Print

ပဋိသန္ဓေတားဆေးနှင့် ထိုးဆေး

  28-Feb-2017
Preview Image

ပဋိသန္ဓေတားဆေးနှင့် ထိုးဆေး
 

ပဋိသန္ဓေတားဆေးဆိုတာ မ ဟော်မုန်း (အီစရိုဂျင်ဟော်မုန်းနဲ့ ဂရိုဂျက်စတင်ဟော်မုန်း) တို့ ပါဝင်တဲ့ ဆေးဖြစ်တယ်။ ဟော်မုန်းဆိုတာ တစ်ကယ်တော့ လူ့ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ ဓာတ်ပစ္စည်းဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပါတယ်။ မ ဟော်မုန်းတွေရဲ့ အတက်အကျကြောင့် သားဥကြွေတာ ရာသီပေါ်တာတွေ ဖြစ်ပေါ်တာပါ။ အခု ဒီပဋိသန္ဓေတားဆေးတွေမှာပါတဲ့ မ ဟော်မုန်းတွေဟာ ခန္ဓာကိုယ်မှာရှိနေတဲ့ သဘာဝ မဟော်မုန်းတွေနဲ့ ဂုဏ်သတ္တိချင်း အတူတူပဲဖြစ်ပါတယ်။ အဲဒီဆေးတွေ သုံးခြင်းဟာ အဓိကအားဖြင့် သားဥကြွေတာကို ဟန့်တားတဲ့အတွက်ကြောင့် ကိုယ်ဝန် မရနိုင်တာ ဖြစ်ပါတယ်။ ပဋိသန္ဓေတား စားဆေးအနေနဲ့ တစ်ချို့စားဆေးတွေမှာ ဟော်မုန်းနှစ်မျိုးစလုံး ပါဝင်ပြီး တစ်ချို့စားဆေးတွေမှာ ပရိုဂျက်စတင်ဟော်မုန်းတစ်မျိုးသာ ပါဝင်ပါတယ်။ ဒီတားဆေးကတ်တွေဟာ နာမည်မျိုးစုံ၊ တံဆိပ်မျိုးစုံးနဲ့ အလွယ်တကူ ဝယ်ယူလို့ရနိုင်တယ်။

ဆေးကတ်အများစုမှာ ဆေးလုံး (၂၈) လုံးပါတယ်။ ပထမ (၂၁) လုံးက ဟော်မုန်းနှစ်မျိုး ပါတဲ့ တားဆေးလုံးလေးတွေဖြစ်တယ်။ ကျန်တဲ့အရောင်မတူတဲ့ ဆေးလုံးအညိုလေး (၇) လုံးကတော့ ဗီတာမင်နဲ့ သံဓာတ်ပါတဲ့ အားဆေးလုံးလေးတွေဖြစ်ကြတယ်။ တစ်နေ့တစ်လုံးမှန်မှန်သောက်၊ စုစုပေါင်း (၂၈) လုံးသောက်ပြီး နောက်ထပ်ဆေး တစ်ကတ်ပြန်စသောက်ရမှာပါ။ ပဋိသန္ဓေထိုးဆေးအနေနဲ့ (၃) လခံထိုးဆေး၊ (၂) လခံထိုးဆေး၊ (၁) လခံထိုးဆေးတို့ ဖြစ်ပါတယ်။ အသုံးအများဆုံး (၃) လခံဆေးအနေနဲ့ ဒက်ပို (Depo) ထိုးတယ်လို့ ပြောကြတယ်။ ပရိုဂျက်စတင်ဟော်မုန်းတစ်မျိုးပဲပါတယ်။ ရာသီလာလာ မလာလာ ဒီဆေးဟာ (၃) လခံဆေးဆိုရင် (၁၂) ပတ်ပြည့်တိုင်း ထိုးကိုထိုးရမယ်။ ဖြစ်နို်င်လျှင် နောက်တစ်ခါထိုးတာ ကောင်းပါတယ်။ နောက်ကျမယ်ဆိုလျှင်လည်း နှစ်ပတ်ထက်ပိုပြီး နောက်ကျလို့မရပါဘူး။

 

အရေပြားအောက်ထည့်ပစ္စည်း (Implant)
(Implanon) လို့ အမည်ရတဲ့ အရေပြားအောက်ထဲထည့်တဲ့ ပစ္စည်းက ပလတ်စတစ်ပျော့ပျော့လေးနဲ့ လုပ်ထားတာပါ။ အရွယ်ကသွားကြားထိုးတံလောက်၊ အရှည်က ၁ လက်မခွဲ ( ၄ စင်တီမီတာ) လောက်ရှိပါတယ်။ ပလတ်စတစ်ပျော့နဲ့ လုပ်ထားသောကြောင့် ကွေးလွယ်ဆန့်လွယ်တယ်။ ဒါကြောင့် အရေပြားအောက်ထဲ ထည့်ထားတဲ့အခါ အလိုက်သင့် လှုပ်ရှားနိုင်ပြီး မနာကျင်ဘူးပေါ့။ သူ့အရောင်ကလည်း အဖြူနဲ့နံသာရောင်ကြားဆိုတော့ အပြင်ဘက်ကကြည့်ရင် မမြင်နိုင်ဘူး။ လက်မောင်း အရေပြားပေါ်က အသာလေးလှိမ့်ကြည့်ရင်တော့ အလွယ်တကူ စမ်းကြည့်လို့ရတယ်။ ဒီပစ္စည်းလေးထည့်ပြီး တကယ်လို့ အမျိုးသမီးက ပြန်ထုတ်ချင်ရင် အချိန်မရွေး ပြန်ထုတ်လို့ရတယ်။ ဒီဆေးကလည်း သွေးထဲမှာ အကြာကြီး မကျန်ရစ်ခဲ့ဘူး။ ပြန်ထုတ်လိုက်မယ်ဆိုရင် အလွယ်တကူ ကလေးပြန်ပြီးရနိုင်တယ်။
ဒီပစ္စည်းထဲမှာ အမျိုးသမီးဟော်မုန်း ပရိုဂျက်စတီရုန်း ပါဝင်ပါတယ်။ အရေပြားအောက်ထဲ ထည့်ထားတော့ နေ့စဉ်သွေးကြောထဲကို ဒီဟော်မုန်းလေးတွေ နည်းနည်းစီစိမ့်ဝင်သွားစေပြီး သန္ဓေတားပေးပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit: Original Writer
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18