Print

ရာသီထိန်ခြင်း

  28-Feb-2017
Preview Image

ရာသီထိန်ခြင်း
 

အမျိုးသမီးများတွင် လစဉ်ပုံမှန်ဓမ္မတာလာနေကျတွင် မလာဘဲ ရှိနေခြင်းကိုခေါ်သည်။ ဓမ္မတာသွေးသည် သွေးဆုံးချိန်အသက် (၄၄) မှ (၅၄) နှစ် အတွင်းမှ ရပ်တန့်သွားလေ့ရှိပြီး ထိုအချိန်မှစ၍ ကိုယ်ဝန်မဆောင်နိုင်တော့ပေ။ ဤသွေးဆုံးချိန်မတိုင်မီ အသက်အရွယ်အတွင်း ရာသီထိန်ခြင်း၏ အဓိကအကြောင်းအရင်းမှာ ကိုယ်ဝန်ရှိခြင်းကြောင့် ဖြစ်၏။ သို့ရာတွင် သာမန်ကျန်းမာသူ အမျိုးသမီးတစ်ဦးတွင် အကြောင်းတစ်စုံတစ်ရာ မရှိဘဲ ရာသီထိန်နိုင်သလို ပြင်းထန်စွာနေမကောင်းခြင်း၊ နာတာရှည်ရောဂါဖြစ်ခြင်း တို့ကြောင့်လည်း ရာသီမလာဘဲ ဖြစ်နိုင်သည်။ စိုးရိ်မ်ပူပန် စိတ်များကြောင့်လည်း ရာသီမလာဘဲ ရှိနိုင်ပြီး ရာသီမလာသောကြောင့် ကိုယ်ဝန်ရှိသည်ဟု စိုးရိမ်ပြန်သောအခါ ပို၍ပင် ရာသီထိန်စေနိုင်ပြန်သည် အကြောင်းတစ်စုံတစ်ရာကြောင့် ပုံမှန်အလုပ်မလုပ်ရခြင်း၊ အိမ်နှင့်ခွဲခွာနေရခြင်း၊ ကျောင်းသူများတွင် စာမေးပွဲအတွက် စိတ်ပူပင်ရခြင်း တို့ကြောင့်လည်း ရာသီမလာဘဲ ဖြစ်နိုင်ပါသေးသည်။ တစ်ခါတစ်ရံတွင်သနွေတားဆေးများကြောင့် ရာသီနည်းခြင်း၊ လကျော်မှ ရာသီလာခြင်းတို့ဖြစ်နိုင်ပါသည်။

အခြားသောရောဂါလက္ခဏာများ မရှိပါလျှင် တစ်လရာသီထိန်ခြင်းကြောင့် စိုးရိမ်စရာမရှိသော်လည်း (၂) လကြာသည်အထိ ရာသီမလာပါက ဆရာဝန်နှင့် ပြသတိုင်ပင်ရပါမည်။ အချို့သော ဂလင်းများ ပုံမှန်မဟုတ်သော လုပ်ဆောင်ချက်များ ဖြစ်စေသည့် ရောဂါများတွင် မမျိုးဥကြွေခြင်းကို အဟန့်အတားဖြစ်စေနိုင်ပြီး ထို့ကြောင့်လည်း ရာသီထိန်ခြင်းကို ဖြစ်စေနိုင်သည်။ ထို့ပြင်် Anorexia Nerosa အစားအလွန်လျော့ခြင်းရောဂါတွင်လည်း ကိုယ်အလေးချိန်ကျသွားခြင်းကြောင့် ဟော်မုန်းဓာတ်အပြောင်းအလွဲများဖြစ်ပြီး ရာသီမလာဘဲ နေနိုင်ပါသည်။ ကျန်းမာသန်စွမ်းသော အမျိုးသမီးငယ်များတွင် မကြာခဏရာသီထိန်ပါမူ မြုံနိုင်သော အခြေအနေရှိပြီး ထိုသူတို့တွင် မျိုးဥကြွေခြင်းကို တားဆီးနိုင်သော သနွေတားဆေးသောက်သုံးခြင်းကို လုံးဝရှောင်ကြဉ်ရပါမည်။ သို့မဟုတ်ပါက မျိုးဥကြွေခြင်း လုံးဝမရှိတော့ပဲ ကလေးမရနိုင်သောအခြေအနေအထိ ရောက်ရှိသွားနိုင်၍ ဖြစ်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဒေါက်တာမေမိုးနွယ်
မိသားစုကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18