Print

ပန်ကရိယကင်ဆာနဲ့ပတ်သက်ပြီး သတိထားသင့်တဲ့ လက္ခဏာတွေ

  27-Feb-2017
Preview Image

 

အမေရိကန် ကင်ဆာအဖွဲ့အစည်းရဲ့ စာရင်းတွေအရ ၂၀၁၅ အတွင်းမှာ ပန်ကရိယ ကင်ဆာ ကြောင့် သေဆုံးသူဟာ လေး သောင်းရှစ်ထောင်ကျော်ရှိတယ် လို့ ဆိုထား ပါတယ်။ ပန်ကရိယ ကင်ဆာဟာ ရောဂါဖြစ်စမှာ စစ်ဆေးသိရှိဖို့ ခက်ခဲပြီး အလျင်အမြန် ပျံ့နှံ့လွယ်ကာ တိတ်တဆိတ် အသက်နုတ်ယူနိုင်တဲ့ ရောဂါမို့ ပန်ကရိယမှာ ပြဿနာရှိနေရင် ပြတတ်တဲ့ရောဂါလက္ခဏာတွေ ကို ဖော်ပြပေးလိုက်ပါတယ်။ ပန်ကရိယမှာ ပြဿနာရှိနေ ပြီဆိုတာနဲ့ မျက်လုံးတွေ၊ အသားအရေတွေ အဝါရောင်ပြောင်းလာ ပြီး အသားဝါရောဂါလက္ခဏာ ပေါ်လာကာ လက်တွေ၊ ခြေ ထောက်တွေ အထူးသဖြင့် လက် ဖဝါး၊ ခြေဖဝါး ယားယံတာမျိုးတွေ ဖြစ်တတ်ပါတယ်။

 

ဝမ်းဗိုက်နဲ့ အောက်ပိုင်းနာကျင်တာ မျိုးကလည်း ပန်ကရိယ ရောဂါနဲ့ ဆက်နွှယ်တာမို့ ခါတိုင်း လိုမဟုတ်ဘဲ ထူးထူးခြားခြားကြီး ကို နာကျင်နေရင်တော့ အကြောင်းရင်းကိုn သေချာစစ်ဆေးဖို့ လိုလာပါပြီ။ မအီမသာဖြစ်ပြီး ပျို့အန် တာတွေကလည်း ရောဂါလက္ခဏာ ရပ်တစ်ခုဖြစ်ပြီး အစာလမ်း ကြောင်း ပြဿနာကြောင့် သာမန် အစာမကျေ၊ ရင်ပြည့်တာလားဆို တာ စောင့်ကြည့်ပြီး တစ်ချိန်လုံး ဒီလိုမျိုးပဲ ဆက်ဖြစ်နေရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ဖို့လို ပါတယ်။ ကိုယ်လည်း ဝိတ်မချပါဘဲနဲ့ ရုတ်တရက်ကြီးကိုယ်အလေးချိန် တွေကျသွားတာက ပန်ကရိယ ကင်ဆာကြောင့်တင်မဟုတ်ဘဲ တခြားကင်ဆာရောဂါတစ်ခုခု ကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် သတိထားဖို့ လိုပါတယ်။

 

ပန်ကရိယကင်ဆာဝေဒနာ ရှင်တွေဖြစ်လေ့ရှိတာက ရုတ်တရက်ကြီး စားချင်သောက်ချင်စိတ်ပျောက်ပြီး ခံတွင်းပျက်၊ အစား နည်းနည်းလေးပဲစားတာမျိုးမို့ သတိထားသင့်သလို၊ အစာချေ ဖျက်မှုပြဿနာကြောင့် ဗိုက်ပွတာမျိုးဖြစ်တာ အချိန်ကြာနေရင်တော့ ပန်ကရိယရောဂါကြောင့် ဖြစ်နိုင်တဲ့အတွက် မပေါ့ဆသင့်ပါ ဘူး။ ထူးထူးခြားခြား ဘာမှမလုပ်ပါဘဲနဲ့ ဆက်တိုက်ဆိုသလို အားအင်ချည့်နဲ့ပြီး ပင်ပန်းနွမ်းလျတာဟာ ပန်ကရိယ
ကင်ဆာရဲ့ အစောပိုင်းရောဂါ လက္ခဏာတစ်ခုဖြစ် သလို မျိုးရိုးလည်းမရှိပါဘဲနဲ့ ရုတ်ခြည်းဆိုသလို ဆီးချိုရောဂါဖြစ် လာတာလည်း ပန်ကရိယရောဂါရဲ့ အချက်ပြမှု တစ်ခုဖြစ်တဲ့အ တွက် ဂရုပြုစစ်ဆေးသင့်ပါတယ်။နောက်ပြီး ဆီးအရောင်၊ ဝမ်း အရောင်မမှန်တာတွေကလည်း ရောဂါလက္ခဏာရပ်တွေပဲမို့ ဒီလို ဖြစ်ရခြင်းရဲ့နောက်ကွယ်က အကြောင်းရင်းကို ဖော်ထုတ်ဖို့အ ရေးကြီးပါတယ်။

 

Healthcare.com.mm
Ref: 7Day Daily

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18