Print

Cardiogenic shock

  27-Feb-2017
Preview Image

 

ရုတ်တရက် နှလုံးမညှစ်နိုင်ဖြစ်ကာ ခန္ဓာကိုယ်မှ လိုအပ်သော သွေးပမာဏကို လုံလောက်စွာ မထောက်ပံ့နိုင်တော့ခြင်းကြောင့် Cardiogenic shock ဟုခေါ်သည်။ အချိန်မီ မကုသပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။

 

လက္ခဏာများ
Cardiogenic shock တွင် 
- အသက်ရှူမြန်ခြင်း၊ မောခြင်း
- ရုတ်တရက် နှလုံးခုန်မြန်လာခြင်း
- ချွေးစေးများပြန်ခြင်း၊ 
- ခြေ၊ လက်များ အေးစက်ခြင်း၊ ဖြူဖတ်ဖြူလျော်ဖြစ်ခြင်း
- သွေးခုန်နှုန်း စမ်း၍မရခြင်း၊ သတိမေ့သွားခြင်း
- ဆီးသွားနည်းခြင်း သို့မဟုတ် ဆီးမထွက်တော့ခြင်း တို့ဖြစ်နိုင်သည်။

 

ထို့ပြင် နှလုံးရုတ်တရက် တိုက်ခိုက်ခံရခြင်း၏ လက္ခဏာများဖြစ်သော
- ရင်ဘတ်အလယ်တွင် ဖိထား၊ ညှစ်ထားခံရသကဲ့သို့ အောင့်ခြင်း
- လက်မောင်းထိပ်၊ လက်မောင်း၊ ကျောကုန်းနှင့် မေးရိုးတို့ထိအောင် နာကျင်ခြင်း
- မကြာခဏ ရင်ဘတ်အောင့်ခြင်း


ထို့ပြင် နှလုံးရုတ်တရက် တိုက်ခိုက်ခံရခြင်း၏ လက္ခဏာများဖြစ်သော
- ရင်ဘတ်အလယ်တွင် ဖိထား၊ ညှစ်ထားခံရသကဲ့သို့ အောင့်ခြင်း
- လက်မောင်းထိပ်၊ လက်မောင်း၊ ကျောကုန်းနှင့် မေးရိုးတို့ထိအောင် နာကျင်ခြင်း
- မကြာခဏ ရင်ဘတ်အောင့်ခြင်း
- ဝမ်းဗို်က်အထက်ပိုင်း၌ အောင့်ခြင်း
- မောခြင်း၊ ချွေးစေးပျံခြင်း
- ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း
- ပျို့ခြင်း၊ အန်ခြင်း တို့လဲ ဖြစ်တတ်သည်။

 

ဆရာဝန်နှင့် ပြသသင့်သောအချိန်
Cardiogenic shockသည် အချိန်မီ မကုသပါက အသက်ဆုံးရှုံးနိုင်သဖြင့် လက္ခဏာများပေါ်ပေါက်လာပါက ဖြစ်လျှင်ဖြစ်ချင်း နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားရောက် ပြသသင့်ပါသည်။ နှလုံးရုတ်တရက် ရောဂါဖောက်ခြင်း (Heart Attack) ၏ လက္ခဏာများ ပေါ်ပေါက်ပါက ဖြစ်လျှင်ဖြစ်ချင်း ကုသမှု ခံယူခြင်းဖြင့် Cardiogenic shock ကို ကြိုတင်ကာကွယ်နိုင်ပါသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
- အဓိက ဖြစ်စေသော အကြောင်းရင်းမှာ နှလုံးရုတ်တရက် ရောဂါဖောက်ခြင်း (Heart Attack) ကြောင့် နှလုံးကြွက်သားများ အောက်ဆီဂျင်မလုံမလောက်ဖြစ်ကာ မညှစ်နိုင်တော့၍ ဖြစ်သည်။
- တခါတရံတွင် နှလုံးကြွက်သား ရောင်ရမ်းခြင်း (Myocarditis) ၊ နှလုံးအဆို့ရှင်ရောင်ရမ်းခြင်း (Endocarditis)၊ အချို့ဆေးများကို အလွန်အကျွံ သုံးစွဲမိခြင်း၊ နှလုံးကို ထိခိုက်စေတတ်သော အဆိပ်တမျိုးမျိုးကို သုံးမိခြင်း တို့ကြောင့်လည်း Cardiogenic shock ရနိုင်သည်။

 

အဖြစ်များသူများ
- နှလုံးရောဂါရှင် အသက်ကြီးသူများ
- နှလုံးရုတ်တရက် တိုုက်ခိုက်ခံရဖူးသူများ
- နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူများ
- ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါရှိသူများတွင် အဖြစ်များသည်။

 

ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ
ဖြစ်လျှင်ဖြစ်ချင်း မကုသပါက ကျောက်ကပ်၊ အသည်းနှင့် အခြားသော အင်္ဂါများ ပျက်ဆီးရုံသာမက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။

 

စစ်ဆေးမှုများ
- နီးစပ်ရာ ဆရာဝန်နှင့် ပြသ၍ Shock ၏ လက္ခဏာများကို စစ်ဆေးခြင်း
- သွေးပေါင်ချိန်တိုင်းခြင်း
- ECG ဆွဲခြင်း၊ ဓာတ်မှန်ရိုက်ခြင်း
- ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်း၊ ရောဂါပိုးဝင်ခြင်း တို့ကို သိနိုင်ရန်နှင့် သွေးတွင်း အောက်ဆီဂျင် ပမာဏကို သိနိုင်ရန် သွေးစစ်ခြင်း
- နှလုံးကို Echocardiogram ရိုက်ခြင်း
- နှလုံးသွေးကြောကျဉ်း၊ မကျဉ်းကို ပြွန်ထည့်၍ စစ်ဆေးခြင်း တို့ပြုလုပ်နို်င်ပါသည်။

 

ကုသခြင်း
- ဖြစ်ပွားပါက ဖြစ်လျှင်ဖြစ်ချင်း ကုသရန်လိုအပ်သည်။
- ကိုယ်တွင်းအင်္ဂါများ ပျက်စီးမှုကို ကာကွယ်နိုင်ရန် အောက်ဆီဂျင်ရှူခြင်း၊ လိုအပ်ပါကအသက်ရှူစက်တပ်ခြင်းနှင့် လိုအပ်သော အရည်များကို သွေးကြောတွင်းမှ သွင်းခြင်းတို့ကို ပြုလုပ်ရမည်။
- နှလုံးကြွက်သားများ သွေးလုံလောက်စွာ ရစေရန် သွေးကြဲဆေး၊ သွေးခဲပျော်ဆေးများ၊ နှလုံးညှစ်အားကောင်းစေသော ဆေးများကို အသုံးပြုနိုင်သည်။
- လိုအပ်ပါက နှလုံးသွေးကြော အစားထိုးခြင်း၊ နှလုံးစက်တပ်ခြင်း၊ နှလုံးအစားထိုးခြင်း စသော ခွဲစိတ်မှုများကို ပြုလုပ်နိုင်ပါသည်။

 

ကာကွယ်ခြင်း
Cardiogenic shock မဖြစ်အောင် 
- သွေးတိုး ထိန်းခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- အဝမလွန်အောင် ထိန်းသိမ်းခြင်း
- သွေးတွင်း အဆီဓာတ်ကို လျှော့ချခြင်း
- လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း တို့ဖြင့် ကာကွယ်နို်င်ပါသည်။

 

Lei 
Healthcare.com.mm
Ref: Mayo clinic

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18