Print

ရာသီသွေးပေါ်ရာ၌ ပြဿနာများရှိပါက

  30-Oct-2016
Preview Image

 

ရာသီသွေးပေါ်ရာ၌ ပြဿနာများရှိပါက သင်၏အမေ၊ ညီမ၊ အစ်မများ(သို့) သူငယ်ချင်းများနှင့် တိုင်ပင်ဆွေးနွေးပါ။ သူတို့၍လည်း ထိုပြဿနာ မျိုးရှိနိုင်ပြီး သင့်ကိုကူညီနိုင်ပေလိမ့်မည်။

 

(က) သွေးဆင်းရာ၌ ပြောင်းလဲမှုများ

တစ်ခါတစ်ရံ၌ သားဥအိမ်မှ သားဥမကြွေပါ။ ထိုအခါကိုယ်ခန္ဓာသည် Progesterone ထုတ်လုပ်မှု လျော့နည်းလာ၍ သွေးဆင်းသောအကြိမ်နှင့် ပမာဏကို ပြောင်းလဲစေသည်။ ရာသီသွေးပေါ်ခါစ မိန်းကလေး များ (သို့) မိခင်နို့တိုက်ခြင်းကို မကြာမီက ရပ်ထားသော အမျိုးသမီးများသည် ၂ လ ၃ လ တစ်ခါ သွေးဆင်း တတ်သည် (သို့) သွေးအနည်းငယ်သာ ဆင်းသည် (သို့) သွေးအလွန်ဆင်းတတ်သည်။ အချိန်ကြာလာသော် ပုံမှန်ဖြစ်သွားသည်။ ဟော်မုန်းသုံး သားဆက်ခြားနည်းများ ရာသီသွေးပေါ်ပြီးခါစအချိန်၊ သားအိမ်၏အတွင်းလွှာ ထူထပ်လာခြင်း၊သားဥကြွေပြီး ၅ ရက်၌ တွင်းလွှာပိုမို၍ ထူထပ်လာခြင်း၊ သားဥအိမ်မှ သားဥတစ်လုံးကြွေခြင်း၊ ရာသီသွေးပေါ်စဉ် သားအိမ်အတွင်းလွှာပျက်ဆီးသွားခြင်း၊ ကိုအသုံးပြုသော အမျိုးသမီးများသည် တစ်ခါတစ်ရံ ရာသီစက်ဝန်းအလယ်တွင် သွေးဆင်းတတ်သည်။ ရာသီသွေးမဆုံးသေးသော အသက်ရလာသော အမျိုးသမီး များသည် ငယ်ရွယ်စဉ်အချိန်ထက ်ပို၍သွေးဆင်းခြင်း (သို့) မကြာခဏသွေးဆင်းခြင်းတို့ ဖြစ်နိုင်သည်။ ရာသီ သွေးဆုံးခါနီးတွင်၂ လ - ၃ လ လောက်သွေးထိန်ပြီးတစ်ခါပြန်ပေါ်နိုင်သည်။

 

(ခ) ရာသီသွေးပေါ်ရာ့နာကျင်ခြင်း

ရာသီသွေးပေါ်နေစဉ်၌ သားအိမ်သည် အတွင်းလွှာကို ညှစ်ထုတ်ပေးနေသည်၊ ညှစ်ခြင်းကြောင့် ဗိုက်အောက်ပိုင်း (သို့) ခါးအောက်ပိုင်း၌ နာကျင်တတ်သည်။ တစ်ခါတစ်ရံ ကြွက်တက်သည်ဟုခေါ်သည်။ သွေးမဆင်းမီ (သို့) ဆင်းခါစအချိန်တွင ်စတင်နာကျင်လာတတ်သည်။

 

ဆောင်ရွက်ရန်

- ဗိုက်အောက်ပိုင်းက ိုပွတ်ပေးပါ။ တင်းနေသော ကြွက်သားများကိုလျော့ သွားစေသည်။

- ပလပ်စတစ်ဗူး (သို့) ရေနွေးအိတ်ထဲ ရေနွေးထည့်ပြီး ဗိုက်အောက်ပိုင်း(သို့) ခါးအောက်ပိုင်းတွင် ကပ်ပေးပါ။ ရေနွေးစိမ်ထားသော အဝတ်ထူကိုလည်း အသုံးပြုနိုင်သည်။

- ဂျင်းပြုတ်ရည်ကို သောက်ပေးပါ။ သင်၏လူမှုအသိုင်းအဝိုင်းရှိ အမျိုးသမီးများသည ်နာကျင်မှုကို လျော့နည်းစေသော အခြားဆေးမြီးတိုများ၊ တိုင်းရင်းဆေးများကို သိရှိနိုင်သည်။

- နေ့စဉ်လုပ်နေကျ အလုပ်ကိုဆက်လုပ်ပါ။

- ကိုယ်လက်လပ်ရှားပေးပါ။ လမ်းလျှောက်ပေးပါ။

- မပြင်းထန်သော ဆေးဝါးကိုသုံးစွဲပါ။ Ibuprofen ဆေးသည်ရာသီသွေးပေါ်ရ၌ နာကျင်ခြင်းအတွက် အလွန်ကောင်းသည်။

 

Ref: WEAVE



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18