Print

သားဆက်ခြားခြင်းဆိုင်ရာ အယူအဆ အမှားများ

  28-Feb-2017
Preview Image

သားဆက်ခြားခြင်းဆိုင်ရာ အယူအဆ အမှားများ

အရေးပေါ်ဆေးကဒ်ကို အတူနေပြီးတိုင်းသောက်တယ်။ ဒါဟာလည်း အင်မတန်လွဲမှားတဲ့ အယူအဆတစ်ရပ်ဖြစ်ပါတယ်။ တကယ်တော့ အရေးပေါ်ဆေးကဒ်ဆိုတာ သူ့နာမည်အတိုင်းပဲ အရေးပေါ်တဲ့အချိန်မှာသာ အသုံးပြုသင့်တာပါ။ ကိုယ့်ရည်းစားနဲ့ မတော်တဆ 
လွန်လွန်ကျူးကျူး ဖြစ်သွားတဲ့အခါ၊ အဓမ္မ အကျင့်ခံလိုက်ရတဲ့အခါ၊ အိမ်ထောင်သည်တွေ
သားဆက်ခြားနည်း မသုံးရသေးဘဲ အတူနေမိလိုက်တာ စတဲ့မထင်မှတ်ဘဲ အကာ
အကွယ်မဲ့ လိင်ဆက်ဆံပြီး ငါးရက်အတွင်းသောက်ရတယ်။ စောနိုင်သမျှစော သောက်လေကောင်းလေပါပဲ။ ရာနှုန်းပြည့် ကိုယ်ဝန်မရနိုင်အောင်တော့ မတားပေးနိုင်ဘူး။ ဆေးသောက်ပြီး နှစ်နာရီအတွင်း အန်ထွက်လျှင် ထပ်သောက်ဖို့လိုမယ်။ မအန်ရင်တော့ သောက်စရာမလိုဘူး။ ဒါကသူ့ကို အသုံးပြုနည်းအမှန်။

ဒါပေမယ့် ဘယ်လိုအသုံးပြုနေကြလဲဆိုတော့ အိမ်ထောင်သည်တွေက သိပ်လည်းအတူ မနေဖြစ်ပါဘူးဆိုပြီး တခြားဘာ သားဆက်ခြားနည်းမှ မသုံးဘူး။ အတူနေပြီး နောက်နေ့ဆို ဒီအရေးပေါ်ဆေးကို သောက်တယ်။ တချို့ချစ်သူစုံတွဲတွေဆိုလဲဒီလိုပဲ မတော်တဆ ချစ်နယ်ကျွံတာမျိုး မဟုတ်ဘဲ ပုံမှန်ဆက်ဆံမှုရှိနေပေမယ့် ဒီဆေးကဒ်ကိုပဲ အတူနေပြီးတိုင်းသောက်တယ်။ 

ဒီဆေးက ခဏခဏသောက်ရင် ဘာဖြစ်လဲဆိုတော့ လူကိုနေ့စဉ် သောက်ဆေးကဒ်တို့၊ ထိုးဆေးတို့၊ ပစ္စည်းထည့်တာတို့နဲ့ ယှဉ်လိုက်ရင် ကိုယ်ဝန်တားနိုင်စွမ်းက နည်းတယ်။ 
ဒီတော့ လိင်ဆက်ဆံမှု ရှိနေတာကို ဒီဆေးကိုပဲ အမြဲသောက်နေမယ်ဆို တစ်ကြိမ်မဟုတ် တစ်ကြိမ် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဟာ ပုံမှန်လိင်ဆက်ဆံမှု ရှိနေတဲ့သူဆိုရင်တော့ ဒီလိုအရေးပေါ်ဆေးကတ်ကို စွဲသောက်နေတာထက် စိတ်ချရတဲ့သားဆက်ခြားနည်းတစ်ခုခုကို အသုံးပြုသင့်ပါသည်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာဖြိုးသီဟ
Good Health Joinal

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18