Print

ဓမ္မတာလာနေတုန်း တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဘယ်လိုလုပ်ရပါမလဲ

  28-Feb-2017
Preview Image

ဓမ္မတာလာနေတုန်း တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဘယ်လိုလုပ်ရပါမလဲ
 

အရင်တုန်းက မိန်းကလေးတွေဟာ ရာသီလာရင် အဝတ်စများကို ခေါက်ပြီး သွေးဆင်းတာကို ခံထားတတ်ကြပါတယ်။ အခုခေတ်မှာတော့ အဲလိုအဝတ်စနှင့်သုံးပြီး ခံကြတာရှိသလို၊ Pad လို့ခေါ်တဲ့ ဂွမ်းကပ်လေးတွေနဲ့ သုံးကြပါတယ်။ Pad တွေဟာ အမျိုးအစားအမျိုးမျိုး၊ အထူအပါးအမျိုးမျိုး၊ အရွယ်အစား ပုံသဏ္ဍာန်အမျိုးမျိုးရှိပြီး ကိုယ့်အတွက်လိုအပ်သလို၊ သ့်တော်သလို အသုံးပြုနိုင်ပါတယ်။ အချို့ Pad တွေဟာ ထိပ်နှစ်ဘက်မှာ ကြိုးနဲ့တပ်ပြီး သုံးရတာမျိုးရှိပါတယ်။ အဲဒီအတွက် သုံးဖို့ကြိုးလည်း Pad အထုပ်တွေမှာ အသင့်ပါတတ်ပါတယ်။ အချို့အမျိုးစားကတော့ ကပ်ခွာနဲ့ပြုလုပ်ထားပြီး အတွင်းခံဘောင်းဘီမှာ ကပ်ပြီး သုံးတာမျိုးလည်း ရှိတတ်ပါတယ်။ 

သတိပြုဖို့ကတော့ Pad ကို အိမ်သာထဲ မစွန့်ပစ်ဘဲ၊ အမှိုက်ပုံးထဲကိုသာ စွန့်ပစ်ရပါမယ်။ နောက်တစ်မျိုးကတော့ Tampons လို့ခေါ်တဲ့ မိန်းမကိုယ်ထဲကို
ထည့်ပြီး သုံးရတဲ့ ပစ္စည်းမျိုးပါ။ Tampon ဟာ သေးငယ်ပြီး ဝါဂွမ်းအမာစားနှင့် ပြုလုပ်ထားတဲ့ အတောင့်ကလေးပါ။ Tampon ဟာ မိန်းမကိုယ်ထဲမှာ ပျောက်မသွားနိုင်ပါဘူး။ ဘယ်လို အသုံးပြုရမယ်ဆိုတာ ဗူးအပေါ်မှာ ရေးထားပါတယ်။ အသုံးပြုဖူးသူ တစ်ယောက်ယောက်ကိုလည်း မေးမြန်းနိုင်ပါတယ်။ Tampon အများစုဟာ အပေါ်ယံမှာ ပလပ်စတစ်လို အလွှာလေးတစ်ခုနှင့် ထည့်ရလွယ်ကူအောင် ပြုလုပ်ပေးလေ့ရှိပါတယ်။ မထည့်ခင် လက်ကို စင်ကြယ်အောင် ဆေးကြောရပါမယ်။ ထည့်ပြီးရင် Tampon ပဲ မိန်းမကိုယ်ထဲမှာ ကျန်ခဲ့မှာဖြစ်ပါတယ်။

ပလပ်စတစ် မပါရင်လည်း လက်နဲ့ပဲ အလွယ်တကူ ထည့်နိုင်ပါတယ်။ Tampon လေးတွေရဲ့ထိပ်မှာ ကြိုးစလေးတစ်ခုရှိပြီး၊ Tampon ထည့်ပြီးရင် ခနွာကိုယ်ရဲ့အပြင်ဘက်မှာ ကြိုးစလေး ကျန်ခဲ့မှာဖြစ်ပါတယ်။ ထုတ်ခါနီးရင် အဲဒီကြိုးစလေးကို ညင်ညင်သာသာ ဆွဲလိုက်တာနဲ့ Tampon ဟာ အလိုက်သင့်ရောက်လာမှာ ဖြစ်ပါတယ်။ သတိပြုရမှာကတော့ Tampon တစ်ခုကို (၈) နာရီထက် ကျော်လွန်ပြီး ခန္ဓာကိုယ်ထဲမှာ ထည့်မထားသင့်ပါဘူး။ ညအချိန်မှာလည်း Tampon ကို အသုံးမပြုသင့်ပါဘူး။ (၈) နာရီထက် ကျော်လွန်နိုင်လို့ ဖြစ်ပါတယ်။ 

သန့်ရှင်းရေးအတွက် အဝတ်ပဲသုံးသုံး၊ ဂွမ်းကပ်ပဲသုံးသုံး၊ ရာသီသွေးနဲ့ မစိုရွဲလာခင် လဲပေးသင့်ပါတယ်။ အဝတ်စဂွမ်းကပ်ကို တစ်နေ့ (၃)ကြိမ် လောက်တော့ လဲပေးသင့်ပါတယ်။ Tampon လို့ခေါ်တဲ့ မိန်းမကိုယ်ထဲထည့်ရတဲ့ ဂွမ်းတောင့်လေးတွေကိုတော့ အနည်းဆုံး (၈) နာရီခြားပြီး အသစ်လဲပေးသင့်ပါတယ်၊ မိန်းမကိုယ်တစ်ဝိုက်ကို သန့်ရှင်းတဲ့ ရေနဲ့ အနည်းဆုံး တစ်နေ့တစ်ကြိမ် ဆေးကြောပေးသင့်ပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မျိုးဆက်ပွားကျန်းမာရေး အမေး-အဖြေ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18