Print

ရာသီလာရင် ကိုက်ခဲတာ ဘာကြောင့်ပါလဲ။

  28-Feb-2017
Preview Image

ရာသီလာရင် ကိုက်ခဲတာ ဘာကြောင့်ပါလဲ။
 

အချို့မိန်းကလေးတွေမှာ ရာသီလာတဲ့အခါ ခါးနဲ့ဆီးစပ်တစ်ဝိုက်မှာ ကိုက်ခဲတတ်ပါ
တယ်။ ဒါဟာ သားအိမ်နံရံ ကြွက်သားတွေ ကျုံ့လို့ ကိုက်ခဲရတာဖြစ်ပါတယ်။ များသော အားဖြင့်တော့ ရာသီလာခါစ ရက်တွေမှာ ဖြစ်တတ်ပါတယ်။ ဘာမှအန္တရာယ်မရှိပါဘူး။ ကိုယ်လက်လှုပ်ရှား အားကစားလုပ်တယ်။ ရေနွေးနဲ့ရေချိုးမယ်။ ဝမ်းဗိုက်အောက်ပိုင်း
ရေနွေးအိတ်တင်မယ်။ အာဟာရပြည့်ပြည့်ဝဝ စားသောက်မယ်ဆိုရင် သက်သာသွား တတ်ပါတယ်။ ဒါပေမယ့် သိပ်နာရင်တော့ ပါရာစီတမောလို့ခေါ်တဲ့ အကိုက်အခဲ
ပျောက်ဆေး သောက်နိုင်ပါတယ်။ မသက်သာရင်တော့ နီးစပ်ရာ နားလည်တတ်ကျွမ်းတဲ့
ဆရာဝန် နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ သိပ်ခံရဆိုးလျှင် ဆရာဝန်နှင့် ပြသပြီး ဆီးဆေး
တွေ၊ သန္ဓေတားဆေးတွေ သောက်နိုင်ပါတယ်။

၁။ ဓမ္မတာ မလာခင် (သို့) လာပြီး အဖြူဆင်းတာ ဘာလို့လဲ။ စိုးရိမ်ရလား။

ပုံမှန်အားဖြင့် ဓမ္မတာမလာခင် (သို့) လာပြီးမှာ မိန်းကလေးအများစုဟာ အဖြူဆင်းတတ် ပါတယ်။ ဒါဟာ သဘာဝတစ်ခုပါဘဲ။ စိုးရိမ်စရာ မရှိပါဘူး။ ပုံမှန်ဆင်းတဲ့ အဖြူဟာ ကြည်လင်ပြီး အဖြူရောင်ရှိတတ်ပါတယ်။ အနံ့မရှိတတ်ပါဘူး။ ဒါပေမဲ့ အဲဒီဆင်းတဲ့ အဖြူဟာ အရောင်ပြောင်းမယ်။ ပျစ်ခဲခဲဖြစ်နေမယ်၊ အဖတ်အဖတ်ဖြစ်မယ်။ အနံ့အသက်
ဆိုးမယ်။ ပုံမှန်ထက်များမယ်။ မိန်းမကိုယ်မှာလည်း ယားယံမယ်ဆိုရင်တော့ ဒါဟာ သဘာဝအတိုင်းဆင်းတဲ့အဖြူ မဟုတ်တော့ပါဘူး။ ရောဂါပိုးတစ်ခုခု ဝင်ရောက်နေတာမျိုး ဖြစ်နိုင်တဲ့အတွက် နီးစပ်ရာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင် သင့်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : မျိုးပွားကျန်းမာရေး အမေး-အဖြေစာအုပ်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18