Vaccination


မိမိကလေး၏အသက်ကိုလိုက်၍ ထိုးသင့်သော ကာကွယ်ဆေးများရှိပါသည်။ 

ကာကွယ်ဆေးထိုးထားခြင်းဖြင့် ကလေးငယ်များတွင် မလိုလားအပ်သော ရောဂါများဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်တားဆီးနိုင်သည်။

ကြိုတင်ကာကွယ်နိုင်လေ ကလေးငယ်များ ရောဂါဖြစ်နှုန်းလျော့နည်းလေဖြစ်ပြီး ရောဂါပိုးများ ဝင်ရောက်နှောင့်ယှက်မှုများမှ ကင်းဝေး၍ လုံခြုံသော ဘဝကိုရရှိစေနိုင်သည်။ 





မိမိကလေးငယ်၏ အသက်ကိုလိုက်၍ ထိုးသင့်သော ကာကွယ်ဆေးများကို သိရှိနိုင်ပါသည်။

အောက်ပါကာကွယ်ဆေးများသည် ကျန်းမာရေးနှင့် အားကစား၀န်ကြီး ဌာန၏ တိုးချဲ့ကာကွယ်ဆေးများဖြစ်ပါတယ်။

အကြိမ်/အသက်

ကာကွယ်ဆေး

ကာကွယ်ပေးသည့် ရောဂါ

မွေးပြီးပြီးချင်း
  • ဘီစီဂျီ*
  • အသည်းရောင်အသားဝါ (ဘီ)
  • တီဘီရောဂါ
  • အသည်းရောင်အသားဝါ (ဘီ)
ပထမအကြိမ် (၂လ)
  • ဘီစီဂျီ*
  • ဆ-က-မ၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင် အဆုတ်ရောင်
  • (ငါးမျိုးစပ်ကာကွယ်ဆေး) – ၁၊ ပြင်းထန်သောအဆုတ်ရောင်  (ပီစီပီ)
  • ပိုလီယို – ၁
  • တီဘီရောဂါ
  • ဆုံဆို့နာ၊ကြက်ညှာ၊မေးခိုင်၊အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင် အဆုတ်ရောဂါ
ဒုတိယအကြိမ် (၄လ)
  • ဆ-က-မ၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင် အဆုတ်ရောင်
  • (ငါးမျိုးစပ်ကာကွယ်ဆေး) – ၂၊ပြင်းထန်သောအဆုတ်ရောင်  (ပီစီပီ) -၂
  • ပိုလီယို – ၂
  • ဆုံဆို့နာ၊ကြက်ညှာ၊မေးခိုင်၊အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင် အဆုတ်ရောဂါ
  • ပြင်းထန်သောအဆုတ်ရောင် (ပီစီပီ )-၂၊ ပိုလီယိုအကြောသေရောဂါ
တတိယအကြိမ် (၆လ)
  • ဆ-က-မ၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင် အဆုတ်ရောင်
  • (ငါးမျိုးစပ်ကာကွယ်ဆေး) – ၃၊ပြင်းထန်သောအဆုတ်ရောင်  (ပီစီပီ) -၃
  • ပိုလီယို – ၂
  • ဆုံဆို့နာ၊ကြက်ညှာ၊မေးခိုင်၊အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင် အဆုတ်ရောဂါ
  • ပြင်းထန်သောအဆုတ်ရောင်  (ပီစီပီ) -၃ပိုလီယိုအကြောသေရောဂါ
စတုတ္ထအကြိမ် (၉လ)
  • ဝက်သက် – ၁၊ ဂျိုက်သိုးရောဂါ
  • ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ
ပဥ္စမအကြိမ် (၁နှစ်ခွဲ)
  • ဝက်သက် – ၂
  • ဝက်သက်ရောဂါ

အောက်ပါကာကွယ်ဆေးများသည် သက်ဆိုင်ရာကလေးအထူးကုဆရာ၀န်များနှင့် တိုင်ပင်၍ ထိုးနိုင်သည့် ကာကွယ်ဆေးများဖြစ်သည်။

