Print

ဆီးချိုရောဂါ သမားများတွင် မှားယွင်းစွာယူဆ၊ ကျင့်သုံးမှု အလေ့အကျင့်များ

  27-Feb-2017
Preview Image

ဆီးချိုရောဂါ သမားများတွင် မှားယွင်းစွာယူဆ၊ ကျင့်သုံးမှု အလေ့အကျင့်များ
ဆီးချိုသွေးချို ရောဂါသည်များ၏ မှားယွင်းစွာ ယူဆ၊ ပြုမူ၊ ကျင့်သုံးမှု အလေ့အထ များမှာ -

(၁) တတ်သိနားလည်သော ဆေးပညာရှင်များ၊ ဆီးချိုသွေးချိုရောဂါ အထူးကု ပညာရှင်များ၏ အကြံပေးချက်များကို လက်ခံ လိုက်နာခြင်းမရှိဘဲ၊ အစာအာဟာရများကို မိမိထင်မြင် ယူဆချက် သက်သက်နှင့် စားသုံးနေကြခြင်း။

(၂) သိပ္ပံနည်းကျ လေ့လာစမ်းသပ်မှုများအပေါ် အခြေခံ၍ အကြံပြုချက်များကို မလိုက်နာဘဲ ဆီးချိုသွေးချို ဝေဒနာရှင် အချင်းချင်းထံမှဖြစ်စေ၊ ရပ်ကွက်ထဲမှလူများ၏ ထင်မြင်ယူဆ အကြံပေးချက်များကိုဖြစ်စေ လွဲမှားစွာ လက်ခံ လိုက်နာနေကြခြင်း။

(၃) အစားအစာနှင့်ဆေးဝါးကို အချိန်ကိုက်၍ စားသုံးခြင်းမရှိဘဲ စားချင်သလို စားသုံးနေကြခြင်း။

(၄) စားသုံးသည့် အစားအစာများတွင် အဓိကကျဆုံး ကစီဓာတ်လုံလောက်စွာ ပါဝင်ခြင်း မရှိဘဲ အရည်နှင့်အသားဓာတ်များ သက်သက်သာပါဝင်နေခြင်း။

(၅) အစားအစာ စားသုံးချိန်များကို တစ်သမတ်တည်းမရှိဘဲ စည်းကမ်း မရှိဘဲ စားချင်သလို စားသုံးနေခြင်း။

(၆) စားသုံးရန် မသင့်သော အစားအစာများကို တစ်ခါတလေပါ၊ နည်းနည်းလေး စားတာပါ စသည်ဖြင့် ဆင်ခြင်များပေးကာ စားသုံးတတ်ကြခြင်း။

မတည့်သော အစာများကို တစ်ခါတလေဖြစ်စေ၊ နည်းနည်း လျှော့စားသည်ဖြစ်စေ၊ စားသုံးသည်နှင့် သွေးချိုဓာတ်များ တက်လာပြီး သွေးချိုထိန်းသိမ်းမှုများ ပျက်စီးတတ် ပါသည်။ မတည့်သော အချိုဓာတ်သည် ဆီးချိုသွေးချို ရောဂါရှင်များ ကိုယ်တွင်းအင်္ဂါများကို တဖြည်းဖြည်းချင်း ထိခိုက် ပျက်စီးစေတတ်ကြောင်း သတိမူသင့်ကြပါသည်။ အဆိပ်ဟူသမျှ နည်းနည်းဖြစ်စေ ခန္ဓာကိုယ်ကို ထိခိုက် အန္တရာယ်ရှိကြောင်း သတိချပ်စေလိုပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးတင့်ဆွေလတ်
ဆီးချိုသွေးချိုရောဂါနှင့် အထွေထွေရောဂါကု ဆရာဝန်ကြီး

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18