Print

ကွန်ပျူတာအသုံးပြုများ သူများအတွက် မျက်စိမထိခိုက်အောင် ထိန်းသိမ်းနည်း

  25-Nov-2019
Preview Image


ခရမ်းချဉ်သီးအနှစ်၊ နနွင်းမှုန့်နှင့် သံပရာရည်
ခရမ်းချဉ်သီးအနှစ် ထမင်းစားဇွန်း တစ်ဇွန်း၊ နနွင်းမှုန့်အနည်းငယ်၊ သံပရာရည် ထမင်းစားဇွန်း တစ်ဝက်နဲ့ ဂျုံ့မှုန့် ထမင်းစားဇွန်း တစ်ဇွန်းတို့ကို စေးပျစ်အောင်ရောမွှေပြီး မျက်ခွံနဲ့ အနီးတဝိုက် ညိုမည်းတဲ့ အရေပြားနေရာတွေပေါ် ညင်ညင်သာသာ သုတ်လိမ်းပေးပါ။ နာရီဝက်လောက်အကြာမှာ စိုစွတ်နေတဲ့ ဝါဂွမ်းစနဲ့ ညင်ညင်သာသာ ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် တစ်ပတ်အကြာမှာ ကောင်းမွန်တဲ့ အကျိုးရလဒ်ကို တွေ့မြင်ရပါလိမ့်မယ်။

ရေခဲတုံး
မျက်ဝန်းဖောင်းအစ်မှု လျော့ပါးသက်သာစေဖို့ ရေခဲတုံးထည့်ထားတဲ့ အိတ်တွေကို မျက်ဝန်းနှစ်ဖက်ပေါ် ဖိကပ်ပေးပါ။ မျက်ဝန်းဖောင်းအစ်မှု သက်သာတဲ့အထိ လုပ်ဆောင်နိုင်ပါတယ်။

နှင်းဆီရေ
မျက်ဝန်းအလှ ထိန်းသိမ်းဖို့ရာတွက် နှင်းဆီရေကလည်း ထိရောက်မှုရှိပါတယ်။ မျက်ကွင်းညိုတာ လျော့ကျစေဖို့ နှင်းဆီရေကို သုံးပါ။ ပြုလုပ်ရမယ့် နည်းကတော့ နှင်းဆီရေထဲကို နှစ်ထားတဲ့ ဝါဂွမ်းစနှင့် ပိတ်ထားတဲ့ မျက်ဝန်းတွေပေါ်မှာ ကပ်ပေးရမှာဖြစ်ပါတယ်။ အချိန် ၁၅ မိနစ်ကြာမှ ဖယ်ရှားလိုက်ပါ။ ဒီနည်းလမ်းဟာ မျက်ကွင်း ညိုတာကို သက်သာစေတဲ့ အလွယ်ဆုံးနဲ့ ရေပန်းအစားဆုံး နည်းတစ်နည်းဖြစ်ပါတယ်။

အရောင်မှိန်သည့်အကာ
ကွန်ပျူတာမော်နီတာရှေ့မှာ အရောင်မှိန်စေတဲ့ အကာအကွယ်ကို တပ်ဆင်ပါ။ ဒါဆိုရင် ကွန်ပျူတာ အလင်းရောင်စူးရှမှုကြောင့် မျက်ဝန်း ကျိန်းစပ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

စိမ်းစိုသော သစ်ပင်များ
ကွန်ပြူတာ အသုံးများတဲ့ သူတွေအနေနဲ့ အနားယူချိန်မှာ ကွန်ပျူတာ စကရင်ကို လုံးဝအသုံးမပြုသင့်ပါ။ ဖြစ်နိုင်ရင် စိမ်းစိုတဲ့ သစ်ပင်သစ်ပင်တွေ အနီးမှာ သွားရောက်အပန်းဖြေတာ ဒါမှမဟုတ် သစ်ပင်တွေကို ငေးကြည့်တာမျိုး လုပ်ဆောင်သင့်ပါတယ်။

အေးမြသန့်စင်သော ပိတ်စ

ကွန်ပျူတာကို ကြာရှည်အသုံးပြုတာကြောင့် မျက်ဝန်းတွေ ညောင်းညာနွမ်းနယ်နိုင်ပါတယ်။ မျက်ဝန်းတွေကို အနားပေးတဲ့အနေနဲ့ နာရီဝက်တစ်ကြိမ် မျက်ဝန်းတွေကို အနားပေးတဲ့ အနေနဲ့ နာရီဝက်တစ်ကြိမ် မျက်ဝန်းကိုမှိတ်ကာ အေးမြသန့်စင်တဲ့ ပိတ်စနှစ်စ အုပ်ထားလိုက်ပါ။ တစ်မိနစ်ခန့်ဆိုရင် မျက်ဝန်းတွေကို လန်းဆန်းသွားစေပါတယ်။

မျက်နှာကိုရေပက်ဖျန်းခြင်း
မျက်နှာကို မကြာခဏ ရေနဲ့ ပက်ဖျန်းပေးတာကြောင့် အပန်းပြေ လန်းဆန်းရုံသာမက မျက်ဝန်းကို အေးမြစေပါတယ်။

မျက်တောင်ခတ်ခြင်း
ကွန်ပျူတာ စကရင်ကို မိနစ် ၂၀-၃၀ ကြာ ငေးကြည့်ပြီးတိုင်း အဝေးတစ်နေရာကို ငေးကြည့်ပေးပါ။ ဒါဆိုရင် အာရုံစူးစိုက်နိုင်စွမ်းကို ပြန်လည်ကောင်းမွန် လာစေပါတယ်။ မျက်စိခြောက်သွေ့တာကိုလည်း သက်သာစေပါတယ်။

Ref:
ခိုင်ဇွန်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, August 2013, No. 263, Pg.115

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18