Print

ခေါင်းကိုက်ဝေဒနာခံစားနေရလျှင်

  27-Feb-2017
Preview Image

အစေ့အဆန်စားပါ
ခေါင်းကိုက်တာအတွက် အစေ့အဆန်ဖြစ်တဲ့ ဗာဒံစေ့စားသုံးတာက သက်သာစေပါတယ်။ 

 

ပန်းသီးရှာလကာရည်ကိုအသုံးပြုပါ။
ပန်းသီးရှာလကာရည်ကို အိမ်သုံးဆေးနည်းတစ်လက်အဖြစ် လွန်ခဲ့တဲ့နှစ်ပေါင်း များစွာ ကတည်းက အသုံးပြုခဲ့ကြပါတယ်။ ခေတ်သစ်လေ့လာမှုတွေအရ ပန်းသီးရှာလကာရည်က နာမကျန်းဖြစ်မှုအတွက် အသုံးပြုနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ခေါင်းကိုက်တာအတွက် အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။

 

ပြုလုပ်နည်း
ပန်းသီးရှာလကာရည် ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံကို ခွက်အကြီးတစ်ခုထဲထည့်ပြီး ရေနွေးဆူဆူ ခွက်သုံးခွက်စာလောင်းထည့်ပါ။ ရေနွေးငွေ့တွေ ရှူရှိုက်ဖို့ ခွက်အကြီးပေါ်မှာ မျက်နှာအပ်ပြီး တဘက်တစ်ထည်ကို ခေါင်းကနေမျက်နှာပါလုံအောင် ခြုံထားပါ။ရေနွေးငွေ့ မထွက်တော့တဲ့အထိ အသက်ကို ဖြည်းဖြည်းရှူသွင်း၊ ရှူထုတ်လုပ်ပါ။ ပြီးနောက် မျက်နှာကို ခြောက်သွေ့သန့်ရှင်းတဲ့ တဘက်နဲ့သုတ်ပြီး ရေအေးအေးတစ်ခွက်သောက်ပါ။

 

ချောကလက်လျှော့စားပါ
ချောကလက်နဲ့ ကဖင်းဓာတ်တွေက တချို့တွေမှာ ခေါင်းကိုက်တာကို ဖြစ်စေတာကြောင့် ချောကလက်နဲ့ ကဖင်းဓာတ်ကို လျှော့စားဖို့ လိုအပ်ပါတယ်။

 

ရေသောက်ပါ
ခန္ဓာကိုယ်အတွက် တစ်နေ့တာလိုအပ်တဲ့ ရေပမာဏကို ရရှိအောင် သောက်သုံးဖို့လိုပါတယ်။ ကော်ဖီ၊ အရက်၊ အချိုရည်တွေက ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်မှုကို ဖြစ်စေပြီး ခေါင်းကိုက်စေပါတယ်။ ခေါင်းကိုက်တာကို ခံစားရတယ်ဆိုရင် ရေတစ်ခွက် အရင်ဆုံး သောက်လိုက်ပါ။ ရေဓာတ်ပြည့်ဝသွားပါက ခေါင်းကိုက်တာ တဖြည်းဖြည်းချင်း ပြန်ကောင်းသွားနိုင်ပါတယ်။

 

ခဲတံကိုက်ပါ
ဖိအားနဲ့ ကိုက်ထားစရာ မလိုပါဘူး။ ခဲတံကို ထိန်းထားရင်းကပြုံးပါ။ ပြီးရင်ခဏအနားပေးပါ။ ကြွက်သားတွေနဲ့ မေးရိုးတွေအနားရစေလို့ ခေါင်းကိုက်တာသက်သာစေပါတယ်။ သွားတွေနဲ့ အတင်းဖိကိုက်ထားမယ်ဆိုရင်တော့ ဖိစီးမှုကိုဖြစ်စေပြီး ခေါင်းကိုက်တာကိုဖြစ်စေနိုင်ပါတယ်။ စိတ်အပန်းဖြေပါ၊ အသက်ဝဝရှူပါ၊ လှုပ်ရှားပါ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ၊ သွေးပူလေ့ကျင့်ခန်းလုပ်ပါ၊ အိမ်အပြင်ထွက်ပါ၊ ချင်း (ဂျင်း) ဝါးစားပါ။

 

ပြုလုပ်နည်း
ခပ်ပါးပါး လှီးဖြတ်ထားတဲ့ ချင်း (ဂျင်း) သုံးခုလောက်ကို ခွက်နှစ်ခွက်စာရှိတဲ့ ရေထဲထည့်စိမ်ပြီး အဖုံးအုပ်ကာ မိနစ် ၃၀ လောက်ထားပါ။ ပြီးနောက် ချင်း (ဂျင်း) ဖတ်တွေကို ဖယ်ရှားကာ အရည်ကိုသောက်ပေးပါ။

 

ရေခဲအိတ်ကပ်ပါ
တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ညမီးအိမ် အလင်းရောင်လောက်ပဲဖွင့်ထားပါ။ လဲလျောင်းပြီး နဖူးပေါ်ကို ရေခဲအိတ်ကပ်ပေးပါ။ 

 

ဟင်းချိုမှုန့်ရှောင်ပါ

ကိုယ်နေဟန်ထား မှန်ကန်ပါစေ
လှုပ်ရှားမှုနည်းပြီး အထိုင်များတဲ့ အလုပ်လုပ်သူတွေမှာ ခေါင်းကိုက်တာဖြစ်နိုင်ချေများပါတယ်။ တစ်နေကုန် ကွန်ပျူတာရှေ့မှာပဲ အလုပ်လုပ်နေတာက ကြွက်သားတွေကို တင်းတောင့်နေစေပြီး ခေါင်းကိုက်တာကို ပိုမိုဖြစ်နိုင်ခြေများစေပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
အိဖြူ (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.268, November, Pg.186-188



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18