Print

ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း (Head Injuries)

  25-Nov-2019
Preview Image


ခေါင်းထိခိုက်ဒဏ်ရာရမှု မှန်သမျှကို အားလုံးအရေးကြီးသည်။ ဦးခေါင်းကို အရှိန်ပြင်းစွာဖြင့် ဆောင့်မိပါက သွေးခြည်ဥနိုင်သည်။ ခေါင်းကွဲသည်။ ခေါင်းကွဲနိုင်သည်။ တစ်ခါတစ်ရံ ဦးနှောက်အမြှေးပါးချင်း ပွတ်ကာ ခေတ္တခဏ သတိလစ်သွားနိုင်သည်။ ထို့အတူ ခေါင်းခွံအက်နိုင်၊ ကျိုးနိုင်သည်။ ဦးနှောက်အတွင်း သွေးယိုကာ သွေးခဲက ဦးနှောက်သားကို ဖိထားနိုင်သည်။ ဒဏ်ရာ ရသွားသော ဦးနှောက်တစ်သျှူးများ ရောင်ရမ်းလာနိုင်သည်။ ထို့ကြောင့် မူးခြင်း၊ အော့အန်ခြင်း၊ ခေါင်းအလွန်ကိုက်ခြင်း၊ အသက်ရှူနှေးခြင်း၊ ချွဲသံကျယ်လောင်စွာ ထွက်ခြင်းစသော လက္ခဏာများကို ခေါင်းထိခိုက် ဒဏ်ရာရပြီး နာရီပိုင်းနှင့် ရက်ပိုင်းအတွင်းတွင် တွေ့ရတတ်သည်။ ခေါင်းထိခိုက်ဒဏ်ရာရသူ မည်သူမဆို လည်ပင်းရိုး ကျိုးခြင်းကိုပါ ကုသပေးရတတ်သည်။

မိမိဘာသာ ဆောင်ရွက်နိုင်သောကိစ္စများ
ခေါင်းထိခိုက်ဒဏ်ရာရပါက ကြီးကြီးသေးသေးနည်းနည်း များများဆရာဝန်နဲ့ အရင်ပြပါ။
• ဦးခေါင်းအရေပြား ထိခိုက်ဒဏ်ရာရပါက သွေးတိတ်အောင် ဆောင်ရွက်ပါ။ ဒဏ်ရာကို သန့်စင်၊ ပတ်တီးစည်းပါ။
• ခေါင်းခွံကို အနည်းအကျဉ်း တန်သင့်ရုံသာ ထိခိုက်မိပြီး သွေးမထွက်ပါက အရောင်လျော့စေရန်နှင့် သွေးခြည်မဥစေရန် ရေခဲအုံပေးနိုင်သည်။ ရေခဲဝတ်ကပ်ပေးနိုင်သည်။
• ဦးနှောက်ခေါင်းခွံအတွင်း လှုပ်သွားပြီး လူနာသတိမလစ် သို့သော် နေမကောင်း၊ မူးသည်၊ ခေါင်းကိုက်သည် ဆိုပါက လူနာအခြေအနေကောင်းပါက ကုသမှုပေးမည့် နေရာသို့မရောက်မီ စပ်ကြားငြိမ်သက်စွာ နားနေခိုင်းထားပါ။
• လူနာက သတိရနေသည် သို့သော် သူ့ခေါင်းဒဏ်ရာက ပြင်းထန်သည်ဟု သံသယရှိပါက လူနာအတွက် သက်သောင့်သက်သာအဖြစ်ဆုံး အနေအထားဖြင့် လဲလျောင်းထားပါ။ ခေါင်းကိုလုံးဝ မလှုပ်စေရ။ မလှည့်၊ မငုံ့စေရ။ ကျောနှင့် လည်ပင်းကိုလည်း မတ်မတ်ထားပါ။ မေးရိုးမေးစဉ် မေးခွန်းလေးများ (ဥပမာ နေ့လား၊ ညလား၊ စားပြီးပြီလား) ကို မေးကြည့်ပါ။ လူနာဇဝေဇဝါဖြစ်နေလျှင် (သို့) စကားပြောရာတွင် အခက်တွေ့ပုံ ပေါက်နေလျှင် မူမှန်ပုံမရလျှင်၊ အရေးပေါ် လူနာတင်ယာဉ်ကို ခေါ်ယူပါ။
• လူနာသတိလစ်နေပါက အသက်ရှူပုံ၊ အသက်ရှူနည်း၊ လက်ကောက်ဝတ် သွေးခုန်းနှုန်း၊ တုံ့ပြန်နိုင်စွမ်း စသည်တို့ကို လူနာတင်ယာဉ်မရောက်လာမှစပ်ကြား ပုံမှန်အကဲဖြစ်မှတ်သားပေးထားပါ။
• လူနာ သတိလစ်သည့်အပြင် အသက်ရှူပါ ရပ်သွားပါက မေးရိုးကို သတိကြီးစွာ ထား၍ မကာလေဝင်ထွက် လမ်းကြောင်းပွင့်စေပြီး စီ၊ ပီ၊ အာရ် ကိုစလုပ်ပါ။
• ခေါင်းထိခိုက်ရာ ရထားပါက ခေါင်းကိုက်ခြင်း၊ အရုပ်ကြိုးပြတ်ပမာရှိခြင်း၊ မျက်စိသူငယ်အိမ် အရွယ်အစား မျက်လုံးတစ်ဖက်နှင့်တစ်ဖက် မတူခြင်း၊ လူနာနေ့ည မမှတ်၊၊ ဇဝေဇဝါဖြစ်ခြင်း စသည့်လက္ခဏာများ ဒဏ်ရာရပြီး နာရီပိုင်းနှင့် ရက်ပိုင်းအကြာတွင် ပေါ်ပေါက်လာတတ်သည်။ ထိုလက္ခဏာများအနက် လက္ခဏာတစ်စုံတစ်ရာ တွေ့ရပါက ချက်ချင်းကသမှု ခံယူပါစေ။

သွေးထွက်နည်းလွန်းလျှင် နား (သို့) နှာခေါင်းမှ သွေး (သို့) အရည်ကြည်များ ယိုစီးကျလာလျှင်၊ လူနာသတိလစ်နေလျှင် အရေးပေါ်လူနာတင်ယာဉ် အမြန်ခေါ်ယူပါ။


Ref:
ဒေါက်တာသန်းထွဋ်
အိမ်သားသမားတော် စာအုပ်မှကောက်နုတ်ထားပါသည်။

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18