Print

Meningitis( ဦးနှောက်အမြှေးရောင်ရောဂါ)

  27-Feb-2017
Preview Image

 

ဦးနှောက်အမြှေးရောင်ခြင်းဆိုသည်မှာ ဦးနှောက် Brain နှင့် အာရုံကြောမကြီး Spinal cord ကိုအုပ်ထားသော အမြှေးပါးနှင့်တကွ ဦးနှောက်အတွင်းရှိအရည်များ ပိုးဝင်ရောက်ခြင်းကြောင့်ရောင်ရမ်းခြင်းကိုဆိုလိုပါသည်။

 

လက္ခဏာများ
ရုတ်တရက်အဖျားကြီးခြင်း
လည်ပင်းတောင့်ခိုင်ခြင်း
အလွန်အမင်းမခံနိုင်အောင်ခေါင်းကိုက်ခြင်း
ပျို့အန်ခြင်း
တောင့်ခြင်း၊တက်ခြင်း
မှိန်းခြင်း၊ နိုးရခက်ခြင်း
အလင်းရောင်မခံနိုင်ခြင်း
အစားချင်၊မသောက်ချင်ဖြစ်ခြင်း
အနီကွက်ထခြင်း( in case of meningococcal meningitis)

 

အသက်၂လအောက်ကလေးများတွင်တွေ့ရနို်င်သောလက္ခဏာများ။
အဖျားကြီးခြင်း
အဆက်မပြတ်ငိုခြင်း
အလွန်အိပ်ခြင်း၊ ချော့မရအောင် ဂဏာမငြိမ်ဖြစ်ခြင်း
မှိန်းခြင်း
လည်ပင်းသို့ တကိုယ်လုံးတောင့်ခြင်း

 

ဆရာဝန်နှင့်သွားရောက်ပြသင့်သောအချက်များ
ဖျားခြင်း
အလွန်အမင်းခေါင်းကိုက်ခြင်း
ဂယောင်ဂတမ်းဖြစ်ခြင်း
အန်ခြင်း
လည်ပင်းတောင့်ခြင်း

 

ဖြစ်ပွားစေသောအကြောင်းရင်းများ

Viral meningitis- ဗိုင်းရစ်ပိုးကြောင့်ဖြစ်ပွားခြင်းသည် အများဆုံးဖြစ်သည်။
Bacterial meningitis ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပါက
နောက်ဆက်တွဲဆိုးရွားနိုင်ပြီး အသက်အန္တာရာယ်အထိ ထိခိုက်နို်င်သည်။

 

ဖြစ်ပွားစေနို်င်သော ဘက်တီးရီးယားပိုးအမျိုးအစားများမှာ-
Streptococcus pneumonia
Neisseria meningitidis
Haemophilus influenza
Listeria monocytogenes
Fungal meningitis- မှိုရောဂါပိုးကြောင့်ဖြစ်ခြင်း
Others အချို့ sarcoidosis ရောဂါမျိုးကြောင့်လည်းဖြစ်ပွားနိုင်ပါသည်။

 

အဖြစ်များသောလူအုပ်စုများမှာ-
ကာကွယ်ဆေးပြည့်စုံအောင် မထိုးရသေးသူများ
အသက်ကြီးလွန်း ငယ်လွန်းခြင်း
လူထူထပ်စွာနေထိုင်ရသူများ
ကိုယ်ဝန်ဆောင်အမျိုးသမီးများ
ခုခံအားကျဆင်းနေသူများ

 

နောက်ဆက်တွဲဆိုးကျိုးများ
အကြားအာရုံချို့တဲ့ခြင်း
မှတ်ဉာဏ်ချို့ယွင်းခြင်း
သင်ကြားမှုခက်ခဲခြင်း
ဦးနှောက်ပျက်စီးခြင်း
လှုပ်ရှားမှုအနေအထားပြောင်းလဲခြင်း
တက်ခြင်း
ကျောက်ကပ်ပျက်စီးခြင်း
Shock ရခြင်း
အသက်ဆုံးရှုံးခြင်း -အထိဖြစ်ပေါ်နိုင်ပါသည်။

 

ရောဂါရှာဖွေခြင်း
ဆရာဝန်မှ ရောဂါဖြစ်စေမည့် ဇစ်မြစ်ကိုရှာဖွေခြင်း
သွေးစစ်ခြင်း၊သွေးထဲရှိအကောင်ပေါက်မပေါက်မွေးခြင်း
ဓာတ်မှန်ရိုက်ခြင်း- ကွန်ပျုတာဓာတ်မှန်ရိုက်ခြင်း
သံလိုက်ဓာတ်မှန်ရိုက်ခြင်း
ခါးဆစ်ရိုးအတွင်းမှ ဦးနှောက်အတွင်းအရည်ယူ၍ ပိုးရှိမရှိစစ်ဆေးခြင်း။ပိုးအမျိုးအစားခွဲခြားခြင်း။

 

ကုသခြင်း

ကုသခြင်းတွင် ဖြစ်စေသည့် အခြေခံ အကြောင်းရင်းကို နှိမ်နင်းခြင်းသည် အဓိက ကျသည်။ ဥပမာ- ဘက်တီးရီးယားပိုးကြောင့်ဖြစ်လျှင် ပိုးသတ်ဆေးသောက်ခြင်း။သို့သော် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်လျှင် ပိုးသတ်ဆေးနှင့် ကုသ၍မရသဖြင့် ကုသနည်းတွင်ကောင်းမွန်စွာအနားယူခြင်း၊ အရည်မျာများသောက်ပေးခြင်း၊ နာကျင်ခြင်း အတွက်ဆေးသောက်ခြင်း၊။ ဗိုင်းရပ်စ်ဖြစ်ပေါ်ခြင်းသည် ရက်သတ္တပတ် အနည်းငယ် အကြာတွင်ကောင်းမွန်သွားတတ်ပါသည်။

 

ကာကွယ်ခြင်း
ဦးနှောက်အမြှေးရောင်ရောဂါမဖြစ်ပွားရန် ကြိုတင်ထိုးနှံနိုင်သော ကာကွယ်ဆေးများမှာ-
MMR vaccine - ဝက်သက်၊ ဂျိုက်သိုး၊ ပချိုတ်ရောင်ရောဂါကာကွယ်ဆေး။
Meningitis C vaccine
Meningitis W vaccine
Haemophilus influenza vaccine
Pneumococcal vaccine 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref: NHS choices
Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18