Print

Nearsigthedness (မျက်စိအဝေးမှုန်ခြင်း)

  22-Nov-2018
Preview Image

အကျဉ်းရှင်းလင်းချက်`

   အဝေးမှုန်ခြင်းဆိုသည်မှာ မျက်စိသည် မိမိနှင့် နီးသောအရာဝတ္ထုများကို ကြည်လင်ရှင်းလင်းစွာ မြင်ရသော်လည်း ဝေးသော အရာဝတ္ထုများကိုမူ ဝေဝေဝါးဝါးသာ မြင်ရခြင်းဖြစ်ပါသည်။  ထိုသို့ အဝေးမှုန်ခြင်းသည် လူကြီးအရွယ်တွင် ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနိုင်သော်လည်း ကလေးများနှင့် ဆယ်ကျော်သက်အရွယ်များတွင်ဖြစ်လျှင် လျှင်မြန်စွာ ဆိုးရွားလာနိုင်ပါသည်။


လက္ခဏာများ

   လူကြီးတွင် အဝေးမှုန်ုခြင်း ခံစားရပါက တွေ့ရှိရသော လက္ခဏာများမှာ-

- ဝေးသော အရာဝတ္ထုများကိုကြည့်လျှင် မျက်စိဝေဝါးခြင်း၊ မှုန်ခြင်း

- ထိုသို့ဝေဝါးသော အရာများကို အသေချာမြင်နိုင်ရန် မျက်စိကို မှေး၍ ကြည့်ရခြင်း

- မျက်စိအာရုံစူးစိုက်မှု များလာခြင်းကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားရခြင်း

- ကားမောင်းနေစဉ် မျက်စိမြင်ကွင်းမရှင်းခြင်း (အထူးသဖြင့် ညအချိန်အတွင်း မျက်စိဝေဝါးခြင်း၊ မှုန်ခြင်း)  နှင့်

   

ကလေးငယ်များတွင် တွေ့ရှိရသော လက္ခဏာများမှာ-

- တာရှည်စွာ မျက်စိစွေခြင်း

- တီဗွီကြည့်လျှင် တီဗွီရှေ့မှာ နီးကပ်စွာ ထိုင်ကြည့်နေခြင်း

- ခဏခဏ မျက်တောင်ခတ်ခြင်း

- မျက်လုံးကို ခဏခဏ ပွတ်နေခြင်း

- အဝေးမှ အရာဝတ္ထုများ သတိမထားမိတာကို တွေ့ရှိခြင်း  တို့ဖြစ်ပါသည်။

  

ဖြစ်ပွားရသော အကြောင်းရင်းများ

   မျက်ကြည်လွှာသည် ရှည်၍ အထဲသို့ ကွေးပြီး ဇောက်နက်သွားသောအခါ အဝေးမှလာသောအလင်းသည် မြင်လွှာ အပေါ်မှာ စုရမည့်အစား မြင်လွှာ အရှေ့မှာ လာစုပြီး အမြင်တွေကို ဝေဝါးစေပါသည်။  ထိုအဝေးမှုန်ခြင်းသည် မျိုးရိုးလိုက်တတ်ပြီး ပတ်ဝန်းကျင် အခြေအနေ ပြောင်းလဲမှုကြောင့်လည်း ဖြစ်တတ်ပါသည်။


ဖြစ်နိုင်ချေများသူများ

- မျက်စိအဝေးမှုန် မျိုးရိုးရှိသူများ

- စာကိုအလွန်အကျွံ ဖတ်သူများ

- တစ်ချိန်လုံး အိမ်တွင်းအလုပ်လုပ်ပဲ လုပ်နေပြီး အပြင်ထွက်ရန် အချိန်မရှိသူများ


နောက်ဆက်တွဲ ပြဿနာများ

 - မျက်စိအဝေးမှုန်ခြင်းကို အသေချာ မကုသနိုင်ခဲ့ရင် မိမိ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကိုပင် ကောင်းစွာမလုပ်နိုင်တော့ပေ။

 - မျက်လုံးညောင်း၊ အောင့်၍ ခေါင်းကိုက်ခြင်း

 - ကားမောင်းခြင်း (သို့မဟုတ်) အရေးကြီး အလုပ်တစ်ခုခု ပြုလုပ်နေစဉ် အမြင်အာရုံ ဝေဝါးမှုကြောင့် အန္တရာယ်ရှိနိုင်ခြင်း နှင့်

 - အခြားမျက်လုံးပိုင်းဆိုင်ရာရောဂါများ ( ရေတိမ်၊ အတွင်းတိမ်၊ မြင်လွှာ ကွာကျခြင်း)  တို့ဖြစ်တတ်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ရုတ်တရက် မျက်စိအတွင်း အလင်းများဖြစ်ပေါ်ခြင်း၊ အရိပ်ကွယ်ခြင်း၊ မိမိ၏နေ့စဉ်လုပ်ငန်းဆောင်တာများကို မလုပ်နိုင်တော့ခြင်း တို့ဖြစ်ပေါ်လာလျှင် မျက်စိအထူးကု ဆရာဝန်နှင့် အမြန်သွားရောက်ပြသသင့်ပါသည်။


စစ်ဆေးမှုများ

   မျက်စိအထူးကုဆရာဝန်မှ မျက်စိစမ်းသပ်ကိရိယာများဖြင့် စစ်ဆေးခြင်း


ကုသခြင်း

 - အမြင်အာရုံ ပြန်လည်ကောင်းမွန်စေရန် အဝေးကြည့် မျက်မှန်တပ်ခြင်း ၊ မျက်ကပ်မှန်တပ်ခြင်း

 - ခွဲစိတ်ကုသခြင်း

 - လေဆာဖြင့် ကုသခြင်း


ကာကွယ်ခြင်း

 - မျက်စိကို ပုံမှန်စစ်ဆေးပေးခြင်း

 - မျက်လုံးကို ထိခိုက်စေသောရောဂါများ ( သွေးတိုး၊ ဆီးချို ) ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်း

 - နေပူထဲသွားလျှင် နေကာမျက်မှန်တပ်ခြင်း

 - မျက်လုံးကို ပြင်ပဘေးဥပါဒ်မှ မထိအောင် ကာကွယ်ပေးခြင်း

 - မျက်စိအားကောင်းစေသော အစာများ၊ ဆေးများ ပုံမှန် မှီဝဲခြင်း

 - ဆေးလိပ်မသောက်ခြင်း

 - မျက်စိကို သေချာစမ်းသပ်ပြီးမှ သင့်တော်သော မျက်မှန်၊ မျက်ကပ်မှန်တို့တပ်ပေးခြင်း

 - ကွန်ပျူတာ အသုံးများသူ၊ စာဖတ်များသူများအနေနှင့် မျက်စိကို မကြာခဏ မိနစ်အနည်းငယ်မျှ အနားယူပေးခြင်း


Ref  :  Mayo Clinic

Credit: Dr. Tun Nandar Linn

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





 





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18