Print

အကြောပြတ်ခြင်းတွေအတွက် ဆေးနည်း

  30-Oct-2016
Preview Image

 

ကိုယ်ဝန်ဆောင် ၉၀ % ကတော့ ဗိုက်ကြော၊ ပေါင်ကြောနဲ့ တင်ကြောတွေ ပြတ်တတ်ကြပါတယ်။ တချို့ကလဲ ဒါ မျိုးရိုးလိုက်တတ်တယ် လို့ ပြောကြပါတယ်။ ကိုယ့်အမေမှာ အကြောပတ်ဖူးခဲ့ရင် ကိုယ့်အလှည့်မှာလဲ အကြောပြတ်တယ်ပေါ့လေ။ တကယ်တော့အရေပြားမှာ အက်ပီဒါးမစ် ဆိုတဲ့ အပြင်ဖက်ဆုံးအရေပြားလွှာ၊ ဒါးမစ် ဆိုတဲ့ အလယ်လွှာနဲ့ ဟိုက်ပိုဒါးမစ် ဆိုတဲ့ အရေပြားအတွင်းဆုံးလွှာဆိုပြီး အရေပြားလွှာ ၃ လွှာ ရှိပါတယ်။အကြောပြတ်တာတွေက အခြေခံအားဖြင့် ဒါးမစ် ဆိုတဲ့ အလယ်လွှာမှာတွယ်ဆက်တစ်ရှူးတွေက သူတို့ရဲ့စွမ်းဆောင်ရည်ထက်ပိုပြီး ဆန့်ထွက်သွားတဲ့အခါ ဖြစ်တတ်ပါတယ်။ အရေပြားတွေ ဆွဲဆန့်လာတဲ့အခါ ကော်လာဂျင်တွေ အားနည်းလာပြီးတော့ ကော်လဂျင် ထုတ်လုပ်မှုရဲ့ ပုံမှန်လည်ပတ်မှုတွေက အနှောင့်အယှက် ဖြစ်ကုန်၊ ပျက်စီးကုန်တာပေါ့။ ထားပါတော့လေ။ အကြောပြတ်တယ် ဆိုပြီး အရမ်းလန့်မသွားကြပါနဲ့။ အကြောမပြတ်အောင် လုပ်လို့ရတဲ့နည်းတွေ၊ အကြောပြတ်တတွေ ပြေပျောက်သွားစေတဲ့ ထိရောက်တဲ့ အိမ်တွင်းကုထုံးတွေကို ကျနော်တို့ ကျန်းမာရေးသတင်းများ ပေ့ချ်ကနေဝေမျှလိုက်ပါတယ်။

 

နည်း ( ၁ ) Moisturizer အလှဆီ လိမ်းပေးပါ။ moisturizer နေ့စဉ် လိမ်းပေးနေတဲ့သူတွေရဲ့ အရေပြားက ကျံု့နိုင်ဆန့်နိုင်အား ကောင်းပြီး၊ အရေပြား ဆန့်ရပြုရတဲ့ အနေအထားမျိုးတွေ ကြံုလာရရင်လဲ ရေဓာတ် အသင့်အတင့် ဖြည့်ပေးသလိုဖြစ်တာကြောင့် အရေးအကြောင်းတွေ လွယ်လွယ် မထင်နိုင်ပါဘူး။အကြောပြတ်နေတဲ့ ပေါင်၊ ရင်ဘတ်၊ ၀မ်းဗိုက်တွေကို အကြောပြတ် သက်သာစေမယ့် lotion လိုးရှင်းသီးသန့် ထုတ်ထားတာတွေ လိမ်းပေးရပါမယ်။ ဓာတုပစ္စည်းတွေနဲ့ ဓာတ်မတည့်မှာ စိုးရင်လဲဆေးကောင်တာ၊ အလှကုန်ကောင်တာက လိုးရှင်းတွေအစား ကိုယ့်ဖာသာကိုယ် အိမ်မှာ လိမ်းဆေး စပ်လို့ရပါတယ်။အဒါကတော့ ဂျံုအဆီ၊ ရှားစောင်းလက်ပတ်နဲ့ သံလွင်ဆီတွေကို ပမာဏ အညီအမျှ ရောစပ်လိုက်ပြီး လိမ်းနိုင်ပါတယ်။

