Print

နို့ဦးရေနှင့် ကလေးကျန်းမာရေး

  28-Nov-2019
Preview Image


မွေးဖွားသည့်နေ့မှစ၍ မိခင်နို့တစ်မျိုးတည်းကိုသာ နို့တိုက်ကျွေးရမည်ဖြစ်ပြီး အခြားသောအရည်များကို တိုက်ကျွေးခြင်း မပြုရပါ။ ရေတိုက်ခြင်း၊ အခြားနို့မှုန့်များ တိုက်ကျွေးခြင်း၊ အချို့ဒေသများတွင် ပျားရည်တိုက်ကျွေးခြင်း၊ စသည်တို့ကို မွေးကင်းစ ကလေးအား မတိုက်ကျွေးရပါ။ အထူးသဖြင့် မွေးကင်းစကလေးကို မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရာတွင် ပထမရက်သတ္တပတ်အတွင်း မိခင်နို့ဦးရည် တိုက်ကျွေးရန် အားပေးခြင်းဖြစ်ပါသည်။ မိခင်နို့ဦးရည် တိုက်ကျွေးခြင်းဟာ ကလေးအတွက် “ပထမဦးဆုံးသော အာဟာရ” ဖြစ်သလို “ပထမဦးဆုံးသော ကာကွယ်ဆေး” တိုက်ကျွေးခြင်းလည်း ဖြစ်ပါတယ်။ မိခင်နို့ဦးရည်ဟာ မွေးဖွားပြီး ပထမသုံးရက်အတွင်း နို့ထွက်ပြီး အဝါရောင်ရင့်၊ ပျစ်ပျစ်ကလေးဖြစ်ပါတယ်။ မိခင်နို့ရည်များ ရောဂါကို ခုခံနိုင်သော၊ ပဋိပစ္စည်းများ လုံလောက်စွာပါရှိပြီး၊ အဆီများ ပျော်ဝင်သော ဗီတာမင် A.B.E.K များပါရှိပါတယ်။ ပထမထွက်ရှိသော နို့ဦးရေမှာ အနည်းငယ်သာဖြစ်သော်လည်း၊ ကလေးအတွက် လုံလောက်သော အာဟာရပေးနိုင်ပါတယ်။

လွဲမှားသောအယူအဆ

(၁) အချို့က၊ မိခင်နို့ဦးရည်ကို အလေးမထားတတ်ဘဲ၊ နို့ကို ကလေးအား တိုက်ကျွေးခြင်းမပြုဘဲ စွန့်ပစ်တတ်ပါတယ်။

(၂) အချို့က၊ မိခင်နို့ဦးရည် အနည်းငယ်ထွက်သည့်အတွက် အာဟာရလုံလောက်မှုမရှိဟု ယူဆကာ၊ မိခင်နို့မတိုက်ကျွေးဘဲ၊ နို့မှုန့်ဖျော်၍ နို့ဘူးတိုက်ကြပါတယ်။

မိခင်နို့ဟာ ကလေးအတွက် အကောင်းဆုံး အာဟာရဖြစ်ပါတယ်။ မိခင်နို့ကိုတုပြီး ထုတ်လုပ်ထားသော နို့မှုန့်များဟာ မိခင်နို့ကို လုံးဝမတူနိုင်ပါ။ မိခင်နို့တိုက်ကျွေးခြင်းက ကလေးအတွက် ကုန်ကျစရိတ်သက်သာပြီး လွယ်ကူစွာ အချိန်မရွေး၊ နေရာမရွေး၊ တိုက်ကျွေးနိုင်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းက ရောဂါကာကွယ်နိုင်သော ပဋိပစ္စည်းများပါဝင်ပြီး၊ ကလေးအတွက် လိုအပ်သော အာဟာရပြည့်ဝစွာ ပေးနိုင်ပါတယ်။ မိခင်နို့မှာ ကလေးအတွက် ရေအလုံအလောက်ပါပြီး ပါဝင်တဲ့ ပရိုတင်းမှာလည်း ကြေညက်လွယ်ပြီး၊ အဆီမှာလည်း မပြည့်ဝသော အဆီများဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းကြောင့် မိခင်နှင့်ကလေး တွယ်တာချစ်ခင်မှုဖြစ်စေပြီး၊ ဉာဏ်ရည်ဉာဏ်သွေး (IQ) မှာလည်း မြင့်မားစေပါတယ်။

 

အသက်ရှူလမ်းကြောင်းရောဂါ၊ ဝမ်းလျှောဝမ်းပျက်ရောဂါဖြစ်နိုင်ချေ လျှော့နည်းပြီး ယားယံမှုများလည်း နည်းပါးစေပါတယ်။ အထူးသဖြင့် မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးတဲ့အတွက် မွေးကင်းစကလေးအား၊ ဝမ်းသွားစေတဲ့အတွက် မွေးကင်းစအသားဝါဖြစ်မှုကို ကာကွယ်နိုင်ပါတယ်။ မိခင်နို့တိုက်ကျွေးရေး ဆောင်ရွက်ရာတွင် အဓိကကျသောအချက်မှာ မိခင်လောင်းရဲ့ သားမြတ်ပြုပြင်ခြင်း ဖြစ်ပါတယ်။ မိခင်နို့တိုက်ရန် သားမြတ်ပြုပြင်စေရာတွင်လည်း ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း လုပ်ဆောင်ရန် လိုအပ်ပါတယ်။ ကိုယ်ဝန်
ဆောင်စဉ် သားမြတ်ပြုပြင်ခြင်း ပြုလုပ်မှ မိခင်ရဲ့ နို့သီးခေါင်း ထွက်ရှိပြီး ကလေးက မိခင်ရဲ့ အမည်းကွင်းကို စုပ်ရာတွင် အားပါးတရရှိပြီး နို့လည်းစိမ့်ထွက်လာတဲ့အတွက် ကလေးနို့စို့ခြင်း အဆင်ပြေစေပါတယ်။


Ref:
ပါမောက္ခဒေါက်တာအေးသောင်း
(ကလေးအထူးကု သမားတော်ကြီၤး)
Health for all Magazine January 2014, Pg. 13-14

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18