Print

သွေးဆုံးခါနီး အမျိုးသမီးတွေဟာ ဘယ်လိုသားဆက်ခြားနည်းတွေကို သုံးစွဲရပါမလဲ...

  28-Feb-2017
Preview Image

သွေးဆုံးခါနီး အမျိုးသမီးတွေဟာ ဘယ်လိုသားဆက်ခြားနည်းတွေကို သုံးစွဲရပါမလဲ။

သွေးဆုံးခါနီး အမျိုးသမီးတွေအတွက် အသုံးများတဲ့နည်းတစ်ခုကတော့ သားအိမ်တွင်းထည့် ပစ္စည်းတွေဘဲ။ သားအိမ်တွင်းပစ္စည်းကို တစ်ခါထည့်ထားရုံနဲ့ (အသက် ၄၀ ကျော်မှထည့်ရင်) သွေးဆုံးပြီးနောက် တစ်နှစ်ကြာမှ စိတ်ချလက်ချ ပြန်ထုတ်ဖို့လိုတယ်။ ပြီးတော့လည်း ငယ်တဲ့အမျိုးသမီးတွေထက် ထိရောက်တာ တွေ့ရတယ်။ စပြီးထည့်ကာစ လတွေမှာ မူမမှန်သွေးဆင်းတာ သွေးဆင်းများတာ၊ ကိုက်ခဲတာ စတဲ့ပြဿနာတွေ ရှိတတ်တယ်။ နဂိုထဲက သွေးဆင်းများသူ၊ ကိုက်ခဲတတ်သူတွေမှာ သိပ်မသင့်လျော်ဘူး။ သူ့ကိုထည့်ထားပြီးရင် သွေးဆုံးပြီး တစ်နှစ်ကြာရင်တော့ မှတ်မှတ်ရရ ပြန်ထုတ်ဖို့ အရေးကြီးတယ်။ ထုတ်တဲ့အခါ တစ်ခါတစ်ခါ ခက်ခဲတတ်တယ်။ မထုတ်ပဲထားတာ သိပ်ကြာသွားရင်ပိုပြီး ခက်တယ်။ သားအိမ်ထဲမှာ ပြည်တွေနဲ့အလုံးကြီး ဖြစ်လာတတ်တယ်။

နောက်စဉ်းစားသင့်တဲ့နည်းတစ်ခုကတော့ ကွန်ဒုံးပါပဲ။ စနစ်တကျသုံးမယ်ဆိုရင် သိပ်ကိုထိရောက်တဲ့နည်းဖြစ်တယ်။ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေလည်း မဖြစ်အောင် ကာကွယ်နိုင်တယ်။ အရင်တုန်းကပေါ်ခဲ့တဲ့ စားဆေးကဒ်တွေကို အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ သုံးလေ့မရှိဘူး။ သွေးကြောထဲ သွေးခဲပိတ်တာ၊ နှလုံးသွေးကြောကျဉ်းတာ၊ လေဖြတ်တာ စတဲ့အန္တရာယ်တွေကို စိုးရိမ်ရလို့ပဲ။ အခုနောက်ပိုင်းပေါ်တဲ့ စားဆေးကဒ်တွေကတော့ အီထရိ်ုဂျင် ပါဝင်မှု သိပ်နည်းတယ်။ ဒါကြောင့် အမျိုးသမီးတွေမှာ ဝလဲ မဝစေဘူး။ ဆေးလိပ်စီးကရက် မသောက်သူ၊ သွေးတိုးဆီးချို နှလုံးရောဂါတွေလည်း ကင်းရှင်းတဲ့သူတွေမှာ ဒီစားဆေးကဒ်တွေကို စိတ်ချလက်ချသုံးနိုင်ပါတယ်။ 

ဒီတားဆေးမှာ ကောင်းတဲ့အချက်တွေ အများကြီးရှိတယ်။ ဥပမာ - ရာသီမှန်တယ်။ ရာသီ
နည်းတယ်။ မကိုက်ခဲဘူး။ သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာတွေ ကာကွယ်နိုင်တယ်။ ဒါ့အပြင် သွေးဆုံးခါနီခံစားရတဲ့ သွေးဆုံးကိုင် လက္ခဏာတွေ (ညဘက်တကိုယ်လုံး ပူထူ၊ ချွေးတွေထွက်) ကနေ ကာကွယ်ပေးတယ်။ မကောင်းတဲ့အချက်ကတော့ မသင့်လျော်သူတွေမှာ အထူးသဖြင့် ဝဖြိုးပြီး အဆီများတဲ့ ၊ ဆေးလိပ်သောက်တဲ့၊ နှလုံးသွေးတိုးဆီးချိုသမားတွေ အမျိုးထဲမှာ ရင်သားကင်ဆာရှိတဲ့ သူတွေမှာ ပေးမိရင် အန္တရာယ်ရှိတယ်။ စားဆေးကဒ်တွေကို အသက် (၅၀) ပြည့်ချိန်မှာ ရပ်ရပ်ပြီး ကွန်ဒုံးကိုဆက်သုံးနိုင်ပါတယ်။
ဒီလိုဆေးရပ်ချိန်မှာ သွေးဆုံးပြီဆိုရင် ရာသီလဲလာမှာ မဟုတ်တော့ဘူး။ သွေးဆုံးကိုင် 
လက္ခဏာတွေ ပေါ်လာမယ်ဆိုရင် နောက်ထပ်တစ်နှစ်လောက်အထိ ကွန်ဒုံးကိုဆက်သုံး
သင့်တယ်။

သုံးလခံထိုးဆေးတွေလည်း တချို့သုံးတတ်တယ်။ ဒါလဲခုနက စားဆေးလိုပဲပုံမမှန် ရာသီ
ဆင်းရင် ပြဿနာတက်တယ်။ ဘာကြောင့် သွေးဆင်းတာလဲဆိုတာ ဝေခွဲရခက်တယ်။ ရာသီမပေါ်တော့တာလဲ ဖြစ်တတ်တယ်။ ဒါကြောင့် သွေးဆုံးတာလား၊ ဆေးကြောင့်လား 
သို့လောသို့လော ဖြစ်စေတယ်။ ဆေးကို ဘယ်တော့ရပ်ရမှာလဲဆိုတဲ့ မေးခွန်းတွေ ပေါ်လာတတ်တယ်။ အဲဒီအခါ FSH ဟော်မုန်းကို သွေးထဲမှာတိုင်းကြည့်ရတယ်။ သွေးထဲမှာ ဟော်မုန်းနည်းနေရင် သွေးဆုံးတာမဟုတ်သေးဘူး။ ဆေးဆက်ထိုးရမယ်။ ဟော်မုန်းများ နေမယ်ဆိုရင်တော့ ဆေးထိုးတာရပ်ပြီး တစ်နှစ်တိတိ ကွန်ဒုံးဆက်သုံးရမယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မျိုးပွားကျန်းမာရေး အမေး-အဖြေစာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18