Print

ဆီးမှာ သွေးပါနေခြင်း

  27-Feb-2017
Preview Image

ဆီးမှာ သွေးပါနေခြင်း
ဆီးမှာ သွေးပါခြင်းသည် ရောဂါ တစ်စုံတစ်ခုကြောင့်သာ ဖြစ်သည်။ ကုသရန် လိုသော အခြေအနေတစ်ရပ် ဖြစ်သည်။ ရဲရဲနီသောဆီး၊ သံချေးရောင် ညိုညစ်ညစ်ဆီး (သို့) အမည်းရောင်ဆီး ဖြစ်နိုင်သည်။ ပန်းရောင်ဆီးသည်ပင် သွေးပါခြင်း၏ လက္ခဏာ ဖြစ်နိုင်သည်။ ဆီး အရောင်နီရဲနေခြင်းမှာ သွေးပါခြင်းကြောင့် မဟုတ်ဘဲ အခြားသော အကြောင်း များကြောင့် ဖြစ်နိုင်သည်ကိုလည်း သတိပြုကြဖို့ လိုသည်။ ဆေးဝါးများ၊ အစားအစာတွင် ပါသော ဆိုးဆေးများနှင့် အစားအစာ အချို့ကြောင့် ဆီး အရောင်နီရဲနေခြင်း ဖြစ်တတ်ပါသည်။

ဆီး၌ သွေးပါခြင်းမှာ လိပ်ခေါင်းမှ ကျသော သွေးနှင့်အမျိုးသမီးများတွင် မီးယပ်သွေး တို့နှင့် ဆီး ထိတွေ့မှုကြောင့် ဖြစ်တတ်ပါသည်။ ဆီးအိမ် ရောင်ရမ်းခြင်းသည် ဆီး၌သွေး ပါစေသော အဓိက အကြောင်း တစ်ခု ဖြစ်သည်။ ဆီးအိမ် ရောင်ရမ်းပါက ကိုယ်အပူချိန် တက်၍ ဖျားခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အောင့်ခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ ဆီး မကြာခဏ သွားခြင်း စသည့် လက္ခဏာများ ဖြစ်စေနိုင်သည်။ ဆီး လမ်းကြောင်း ပိုးဝင်ခံရခြင်းမှာ လိင်ဆက်ဆံမှု မှတစ်ဆင့် ကူးစက်သွားနိုင်သည်။ ဆီးလမ်းကြောင်း ပိုးဝင်ခံရသူများသည် နာကျင်မှု ဝေဒနာကြောင့် လိင်ဆန္ဒ နည်းပါးမှု ဖြစ်နိုင်သည်။

အသက် ၄၀ ကျော် အမျိုးသားများတွင် ဆီး၌ သွေးပါခြင်းသည် ဆီးအိမ်ကြီးခြင်းကြောင့် ဆီးလမ်းကြောင်း မကြာခဏ ပါဝင်မှုကို ဖြစ်စေနိုင်သည်။ ဆီး၌ သွေးပါခြင်း မှာ ကျောက်ကပ်၌ ကျောက်တည်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ကျောက်ကပ် ကင်ဆာရောဂါ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာနှင့် ဝမ်းအိမ်ကင်ဆာရောဂါများတွင်လည်း ဆီး၌ သွေးပါတတ်ကြောင်း တွေ့ရသည်။ ဆီး၌ သွေးပါလျှင် ရောဂါဇာစ်မြစ် ဖော်ထုတ်နိုင်ရန်၊ စစ်ဆေးအဖြေရှာရန် အရေးကြီးပါသည်။ ဆီး၌ သွေးပါလျှင် -

(၁) ကာလ မည်မျှ ကြာမြင့်ခဲ့ပါသလဲ
(၂) အခြားလက္ခဏာများ ဘာတွေဖြစ်ပါသေးသလဲ
(၃) ဆေးဝါးအသစ် သုံးစွဲခဲ့ပါသလား
(၄) ဆီးဟာ နောက်ကျိနေပါသလား
(၅) ဆီး၌ ထူးခြားသော အနံ့ရှိနေပါသလား
စသည့်မေးခွန်းများကို ဖြေကြားကြည့်သင့်သည်။ ဆီး၌ သွေးပါရခြင်း၏ ဇာစ်မြစ် ရှာဖွေ ဖော်ထုတ်ရာတွင် အထောက်အကူ ဖြစ်စေနိုင်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးဆိုင်ရာ သတင်းနှင့်ဗဟုသုတများ စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18