 

နည်း (၂) လောလောလတ်လတ် အကြောပြတ်တယ် ဆိုရင်တော့ မီရှီဂန် တက္ကသိုလ်က သုတေသနပြုချက်အရ Retin-A ကို သုံးစွဲပါ။ အဲဒီဆေးတောင့်ကအကြောပြတ်ရာဟောင်းတွေကိုတော့ လိမ်းရင် မထိရောက်တော့ပါဘူး။ ဒါပေမယ့် Renova, Retin-A, Differin and Tazorac တို့လို ဆေးပစ္စည်းတွေကိုတော့ ဆရာဝန်ညွှန်ကြားချက်အရသာ ၀ယ်သင့်ပါတယ်။ တကယ်လို့ Retin-A လိမ်းထားပြီဆိုရင်တော့ နေရောင်နဲ့ ထိတွေ့မှု မရှိအောင် သတိထားသင့်ပါတယ်။ကိုယ်ဝန်ဆောင်၊ လူနာတွေ ဆိုရင်တော့ retinoic အက်ဆစ်ပါတဲ့ ထုတ်ကုန်တွေကို လုံးဝ မသုံးသင့်ပါဘူး။ အဲဒါတွေက ကလေးတွေအတွက ဆိုးကျိုးဖြစ်စေပါတယ်။

 

နည်း (၃) ဗစ်တာမင် အီး အဆီကို အကြောပြတ်ရာတွေမှာ လိမ်းပေးတာလဲ နည်းကောင်းတစ်ခုပါပဲ။ ဗစ်တာမင် အီး အဆီကို ကိုယ်ပုံမှန်သုံးစွဲနေတဲ့ လိုးရှင်းနဲ့ ရောပြီး လိမ်းပေးတာပါ။

 

နည်း (၄) ပထမဆုံး စပြီး အကြောပြတ်သူတွေဆိုရင် ကြက်ဥအဆီကို သုံးစွဲတတ်လေ့ ရှိပါတယ်။ ကြက်ဥအဆီကတော့ ကိုယ်ဝန်ဆောင်တာနဲ့ ဆက်စပ်နေတဲ့ အကြောပြတ်တာတွေအတွက် ထိရောက်တဲ့ လိမ်းဆေးပါပဲ။ ကိုယ်ဝန် ၂ လလောက်ကစပြီး ဗိုက်ပေါ်မှာ ၁ နေ့ ၂ ကြိမ်၊ မွေးပြီး ၆ လလောက်အထိ ကြက်ဥအဆီလေးကို ညင်ညင်သာသာ လိမ်းကျံ နှိပ်နယ်ပေးနိုင်ပါတယ်။

 

နည်း (၅) ကြက်ဆူဆီပါ။ သက်ကြီးကွက် လို့ ခေါ်တဲ့ အညိုဖျော့ရောင် အကွက်တွေ၊ မှည့်ခြောက်လိုလို အမည်းစက်တွေ၊ မှဲ့သီးတွေ၊ ၀က်ခြံဖုတွေနဲ့ အရေးအကြောင်းတွေ အပါအဝင် အရေပြား ပြသနာအမျိုးမျိုးအတွက် ကုသရာမှာတော့ အသုံးများပါတယ်။ ကြက်ဆူဆီကို အဲဒီနေရာတွေပေါ်မှာ မှန်မှန်သာ လိမ်းပေးရင်းနဲ့ မြင်သာထင်ရှားနေတဲ့ အရေးအကြောင်းတွေဟာ တဖြည်းဖြည်း လျော့ပါးသက်သာသွားပါလိမ့်မယ်။ ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက် စက်ဝိုင်းပုံ ဖြည်းဖြည်းသာသာ နှိပ်နယ် လိမ်းပေးရမှာပါ။ နေ့တိုင်း မှန်မှန်နဲ့ အနည်းဆုံး တလလောက်တော့ လိမ်းပေးနေမှ သိသာမှာဖြစ်ပါတယ်။

