Print

ကြွက်နို့

  03-Feb-2022
Preview Image

 ကြွက်နို့သည် ယေဘုယျအားဖြင့် သေးငယ်သော၊ မျက်နှာပြင်ကြမ်းသော အဖုလေးဖြစ်ပြီး လက်နှင့်ခြေတွင် အဖြစ်များပါသည်။ ဂေါ်ဖီပန်းနှင့်တူတတ်ပြီး အစိုင်အခဲဖြစ်သော အရည်ကြည်ဖု ငယ်လေးနှင့်လည်း တူတတ်ပါသည်။ ကြွက်နို့သည် အဖြစ်များပြီး Human Papilloma Virus (HPV) ဟုခေါ်သော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပါသည်။ ဗိုင်းရပ်စ်ပိုးရှိနေသောသူ အသုံးပြုသောမျက်နှာသုတ်ပါဝါ၊ အခြားအသုံးအဆောင်များနှင့် ထိတွေ့ခြင်းမှလည်း ကူးစက်နိုင်ပါသည်။ အလအနည်းငယ်ကြာလျှင် ပျောက်သွားတတ်သော်လည်း နှစ်များစွာကြာသည်အထိလည်း ရှိနေတတ်ပါသည်။ ပြန်ဖြစ်ခြင်းများလည်း တွေ့ရတတ်ပါသည်။

 

ကြွက်နို့အမျိုးအစားများ

အတွေ့ရများသော ကြွက်နို့ common wort (verruca vulgaris) ကြွတက်နေပြီး မျက်နှာပြင်ကြမ်းကာ လက်များနှင့် ဒူးခေါင်းတွင် အဖြစ်များပါသည်။

  

ပြင်ညီကြွက်နို့ Flat wart (verruca plana)

 သေးငယ်သော ညီညာပြီး ပြားနေသော အသားရောင်ရှိ ကြွက်နို့များဖြစ်ပါသည်။ အရေအတွက် အများကြီးဖြစ်နိုင်ပါသည်။ မျက်နှာ၊ လည်ပင်း၊ လက်များ၊ လက်ကောက်ဝတ်နှင့် ဒူးခေါင်းများတွင် အဖြစ်များပါသည်။

 

လက်ချောင်းပုံကြွက်နို့ Filiform or digitate wart

 ခြည်မျှင် သို့မဟုတ် လက်ချောင်းပုံကြွက်နို့များသည် မျက်နှာ အထူးသဖြင့် မျက်ခွံနှင့်နှုတ်ခမ်းများတွင် အတွေ့ရများပါသည်။

 

 မာပြီး တစ်ခါတစ်ရံ နာကျင်တတ်သော ကြွက်နို့များဖြစ်ပြီး ဗဟိုတွင်အမည်းစက်များ တွေ့ရတတ်ပါသည်။ ခြေဖဝါး၏ ဖိအားဒဏ်ခံရသော နေရာများတွင် အတွေ့ရများပါသည်။

  

Mosaic ကြွက်နို့

 ဖြွတ်သိပ်နေသော ခြေဖဝါး ကြွက်နို့အစုများ ဖြစ်ပါသည်။ လက်များနှင့် ခြေဖဝါးတွင် အတွေ့ရများပါသည်။

  

လိင်အင်္ဂါကြွက်နို့

 လိင်အင်္ဂါတစ်ဝိုက် ဖြစ်ပွားပါသည်။

 

ကုသမှု

 Posophyllum resin လိမ်းဆေး၊ Benzoin I.P၊ aloes I.P ၊ isopropy I.P များ လိမ်းနိုင်ပါသည်။ အရေပြားကွာစေသော salicylic acid ၊ blistering agents immune system modifiers ၊ formaldehyde များလည်း လိမ်းနိုင်ပါသည်။ အအေးဖြင့်ခဲစေခြင်း Cryosorgery ဖြင့်လည်း ကုသနိုင်ပါသည်။ ခြစ်ထုတ်နိုင်သည်။ လေဆာဖြင့် ကုသနိုင်သည်။ Infrared coagulation ၊ Imiquimod ၊ Bleomycin ၊ Dinitrochlorobenzene (DNCB) ၊ Fluoroueacil တို့ဖြင့်လည်း ကုသနိုင်ပါသည်။ အရေပြားအနာကျက်သွားသော အခါ ကြွက်နို့ပြန်ထွက်ခြင်းများကို မကြာခဏ တွေ့ရတတ်ပါသည်။

 

ကာကွယ်ခြင်း

 Gardasil HPV ကာကွယ်ဆေးဖြင့် HPV အမျိုးအစား ၁၆၊ ၁၈၊ ၆ နှင့် ၁၁ တို့ကို ကာကွယ်နိုင်ပါသည်။

 

 

Credit: Dr. Khine Khine Zaw


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM  မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18