Print

မြွေကိုက်ခံရခြင်းအတွက် အရေးပေါ် ပြုစုနည်းနှင့် အိမ်တွင်းကုထုံးများ

  01-Dec-2019
Preview Image


ပူလိုက်၊ အေးလိုက်စိုလိုက်၊ ခြောက်လိုက် ရာသီတွေနဲ့ ခြုံထူမြက်ထူ နေရာတွေမှာ ခိုအောင်းတတ်တဲ့ မြွေက ရာသီမရွေး ပေါက်ပွားနေပါတယ်။ သဘာဝအားဖြင့် မြွေကလူကို ရှောင်လေ့ရှိပါတယ်။ ဒါပေမယ့် မြွှအေတွက် ရှောင်မလွတ်နိုင်တဲ့
နောက်ဆုံးအခြေအနေဆိုရင်တော့ လူကို ကိုက်တတ်ကြပါတယ်။ အဆိပ်ပြင်းမြွေ အကိုက်ခံရမိရင်တော့ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ကမ္ဘာပေါ်မှာ နှစ်တိုင်း လူပေါင်း၂ သန်းခွဲလောက် မြွေကိုက်ခံနေရပြီး အဲဒီထဲမှာ လူပေါင်း ၁ သိန်း၂ သောင်း ၅ ထောင်လောက်က မြွေကိုက်ခံရလို့ သေဆုံးနေရတာပါ။ အဆိပ်ပြင်းသည်ဖြစ်စေ မပြင်းသည်ဖြစ်စေ မြွေကိုက်ခံရပြီ ဆိုရင်တော့ သေချာဂရုစိုက် ကုသခံသင့်ပါတယ်။

အဆိပ်ပြင်းမြွေ အကိုက်ခံရတဲ့ ကလေးတွေအတွက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် သင့်တော် မှန်ကန်မြန်ဆန်တဲ့ ပြုစုကုသမှုတွေ အမြန်ခံယူသင့်ပါတယ်။ ကလေးတွေရဲ့ ခန္ဓာကိုယ်ဟာ သေးငယ်တာကြောင့် အဆိပ်ပျံ့နှံမှုပိုပြီး မြန်ဆန်တာကြောင့်ပါ။ မြွေကိုက်ခံရပြီဆိုတာနဲ့ ဆေးဝါးအကူအညီ အမြန်ဆုံးရရှိဖို့ လိုအပ်ပါတယ်။ ဒဏ်ရာဟာ ယောင်ယမ်းလာပြီး အရောင်ပြောင်းလာပြီ ဆိုရင်တော့ အဆိပ်ပြင်းမြွေအကိုက်ခံရတာ သေချာသလောက်ပါပဲ။ ဖြစ်နိုင်ရင်တော့အနီးဆုံး ဆေးရုံကို အမြန်ဆုံးရောက်အောင်သွားပြီး အရေးပေါ်ကုသမှုခံယူပြီး သင့်တော်တဲ့ အဆိပ်ဖြေဆေး ရရှိနိုင်မှာဖြစ်ပါတယ်။ မြွေကိုက်ခံရသူကိုလဲ အကြောက်လွန်တာမျိုး မဖြစ်ရအောင် မြွေကိုက်တာဟာ ကုသလို့ရတဲ့ အခြေအနေဖြစ်ကြောင်း အားပေးထားရပါမယ်။

မြွေကိုက်ဒဏ်ရာကို လူ့နှလုံးရဲ့ အောက်ကိုနှိမ့်ပြီး ထားရပါမယ်။ ဒါမှသာ မြွေဆိပ်ရဲ့လှုပ်ရှားမှုကို သွေးစီးဆင်းရာ လမ်းကြောင်းမှာ ခပ်ဖြည်းဖြည်းသာ အရှိန်လျော့စေမှာ ဖြစ်ပါတယ်။ မြွေကိုက်ခံရသူရဲ့သွေးဖိအား၊ အသက်ရှုနှုန်း၊ သွေးခုန်နှုန်း၊ ကိုယ်အပူချိန်တွေကို အမြဲစောင့်ကြည့်နေရပါမယ်။ မြွေကိုက်ဒဏ်ရာအတွက် ကိုက်တဲ့မြွေ အသေကိုလဲ လုံလုံခြုံခြုံ ယူဆောင်သွားရပါမယ်။ မြွေရဲ့ကြွက်သား အကျုံ့အဆန့်ကြောင့် သေဆုံးပြီးအချိန် အတော်ကြာကြာအထိ ကိုက်ခဲနိုင်သေးတာကြောင့် သယ်ဆောင်သွားရာမှာလဲ အထူးဂရုစိုက်ဖို့လိုပါတယ်။

ရုပ်ရှင်တွေထဲမှာ ပြထားသလို သွေးထိန်းကြိုး စည်းတာ၊ မြွေကိုက်ဒဏ်ရာကို ဓားနဲ့ခွဲပြီး ပါးစပ်နဲ့ အဆိပ်ကို စုပ်ထုတ်တာမျိုး မလုပ်ပဲ ရှောင်ကြဉ်သင့်ပါတယ်။ ကိုက်လိုက်တဲ့မြွေကို လိုက်ဖမ်းရင်း အချိန်ကုန်သွားတာမျိုး လုံးဝမဖြစ်ဖို့လဲ အရေးကြီးပါတယ်။ ဆေးရုံမှာ အရေးပေါ်ခန်းထဲ ဆရာဝန်နဲ့ တွေ့ပြီဆိုရင်တော့ အသက်အန္တရာယ် ထိခိုက်စေမယ့် အရာမျိုးတွေကို အရင်ကုသပေးပါလိမ့်မယ်။ ဥပမာ အသက်ရှုရခက်နေသူတွေကို အသက်ရှုနိုင်အောင်၊ လန့်ဖြန့်ပြီး သတိလစ်နေသူတွေကိုသတိရအောင် လုပ်ပေးမှာပါ။ ပြီးမှ မြွေကိုက်ဒဏ်ရာကို သန့်စင်ပေးပြီး မေးခိုင်ကာကွယ်ဆေး ထိုးပေးမှာပါ။ ပြီးလျှင် အတွင်းမှာ ကျန်နေတဲ့ မြွေဆိပ်ကို ကုသပေးပါလိမ့်မယ်။ တချို့ဒဏ်ရာတွေကတော့ ပဋိဇီဝဆေးဝါးတွေနဲ့ ကုသဖို့လိုအပ်ပါတယ်။

Ref ;
စောနွဲ့နေဆိုင်(ပူတာအို)
ကျန်းမာရေးသတင်းများ
Wednesday, April 29, 2015

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18