 

နည်း (၆) Essential Oils လို့ ခေါ်တဲ့ နှင်းဆီ၊ လာဗန်ဒါ၊ ဟယ်လီခရိုင်ဆမ် ဆိုတဲ့ ပန်းအဝါ၊ Geranium ဆိုတဲ့ ရေမွှေးပန်း၊ Myrrh ဆိုတဲ့ resin တမျိုး စတာတွေကနေ အဆီထုတ် ရောစပ်ထားတဲ့ ပန်းမျိုးစုံဆီဟာ အကြောပြတ်ရာတွေကို ကုသရာမှာ အစွမ်းထက်တဲ့ ဆေးတမျိုး လို့ ဆိုကြပါတယ်။

 

နည်း (၇) Cocoa Butter ကိုကိုးစေ့ကနေ ထုတ်ထားတဲ့ အဆီခဲကတော့ အကြောပြတ်ရာတွေကို ကုရာမှာ သိပ်ကို ထိရောက်တဲ့ ဆေးတစ်လက် လို့ ပြောနိုင်ပါတယ်။ အကြောပြတ်ရာတွေပေါ်မှာ တနေ့ ၂ ကြိမ် လနဲ့ချီပြီး လိမ်းပေးသွားရင် အကြောပြတ်ရာတွေ ပြေပျောက်သွားပါသတဲ့။နောက်ထပ် အသုံးဝင် ရောက်တဲ့ နည်းကတော့Cocoa Butter အဆီခဲ ခွက်တဝက်စာ၊ ဂျံုစေ့ဆီ ၁ ဇွန်း၊ ပျားဖယောင်း ခြစ်ထားတာ ၂ ဇွန်းစာ၊ apricot ဆိုတဲ့ တရုတ်ဆီးသီး အဆီ၊ ဗစ်တာမင် အီး အဆီနဲ့ သစ်စေ့ဆီ တဇွန်းစာစီကို အားလုံးရောပြီး ပျားဖယောင်း ပျော်ဝင်သွားတဲ့အထိ အပူပေးပြီး ရေခဲသေတ္တာထဲကရေမခဲတဲ့ အခန်းမှာသိမ်းထားရပါမယ်။ အဲဒီအဆီကို အကြောပြတ်တဲ့နေရာ၊ အကြောပြတ်လွယ်တဲ့နေရာတွေပေါ်ကို တနေ့ ၂ ကြိမ်-၃ ကြိမ် လိမ်းကျံ နှိပ်နယ်ပေးရင် အရေပြားကို ရေဓာတ် ဖြည့်ပေးပြီး ချောမွေ့လာစေပါတယ်။

 

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုမှာ FDA မှတ်ပုံတင်ထားတဲ့ Lextrin ခရင်မ် ဆိုရင် ၃ လလောက် လိမ်းပေးရုံနဲ့ အကြောပြတ်ရာတွေ ပျောက်သတဲ့။ Glycolic Acid ဆိုရင်လဲ နီးရာဆိုင်တွေမှာ အလွယ် ၀ယ်နိုင်ပြီး ကိုယ်ဝန်ဆောင်တွေတောင် လိမ်းရင်တောင် ဘာဆိုးကျိုးမှ မရှိနိုင်ပါဘူးတဲ့။ ပြီးတော့ နေရောင်အောက် ထွက်လို့လဲ ရပါတယ် တဲ့။နောက်တနည်းကတော့ Retin-A နဲ့ Glycolic Acid ကို ရောစပ်လိမ်းပေးတာပါပဲတဲ့။

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18