Print

Glomerulonephritis (ကျောက်ကပ်ရောင် ရောဂါ)

  27-Feb-2017
Preview Image

Glomerulonephritis (ကျောက်ကပ်ရောင် ရောဂါ)
ကျောက်ကပ်ရောင် ရောဂါ ဆိုသည်မှာ ခန္ဓာကိုယ်၏ မကောင်းသော အရာများကို စွန့်ထုတ်ပေးရာ နေရာဖြစ်သည့် (Glomeruli ) ရောင်ရမ်းသည့် ရောဂါကို ဆိုလိုပါသည််။
ဖြစ်ပွားခံစားနေရသော အချိန်ပေါ်မူတည်၍ နှစ်မျိုး ခွဲခြားနိုင်ပါသည်။

Acute Glomerunephritis- ရုတ်တရက် ရောင်ရမ်းခြင်းနှင့်

Chronic Glomerunephritis- တာရှည် ရောင်ရမ်းခြင်း

 

 

လက္ခဏာများ
- ဆီးအနီရောင် သွားခြင်း
- ဆီးအမြှုပ်ထခြင်း ( ဆီးထဲတွင် အသားဓာတ်များ ပါလာသောကြောင့် ဖြစ်သည်)
- သွေးပေါင်ချိန် တက်ခြင်း
- ဖောရောင်ခြင်း( မျက်နှာ၊ လက်၊ ခြေထောက်၊ ဗိုက်)
- မောပန်းနွမ်းနယ်ခြင်း ( သွေးအားနည်းခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း တို့ကြောင့်ဖြစ် ရသည်)

 

ဖြစ်ပွားရသော အကြောင်းရင်းများ
အကြောင်းအရင်း အမျိုးမျိုးကြောင့် ကျောက်ကပ်ရောင်ခြင်းကို ဖြစ်ပွားတတ်သော် လည်း အချို့သူများတွင် အကြောင်းရင်း မတွေ့ရဘဲ ဖြစ်နေတတ်သည်။ အကြောင်းရင်း အချို့မှာ-

- Post-streptococcal glomerulonephritis စရပ်တိုကောကပ် ခေါ် ဘက်တီးရီးယားပိုး ဝင်ပြီးနောက် ကျောက်ကပ်ကို ထိပြီး ရောင်ရမ်းခြင်း
- Bacterial endocarditis- သွေးအတွင်း ပိုးအဆိပ်တက်ခြင်း
- သွေးတိုးရောဂါ
- ဆီးချိုရောဂါ
- Viral infections- အချို့ ဗိုင်းရပ်စ်ပိုးများကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။ ဥပမာ- HIV အိတ်အိုင်ဗွီ ဗိုင်းရပ်စ်၊ အသည်းရောင် အသားဝါ ဘီပိုးနှင့် စီပိုး။
- Lupus အရေပြားလေးဘက်နာ ရောဂါ
- Goodpasture’s syndrome- တုံပြန်ခုခံအားရောဂါ
- IgA nephropathy
- Polyarteritis - ခန္ဓာကိုယ် အနှံ့ အကြောရောင်ရောဂါ
- Wegener’s granulomatosis
- Focal segmental glomerulosclerosis- ကျောက်ကပ်၏ အချို့နေရာများ အမာရွတ်ဖြစ်ခြင်း

 

နောက်ဆက်တွဲ ပြဿနာများ
- ကျောက်ကပ် ပျက်စီးခြင်း
- နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်ခြင်း
- သွေးပေါင်ချိန် တက်ခြင်း
- Nephrotic syndrome

 

စစ်ဆေးမှုများ
- ဆီးစစ်ခြင်း- ဆီးထဲတွင် သွေးနီဥ သို့ သွေးနီဥ အပိုင်းအစများ ပါလာခြင်း၊ အသားဓာတ် ပါလာခြင်း တို့ဖြစ်ပါက ကျောက်ကပ် ထိခိုက်မှု ရှိနေသည် ယူဆနိုင်သည်။ ဆီးထဲ တွင် သွေးဖြုဥ ပါလာပါက ရောဂါပိုး ရှိနေသည်ဟု ယူဆနိုင်ပါသည်။
- သွေးစစ်ခြင်း-သွေးထဲတွင် urea နှင့် creatinine ဓာတ် စစ်ဆေးခြင်း(ပုံမှန်ဆိုလျှင် ၎င်းမကောင်းသော ပစ္စည်းများကို ကျောက်ကပ်မှ စွန့်ထုတ်ပေးသည်။ ကျောက်ကပ် မကောင်းပါက မစွန့်ထုတ်နို်င်ဘဲ သွေးထဲတွင် များလာခြင်း ဖြစ်သည်)
- ဓာတ်မှန်ရိုက်ခြင်း-ကျောက်ကပ် ကောင်းမကောင်း ပုံဖော်ခြင်း
- Computerized tomography ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း
- ကျောက်ကပ် အသားစ ယူ၍ စစ်ဆေးခြင်း- ကျောက်ကပ်ရောဂါ ဖြစ်ပွားစေသော အကြောင်းအရင်းကို အတိအကျသိစေရန် အသားစ စစ်ဆေးခြင်း

 

ကုသခြင်း
ကျောက်ကပ်ပျက်၍ သွေးတိုးနေပါက -

- ဆီးဆေးပေးခြင်း
- ACEI နှင့် ARB အုပ်စုဝင်ဆေးများ ပေး၍ ကုသခြင်း
ဖြစ်ပွားစေသော အဓိက အကြောင်းရင်းကို ကုသခြင်း။
ဥပမာ- ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပါက ပိုးသတ်ဆေး ပေး၍ ကုသခြင်း။
- Acute renal failure ကျောက်ကပ် ပျက်သွားပါက Haemodialysis ကျောက်ကပ်ဆေး၍ ကုသခြင်းများ ပြုလုပ်သင့်သည်။

 

လူနေမှု သဘာဝပြုမူ နေထိုင်ပုံနှင့် အိမ်တွင်းကုထုံးများ
- ဆား လျော့စားပါ။
- အသားဓာတ်နှင့် ပိုတက်ဆီယမ်ဓာတ်ကို အလွန်အကျွံ မစားသောက်ရပါ။
- ခန္ဓာကိုယ် အလေးချိန် ထိန်းပါ။
- သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပါ။ (အထူးသဖြင့် ဆီးချိုရောဂါရှိလျှင်)
- ဆေးလိပ်သောက်ခြင်းမှ ရှောင်ပါ။

 

ကာကွယ်ခြင်း
- စရပ်တိုကောကပ်စ် ဘက်တီးရီးယားပိုး ဝင်ခြင်းကြောင့် လည်ချောင်းနာခြင်းတို ့ဖြစ်ပေါ်ပါ က ကြိုတင်၍ ပိုးသတ်ဆေး သောက်ပါ။
- သွေးတိုး နှင့် ဆီးချိုတို့ကြောင့် ကျောက်ကပ် မထိရန် သွေးတိုး၊ ဆီးချိုတို့ကိုအစားအသောက် ၊ အနေအထိုင် ၊ ဆေးဝါးတို့ဖြင့် စနစ်တကျ ထိန်းပါ။

 

Dr.hp
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: Mayo clinic

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18