Print

Gastritis (အစာအိမ်ရောင်ခြင်း)

  27-Feb-2017
Preview Image

 

အစာအိမ်ရောင်ခြင်း ဆိုသည်မှာ အစာအိမ်အနာဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ အကိုက်အခဲပျောက်ဆေးများ စွဲသောက်ခြင်းနှင့် အရက်အလွန်အကျွံ သောက်ခြင်းများကြောင့် အစာအိမ်၏ အနားသတ် နံရံများ ရောင်ရမ်းခြင်းကို ဆိုလိုသည်။

 

လက္ခဏာများ
အစာအိမ်ရောင်ခြင်းသည် ရောဂါလက္ခဏာများကို အမြဲတစေ မပြတတ်သော်လည်း များသောအားဖြင့် 
- ဗိုက်အပေါ်ပိုင်းတွင် မီးစနှင့် ထိုးသကဲ့သို ့အောင့်ခြင်း၊ 
- ပျို ့ခြင်း၊ အန်ခြင်းနှင့် 
- အစာစားပြီးချိန်တွင် ဝမ်းဗိုက်အပေါ်ပိုင်းတွင် ရင်ပြည့်ရင်ကယ် ခံစားနေရခြင်းများ ဖြစ်တတ်ပါသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
၁။ Helicobacter pylori ဟုခေါ်သော ဘက်တီးရီးယားကြောင့် အဖြစ်များသော်လည်း အခြားသော ဗိုင်းရပ်စ်များ၊ ကပ်ပါးကောင်များ ကြောင့်လည်း ဖြစ်နိုင်သည်။
၂။ အရက်နှင့် မူးယစ်ဆေးများ အလွန်အကျွံ သုံးစွဲ၍ လည်းကောင်း။
၃။ အကိုက်အခဲပျောက်ဆေးများ ဖြစ်သော Aspirin နှင့် Ibuprofen များကို ရေရှည်စွဲသောက်လျှင် လည်းကောင်း။
၄။ ထိခိုက်ဒဏ်ရာ ရခြင်း၊ ဆိုးရွားစွာ နာမကျန်းဖြစ်ခြင်းနှင့် ခွဲစိတ်မှု ပြူလုပ်ခါနီး ချိန်များတွင် စိတ်ဖိစီးမှု များခြင်းနှင့်
၅။ အစာစားချိန် မမှန်ခြင်းများကြောင့် အစာအိမ်ရောင်ခြင်းများ ဖြစ််စေနိုင်သည်။

 

နောက်ဆက်တွဲ ပြဿနာများ
အကယ်၍ မကုသပါက နောက်ပိုင်းတွင် အစာအိမ် အနာများဖြစ်ခြင်း၊ အစာအိမ်တွင်း သွေးထွက်ခြင်းနှင့် ရှားပါးရောဂါ အနေဖြင့် နာတာရှည် အစာအိမ်ရောင်ပါက အစာအိမ်ကင်ဆာ အထိ ဖြစ်စေနိုင်သည်။ 

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရသည်နှင့် တစ်ပြိုင်နက် နီးစပ်ရာ ကျန်းမာရေးဆေးခန်းသို ့အမြန်ဆုံး သွားရောက်ပြသသင့်သည်။

 

စစ်ဆေးမှုများ
ဆရာဝန်မှ ရောဂါအခြေအနေအကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ ပြုလုပ်၍ အစာအိမ်ရောင်သည်ဟု သံသယရှိသည်နှင့် H.pylori ရှိမရှိကို သွေးဖောက်စစ်ခြင်း၊ ဝမ်းစစ်ဆေးခြင်းနှင့် Breath test ခေါ် အသက်ရှူ စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။ ထို ့ပြင် အစာအိမ်မှန်ပြောင်း ကြည့်ခြင်း၊ မှန်ပြောင်းကြည့်ရင်း လိုအပ်ပါက အသားစ ယူ၍ စစ်ဆေးခြင်းနှင့် Barium meal X-ray ခေါ် ဘေရီယမ်ကို မျိုချ၍ ဓာတ်မှန်ရိုက်ခြင်းများလည်း ပြုလုပ်နိုင်ပါသည်။

 

ကုသခြင်း
အကယ်၍ အစာအိမ်ရောင်ခြင်းသည် အရက်အလွန်အကျွံ သောက်ခြင်း၊ အကိုက်အခဲပျောက်ဆေးများ စွဲသောက်ခြင်းနှင့် အပူအစပ်များ အစားများခြင်းကြောင့် ဆိုပါက ထိုအရာများကို ရပ်လိုက်ခြင်းဖြင့်လည်း သက်သာစေနိုင်သည်။H.pylori ကြောင့်ဆိုပါက Clarithromycinနှင့် Amoxicillin (သို ့) Metronidazole ကို ပေါင်း၍ ၂ပတ်ခန် ့သောက်ပေးရမည်။ Omeprazole ၊ Lansoprazole၊ Pantoprazole များဖြစ်သော Proton pump inhibitor များကိုလည်း အစာအိမ် အက်ဆစ် အထွက်နည်းစေရန် သောက်သုံးနိုင်သည်။သို ့သော် ရေရှည်စွဲသောက်ပါက ခါး၊ လက်ကောက်ဝတ်နှင့် ကျောရိုးကျိုးခြင်းများ ဖြစ်နိုင်သည့်အတွက် ဆရာဝန် ညွှန်ကြားသည့် အတိုင်းသာ သောက်သင့်ပါသည်။တခြားဆေးများ အနေဖြင့် အက်ဆစ်ထွက်ခြင်းကို ဟန် ့တားစေသော H2 blocker များဖြစ်သည့် Ranitidine၊ Famotidine များနှင့် အက်ဆစ်များကို ဓာတ်ပြယ်စေသော Antacids များသောက်ပေးခြင်းဖြင့်လည်း အစာအိမ်ရောင်ခြင်း လက္ခဏာများကို လျှင်မြန်စွာ သက်သာစေနိုင်သည်။သို ့သော် ဘေးထွက်ဆေးကျိုးများ အနေဖြင့် တစ်ချို ့Antacids များက ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်းများ ဖြစ်စေနိုင်ပါသည်။

 

ကာကွယ်ခြင်း
အစာအိမ်ရောင်ခြင်းမှ ကာကွယ်ရန် အပူအစပ်များ လျှော့စားခြင်း၊ အစားကို အချိန်မှန် စားခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊ H.pylori မကူးစက်စေရန် အစာမစားမီ လက်ကို ဆပ်ပြာနှင့် သေချာစင်ကြယ်အောင် ဆေးခြင်းနှင့် အစားအစာများကို သေချာကျက်အောင် ချက်ပြုတ်ခြင်းများ ပြုလုပ်သင့်ပါသည်။

 

PTA
Healthcare.com.mm
Ref: Mayoclinic

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18