင်ပွဲ နှင့် ကံစမ်းမဲ အစီအစဉ်တွင် ဆုလက်ဆောင်များ ရရှိနိုင်သော အခွင့်အရေးများ

စာရင်းပေးသုံးစွဲသူ တစ်ဦးတည်းသည် အမှတ်ပြိုင်ပွဲ နှင့် ကံစမ်းမဲအစီအစဉ် နှစ်ခုလုံးအတွက် ဆုလက်ဆောင် များကို တပြိုင်နက်တည်း ရယူနိုင်သည့် အခွင့်အရေးရှိသည်။

၂၀။      အသိပေးအကြောင်းကြားခြင်းနှင့် ဆုလက်ဆောင်များ ထုတ်ယူခြင်း
၂၀.၁။   ဆုရရှိသည့် စာရင်းပေးသုံးစွဲသူများအား ဆုရရှိကြောင်းကို ဆုရရှိသည့်နေ့မှစ၍ (၂)ပတ်အတွင်း အသိပေး အကြောင်းကြားသွားမည် ဖြစ်သည်။ ဝန်ဆောင်မှုပံ့ပိုးသူသည် ထိုစာရင်းပေးသုံးစွဲသူအား ဝန်ဆောင်မှု စာရင်းပေးသုံးစွဲစဉ်က အသုံးပြုခဲ့သော MPT မိုဘိုင်းလ်နံပါတ် (MSISDN) ကို ဆက်သွယ်မည်ဖြစ်သည်။ ဆုရရှိသူများကို ရရှိသောဆုများအား မည်သို့ ထုတ်ယူရမည်ကို ဖုန်းဆက်အကြောင်းကြားရာတွင် အသေးစိတ် ရှင်းလင်းပြောကြားပေးသွားမည် ဖြစ်သည်။
၂၀.၂။    ဆုရရှိကြောင်း အကြောင်းကြားချိန်တွင် ဆုရရှိသူမှ ကျန်းမာရေးဉာဏ်စမ်း ဝန်ဆောင်မှုကို အသုံးပြုနေဆဲ မဟုတ်ပါက ဆုရရှိခြင်းကို ပယ်ဖျက်သွားမည် ဖြစ်သည်။
၂၀.၃။   ဆုရရှိသော စာရင်းပေးသုံးစွဲသူများသည် ဆုလက်ဆောင်များကို ဝန်ဆောင်မှုပံ့ပိုးသူ၏  ရုံးလိပ်စာ ဖြစ်သော အမှတ် ၁၄၈ (၁၁/က)၊ မြမာလာလမ်းသွယ်၊ အေဝမ်းလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုနု်မြို့၊ မြန်မာနိုင်ငံတွင် လာရောက်ထုတ်ယူရမည် ဖြစ်သည်။ ဆုလက်ဆောင်များကို ဝန်ဆောင်မှုပံ့ပိုးသူ၏ အစီအစဉ်အရ MPT ရုံး၊ ဗိုလ်အောင်ကျော်လမ်း (သို့မဟုတ်) အခမ်းအနား တစ်ရပ်တွင်လည်း ပေးအပ်သွားနိုင်ပါသည်။
၂၀.၄။   ဆုရရှိသော စာရင်းပေးသုံးစွဲသူများသည် ဆုလက်ဆောင်များကို ထုတ်ယူရာတွင် အောက်ဖော်ပြပါ သက်သေအထောက်အထားများ တင်ပြရမည်ဖြစ်သည်။
            (က) မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံကူးလက်မှတ် (သို့မဟုတ်) နိုင်ငံခြားသား မှတ်ပုံတင် လက်မှတ် မူရင်း
            (ခ)  ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲစဉ်က အသုံးပြုထားသော MPT SIM Card
ဆုရရှိသော စာရင်းပေးသုံးစွဲသူများ သည် ဆုပစ္စည်း လက်ခံရရှိကြောင်း စာရွက်စာတမ်း တွင် လက်မှတ် ရေးထိုးပေးရမည် ဖြစ်သည်။

၂၀.၅။   ဆုရရှိသော စာရင်းပေးသုံးစွဲသူအား သုံးကြိမ်အထိ ဖုန်းဖြင့် ဆက်သွယ်၍ မရပါက (သို့မဟုတ်)  ဆုရရှိပြီး ရက် (၃၀) အကြာအထိ ဆုပစ္စည်းအား လာရောက်ထုတ်ယူခြင်း မရှိပါက ဝန်ဆောင်မှု ပံ့ပိုးသူက သက်ဆိုင်ရာ ဆုလက်ဆောင်ကို ဖျက်သိမ်းမည် ဖြစ်သည်။
၂၀.၆။   ဝန်ဆောင်မှု ပံ့ပိုးသူသည်  ဆုရရှိသူအား ဆုပစ္စည်းထုတ်ယူရန် အချိန်ကာလ ရက်
ရက် (၃၀) သက်တမ်း မည်သည့်အချိန်တွင် ကုန်ဆုံးမည်ဖြစ်ကြောင်းကို အကြောင်းကြားရန် တာဝန်ရှိမည် မဟုတ်ပါ။

၂၁။       အချက်အလက် ဖော်ပြခြင်း
ဆုရရှိသော စာရင်းပေးသုံးစွဲသူများ သည် ဝန်ဆောင်မှုပံ့ပိုးသူ မှ ဆောင်ရွက်သော အရောင်း မြှင့်တင်ရေးလုပ်ငန်းများ တွင် ဥပဒေ အရ ခွင့်ပြုထားသည့် အတိုင်းအတာ အထိ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များဖြစ်သော  အမည်များ၊ နေထိုင်ရာဒေသများ၊ ဓာတ်ပုံများနှင့် အသံနှင့်/သို့မဟုတ် ဗီဒီယိုမှတ်တမ်းများအား လူမှုကွန်ယက် ဆိုဒ်များ၊ ပုံနှိပ်မီဒီယာများနှင့် ရုပ်သံထုတ်လွှင့်မှု ချန်နယ်များတွင် ဖော်ပြထည့်သွင်းခွင့် ကို ဝန်ဆောင်မှုပံ့ပိုးသူ အား ခွင့်ပြုပါသည်။

၂၂။       ဝန်ဆောင်မှုနှင့် ဆက်စပ်၍ ကုဒ်နံပါတ် 8123 သို့ ပေးပို့ရသော အသုံးဝင်သည့် Keyword များ
• ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲရန်                       - ON သို့မဟုတ် OK
• ဝန်ဆောင်မှုကို ပယ်ဖျက်ရန်                                - OFF
• Package များကို ထပ်မံဝယ်ယူရန်                        -  HTQ
• ရရှိထားသော လက်ရှိအမှတ်များကို စစ်ရန်           - POINTS
•  အကူအညီရယူရန်                                              - HELP
•  မေးခွန်းများအားဖြေဆိုရန်                                  - 1 (သို့မဟုတ်) 2