ဆေးအမည်

ကာကွယ်နိုင်သည့်ရောဂါများ

ဆေးထိုးရမည့်အသက်နှင့်အကြိမ်

VERORAB
ခွေးရူးပြန်ရောဂါ (ကာကွယ်ဆေး)
  • ခွေးကိုက်ပြီးနောက် အမြန်ဆုံးထိုးရန်
  • day (0,3,7,14,28) များတွင်တစ်လုံးစီ စုစုပေါင်း (၅) လုံး အသားဆေး (သို့မဟုတ်)
  • day (0) တွင် နှစ်လုံး၊ day (7) နှင့် day (21) တွင် တစ်လုံး
FAVIRAB
ခွေးရူးပြန်ရောဂါ (အဆိပ်ဖြေဆေး)
  • 40 IU/kg body weight နှင့် တွက်ထိုးရန်
  • ကာကွယ်ဆေးနှင့် တစ်ပြိုင်တည်းအမြန်ဆုံးထိုးရန်
TETANEA 1500IU
မေးခိုင်ရောဂါ (အဆိပ်ဖြေဆေး)
  • မေးခိုင်ကာကွယ်ဆေးနှင့်တွဲထိုးရန်
  • Tetanus prone clean major wound (၁) လုံး
  • Tetanus prone high risk wound (၂) လုံး
TETAVAX
မေးခိုင်ရောဂါ (ကာကွယ်ဆေး)
  • စထိုးသည့်နေ့၊ (၁)လ၊ (၆-၁၂)လ၊ (၃) ကြိမ်ထိုးရန်၊ (၁၀) နှစ်လျှင် တစ်ကြိမ်စီထပ်မံထိုးရန် 
VAXIGRIP
တုပ်ကွေးရောဂါ
  •   အသက် (၆ လ) မှ (၃၅လ) ကြား- ကလေးကာကွယ်ဆေး နှစ်စဉ်တစ်နှစ်တစ်ကြိမ်ထိုးရန်
  •   အသက် (၃၅ လ) အထက်- လူကြီးကာကွယ်ဆေး နှစ်စဉ်တစ်နှစ်တစ်ကြိမ်ထိုးရန်
  •   အသက် (၈) နှစ်အောက်ကလေးငယ်များသည် ပထမဆုံးထိုးရသည့်နှစ်တွင် (၁) လခြား
  •   (၂) လခြား (၂) လုံးထိုး၍ နောက်နှစ်များတွင် (၁) နှစ်လျှင် (၁) လုံးစီသာထိုးရမည်။
PNEUMO 23
Streptococcus pneumoniae ပိုးကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါ
  • အသက် (၂) နှစ်မှစ၍ ထိုးနိုင်သည်။ (၁) ကြိမ်သာ ထိုးရန်လိုအပ်သည်။ အထူးသဖြင့် အသက် ၆၅ နှစ်အထက်လူကြီးများ ၊
  • ခန္ဓာကိုယ် ခုခံအားကျဆင်းနိုင်သော ရောဂါရှိသူများ (ဥပမာ ဘေလုံးထုတ်ထားသူများ၊ သွေးကင်ဆာ၊
  • HIV) လိုအပ်ပါက ၃ နှစ်မှ ၅ နှစ်နောက်ပိုင်း တစ်ကြိမ်ထပ်မံထိုးရန်
MENINGO A+C
Neisseria meningitidis ပိုးကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါ
  • အသက် (၂) နှစ်မှစ၍ ထိုးနိုင်သည်။ (၁) ကြိမ်ထိုးထားလျှင် (၃) နှစ်မှ (၅) နှစ်အထိ ကာကွယ်မှု့ပေးသည်။ 
  • (၃) နှစ်လျှင်တစ်ကြိမ် ထပ်မံထိုးသွားရန် 
ACT - HIB
Hib ပိုးကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါနှင့် အဆုတ်ရောင်ရောဂါ
  • အသက် (၂) လ၊ (၃) လ၊ (၄) လ၊ (သို့မဟုတ်) (၂)လ၊ (၆) လ တို့၌ တစ်ကြိမ်စီထိုးရန်
  • တတိယအကြိမ်ထိုးပြီး (၁) နှစ်အကြာတွင် တစ်ကြိမ်ထပ်မံထိုးရန်
TETR ACT - HIB
Hib ဦးနှောက်အမြှေးရောင်နှင့် အဆုတ်ရောင်ရောဂါ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးနှင့် မေးခိုင်ရောဂါ (၄ မျိုးပေါင်းကာကွယ်ဆေး)
  • အသက် (၂) လ၊ (၃) လ၊ (၄) လ၊ (သို့မဟုတ်) (၂)လ၊ (၆) လ တို့၌ တစ်ကြိမ်စီထိုးရန်
  • တတိယအကြိမ်ထိုးပြီး (၁) နှစ်အကြာတွင် တစ်ကြိမ်ထပ်မံထိုးရန်
