Print

သွေးဆုံးတယ်ဆိုတာဘာလဲ

  28-Feb-2017
Preview Image

သွေးဆုံးတယ်ဆိုတာဘာလဲ
 

အမျိုးသမီးတွေဟာ အသက်ကြီးလာရင် မိန်းမဟော်မုန်းဓာတ် ထုတ်လုပ်မှု တဖြေးဖြေး လျော့နည်းသွားပါတယ်။ အဲဒီအခါ သားဥမကြွေတော့ဘဲ လစဉ်ရာသီသွေး လာတာ ရပ်ဆိုင်းသွားတာကို သွေးဆုံးတယ်လို့ ခေါ်ပါတယ်။ သွေးဆုံးခြင်းကို
မြန်မာနိုင်ငံတွင် အသက် ၄၅ နှစ် ပတ်ဝန်းကျင်တစ်ဝိုက်တွင် ကြုံတွေ့ရတတ်ပါတယ်။ အမျိုးသမီးတိုင်းတွင် သားဥအိမ်နှစ်ခု ပါရှိ၏။ ထိုသားဥအိမ်သည် ဟော်မုန်းတို့၏ ပြုပြင်
မှုကြောင့် ၁၃ နှစ်မှ ၁၅ နှစ် အရွယ်လောက်တွင် သားဥကို စတင်ထုတ်လုပ်ပေး၏။ ထိုကဲ့သို့ သားဥစတင် ထုတ်လုပ်ပေးသည့် အချိန်သည် အမျိုးသမီးများ မီးယပ်လာသည့်
အချိန်၊ မီးယပ်ပေါ်ချိန်၊ ဓမ္မတာလာချိန်ဖြစ်၏။ ထို့အတူ သားဥအိမ် သက်တမ်းကုန်ဆုံး သွား၍ သားဥမျိုးစေ့ မထုတ်လုပ်တော့သည့် အချိန်တွင် သားဥစတင်ထုတ်လုပ်ပေးစဉ်က
ဖြစ်ပေါ်လာသော မီးယပ်သွေးလာမှုသည် ရပ်ဆိုင်းသွားသဖြင့် ဓမ္မတာလာမှုသည်လည်း
အလိုအလျောက် ရပ်ဆိုင်းသွား၏။ ထိုကဲ့သို့ဖြစ်သည်ကို သွေးဆုံးခြင်းဟုခေါ်၏။


သွေးဆုံးတော့မည် ဆိုတာကို အမျိုးသမီးတစ်ဦးက ဘယ်လိုစသိနိုင်လဲ။
လာနေကျဓမ္မတာ မလာတော့ဘဲ ရပ်ဆိုင်းသွားရာတွင် အမျိုးသမီးတစ်ဦးနှင့်တစ်ဦး မတူတတ်ကြပါ။ အချို့သောအမျိုးသမီးများသည် တစ်လတစ်ကြိမ်ဓမ္မတာ မှန်မှန် လာနေယင်း မှ ဗြုန်းကနဲ ဓမ္မတာရပ်ဆိုင်း သွားတတ်ကြ၏။ အများအားဖြင့် တစ်လ တစ်ကြိမ် ဓမ္မတာလာနေရာမှ ဓမ္မတာလာမှု၊ သွေးဆင်းမှုပမာဏသည် တစ်ကြိမ်နှင့် တစ်ကြိမ်မတူ တဖြည်းဖြည်းနည်းလာတတ်၏။ တစ်ဘက်မှ သွေးဆင်းမှုနည်းလာ သကဲ့သို့ ဓမ္မတာလာသည့်ကာလရက် အပိုင်းအခြားသည်လည်း တဖြည်းဖြည်း
လျော့နည်းလာ၏။ ဆိုလိုသည်မှာ ယခင်ဓမ္မတာတစ်ကြိမ်လာလျှင် ၃ ရက် ၄ ရက် ကြာသည်ဆိုကြပါစို့။ သွေးဆုံးခါနီး အချိန်တွင် တစ်ကြိမ်လျှင် ၁ ရက် ၂ ရက်သာ လာတော့၏။ 

ထိုမှတစ်ဆင့် ဓမ္မတာသည် တစ်ရက်လောက်သာလာတော့သည်။ ထို့နောက် စတိအဖြစ်သာ လာပြီးတော့ နောက်ပိုင်းတွင် တဖြည်းဖြည်း လုံးဝမလာတော့ဘဲ ရှိတတ်၏။ ထို့အပြင် သွေးဆုံးခါနီးအချိန်တွင် ဓမ္မတာလာသည့်အချိန်သည်လည်း တစ်ကြိမ်နှင့်တစ်ကြိမ် ပို၍ဝေးသွားတတ်၏။ ဆိုလိုသည်မှာ ယခင်က တစ်လတစ်ခါ (သို့) ၂၈ ရက်တွင်တစ်ခါ ဓမ္မတာလာနေကျ အမျိုးသမီးတစ်ဦးသည် သွေးဆုံးခါနီး
အချိန်တွင် တစ်လခွဲမှတစ်ကြိမ်၊ ထို့နောက် ၂ လ ကြာမှတစ်ကြိမ်၊ ထိုမှတစ်ဆင့် ၃ လကြာမှ တစ်ကြိမ်သာ ဓမ္မတာလာပြီး တဖြည်းဖြည်း နောက်ဆုံးတွင် ဓမ္မတာလာမှုသည် လုံးဝရပ်ဆိုင်းသွား၏။ ဓမ္မတာလာမှု သည် အချိန်ကာလအားဖြင့် တဖြည်းဖြည်းနှင့် ကွာလာပြီး သွေးဆင်းမှုပမာဏ အားဖြင့်လည်း တဖြည်းဖြည်းလျော့နည်း လာရာမှ ဖြည်းဖြည်းချင်း ကုန်ဆုံးသွား၏။

သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာရောဖြစ်ပါသလား။

အချို့သောအမျိုးသမီးများတွင် သွေးဆုံးပြီးခါမှ သွေးပြန်ပေါ်ခြင်း ရှိတတ် ၏။ သွေးဆုံးပြီး သွေးပြန်ပေါ်ခြင်းသည် ကင်ဆာရောဂါဖြစ်နိုင်သဖြင့် ဆရာဝန်နှင့် ချက်ချင်းပြသ တိုင်ပင်၍ ကုသမှုခံယူသင့်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
မျိုးပွားကျန်းမာရေး အမေး-အဖြေစာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18