Print

Thalassaemia (သာလာစီးမီးရားရောဂါ)

  27-Jan-2019
Preview Image


 ခန္ဓာကိုယ်အတွက် လိုအပ်သည့် haemoglobin (ဟေမိုဂလိုဘင်)ဓာတ် လုံလောက်ပြည့်ဝစွာ မရှိသည့် ရောဂါကို ဆိုလိုပါသည်။

 

လက္ခဏာများ

- ပင်ပန်းနွမ်းနယ်ခြင်း

- အားနည်းခြင်း

- ဖြူဖျော့ဖျော့ဖြစ်ခြင်း

- မျက်နှာသွင်ပြင် လက္ခဏာ ပြောင်းလဲခြင်း

- ကြီးထွားမှု နှေးကွေးခြင်း

- ဆီးအရောင် ရင့်ခြင်း

အထက်ပါ လက္ခဏာများကို အချို့ကလေးများတွင် အသက် ၂ နှစ်မှစ၍ ခံစားရနိုင်ပြီး အချို့သူများတွင် ကြီးသည်အထိ လက္ခဏာမပေါ်ဘဲလည်း ရှိနေနိုင်သည်။ ဖြစ်သည့် သာလာစီးမီးရားရောဂါ အမျိုးအစား(အဆင့်)ပေါ် မူတည်ပါသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ

ဟေမိုဂလိုဘင် ဖြစ်မည့် မျိုးရိုးဗီဇ ချို့တဲ့ခြင်း၊ လုံလောက်စွာ မဖြစ်ပေါ်ခြင်းတို့ကြောင့် အဓိက ဖြစ်ပွားရသည်။

 

ဖြစ်နိုင်ချေများသူများ

မိဘမျိုးရိုးထဲတွင် ထိုရောဂါရှိပါက ဖြစ်နိုင်ပါသည်။

 

နောက်ဆက်တွဲပြဿနာများ

- ခန္ဓာကိုယ်တွင်း သံဓာတ်များခြင်း

- ရောဂါပိုး ဝင်ရောက်နိုင်ခြင်း

- အရိုးဖြစ်ပေါ်မှုပုံစံ ပြောင်းလဲခြင်း

- Splenomegaly (ဘေလုံးကြီးခြင်း)

- ကြီးထွားမှု နှေးကွေးခြင်း

- နှလုံးရောဂါ ဖြစ်ခြင်း

 

စစ်ဆေးမှုများ

- ကလေးမမွေးခင် ကြိုတင်၍ ရောဂါရှိမရှိ စစ်ဆေးခြင်း

- သွေးစစ်ခြင်း

- Electrophoresis - မိမိခန္ဓာကိုယ်ထဲတွင်ရှိသော ဟေမိုဂလိုဘင် အမျိုးအစား စစ်ဆေးခြင်း

- ဆီးစစ်ခြင်း

- ဓာတ်မှန်ရိုက်ခြင်း

 

ကုသခြင်း

Mild thalassaemia - မဆိုးရွားသော သာလာစီးမီးရားသာ ဖြစ်ပါက ကုသမှု ထွေထွေထူးထူး မလိုအပ်ပါ။

ခွဲစိတ်ပြီးလျှင် ( သို့ ) ကလေး မွေးဖွားသောအခါတွင်မှသာ သွေးသွင်းမှု လိုအပ်နိုင်သည်။

Moderate and severe - ဆိုးရွားသောအဆင့်တွင်

- သွေးသွင်းခြင်း

- လိုအပ်ပါက ဘေလုံး ခွဲစိတ်ထုတ်ခြင်း

- လိုအပ်သော ကာကွယ်ဆေးများ ထိုးခြင်း

- သံဓာတ် လျော့ချပေးမည့် ဆေးများသောက်ခြင်း၊ ထိုးခြင်း

- ရောဂါ အပြီးသတ် ပျောက်ကင်းရန် stem cell transplant မွေးရာပါဗီဇဆဲလ် လဲလှယ်ခြင်း

 

လူနေမှုဘဝ နေထိုင်ပုံနှင့် အိမ်တွင်းကုထုံးများ

- သံဓာတ် ပိုလျှံစွာ စားသောက်မှုမှ ရှောင်ရှားပါ။

- အာဟာရ ပြည့်ဝစုံလင်အောင် စားပါ။

- ရောဂါပိုး အလွယ်တက ူမဝင်အောင် ကာကွယ်ပါ။

 

ကာကွယ်ခြင်း

မိမိတွင် Thalassaemia gene ဗီဇ ပါလာပါက ရှောင်လွဲလို့ မရပါ။ ကလေးယူမည ဆိုပါကလည်း ဆရာဝန်နှင့် တိုင်ပင်ပြီး ဂရုတစိုက် ယူသင့်ပါတယ်။

 

Dr.hp

Ref: Mayo clinic

Checked by PTA

 

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။ 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18