  • အသက် (၅) နှစ်နှင့် (၁၂) နှစ်ကြားတွင် Tetraxim အားတစ်ကြိမ်ထပ်မံထိုးရန်
TETRAXIM
ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးနှင့် မေးခိုင်ရောဂါနှင့် ပိုလီယိုရောဂါ (၄ မျိုးပေါင်းကာကွယ်ဆေး)
  • သက် (၂) လ၊ (၃) လ၊ (၄) လ၊ (သို့မဟုတ်) (၂)လ၊ (၆) လ တို့၌ တစ်ကြိမ်စီထိုးရန်
  • တတိယအကြိမ်ထိုးပြီး (၁) နှစ်အကြာတွင် တစ်ကြိမ်ထပ်မံထိုးရန်
  • အသက် (၅) နှစ်နှင့် (၁၂) နှစ်ကြားတွင် တစ်ကြိမ်ထပ်မံထိုးရန်
PENTAXIM
Hib ဦးနှောက်အမြှေးရောင်နှင့် အဆုတ်ရောင်ရောဂါ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးနှင့် မေးခိုင်နှင့် ပိုလီယိုရောဂါ (၅ မျိုးပေါင်းကာကွယ်ဆေး)
  • အသက် (၂) လ၊ (၃) လ၊ (၄) လ၊ (သို့မဟုတ်) (၂)လ၊ (၆) လ တို့၌ တစ်ကြိမ်စီထိုးရန်တတိယအကြိမ်ထိုးပြီး
  • (၁) နှစ်အကြာတွင် တစ်ကြိမ်ထပ်မံထိုးရန်
  • အသက် (၅) နှစ်နှင့် (၁၂) နှစ်ကြားတွင် Tetraxim အားတစ်ကြိမ်ထပ်မံထိုးရန်
TRIMOVAX
ဝက်သက်၊ ပါးချိတ်ရောင်နှင့် ဂျိုက်သိုးရောဂါ (၃ မျိုးပေါင်းကာကွယ်ဆေး)
  • အသက် (၉) လတွင် ဝက်သက်ကာကွယ်ဆေး တစ်မျိုးတည်း
  • ထိုးထားပါက အသက် (၁၅ -၁၈) လအတွင်း တစ်ကြိမ်ထိုးရန်
  • အသက်(၉) လတွင် ဝက်သက်ကာကွယ်ဆေး မထိုးရသေးပါက အသက် (၁၂-၁၅) လ
  • တွင်တစ်ကြိမ်နှင့် (၃) နှစ်ပြည့်ပြီးနောက် တစ်ကြိမ်စုစုပေါင်း (၂) ကြိမ်ထိုးရန်
OKAVaX
ရေကျောက်ရောဂါ
  • အသက် (၁) နှစ်မှ စ၍ထိုးနိုင်သည်။ (၁) ကြိမ်သာထိုးရန် လိုအပ်ပါက (၁)လမှ (၂)လကြားတွင် ထပ်မံထိုးရန်
Euvax B
အသည်းရောင်အသားဝါ (ဘီ) ရောဂါ
  • စထိုးသည့်နေ့၊ (၁)လ၊ (၆)လ၊ စုစုပေါင်း (၃) ကြိမ် (သို့မဟုတ်)
  • စထိုးသည့်နေ့၊ (၁) လ၊ (၂) လ၊ (၁၂)လ၊ စုစုပေါင်း (၄) ကြိမ်။
AVA XIM
အသည်းရောင်အသားဝါ (အေ) ရောဂါ (ကလေး)
  • အသက် (၁) နှစ်မှ (၁၅) နှစ်အတွင်းထိုးနိုင်သည်။ ပထမတစ်ကြိမ်ထိုးပြီး
  • (၆-၁၈) လအတွင်း ဒုတိယအကြိမ်၊ စုစုပေါင်း (၂) ကြိမ်ထိုးရန်။
AVA XIM
အသည်းရောင်အသားဝါ (အေ) ရောဂါ (လူကြီး)
  • အသက် (၂) နှစ်မှစ၍ ထိုးနိုင်သည်။ ပထမတစ်ကြိမ်ထိုးပြီး 
  • (၆-၁၈) လအတွင်း ဒုတိယအကြိမ်၊ စုစုပေါင်း (၂) ကြိမ်ထိုးရန်။
TYPHIM VI
အူရောင်ငန်းဖျားရောဂါ (တိုက်ဖွိုက်ရောဂါ)
  • အသက် (၂) နှစ်မှစ၍ထိုးနိုင်သည်။ (၁) ကြိမ်ထိုးထားလျှင် (၃) နှစ်အထိ ကာကွယ်မှု့ပေးသည် (၃) နှစ်တစ်ကြိမ် ထပ်မံထိုးသွားရန်
STAMARIL
အဝါရောင်အဖျားရောဂါ
  • အသက် (၉) နှစ်မှစ၍ ထိုးနိုင်သည်။ (ရောဂါပိုးရှိသောဒေသတွင် နေထိုင်သူများ၊ ထိုဒေသသို့ 
  • သွားရောက်မည့်သူများသာ ထိုးရန်လိုအပ်သည်။) (၁၀) နှစ်တစ်ကြိမ်ထပ်မံထိုးသွားရန်
     

Vaccination

Vaccination

Vaccination

Vaccination

Vaccination