Print

ကာလသားရောဂါ အစောပိုင်းလက္ခဏာအဖြစ် အသည်းအင်ဇိုင်းများ မြင့်တက်

  31-Oct-2016
Preview Image

 

ဝေဒနာဟူသော ဝေါဟာရ၏ အဓိပ္ပာယ်ကို တိတိကျကျမသိ။ သို့သော် မိမိတို့ငယ်စဉ်က ပါးချိတ်ရောင် လျှင် မဲနယ်လူးရသည်။ သံခွာတပ်ထားသော ဖိနပ်ဖြင့် ခုနှစ်ချက် အရိုက်ခံရသည်။ ရိုက်သူက ရိုးရိုးမရိုက်ရ။ အသက်အောင့် ရိုက်ရသည်။ ဆေးပညာအရ Mumps ဟု ခေါ်သည်။ ဗိုင်ရပ်စ်ပိုးကြောင့် ဖြစ်သောရောဂါ၊ ကလေးများမှာ အဖြစ်များသည်။ ယခုအခါ ကာကွယ်ဆေးထိုးထားကာ ကာကွယ်နိုင်လာသည်။ ရောဂါပျိုးချိန် နှစ်ပတ်မှ သုံးပတ်အထိကြာသည်။ ပိုးစစဝင်ခြင်းဖျားသည်။ ခေါင်းကိုက်သည်။ကိုယ်လက်ကိုင်ခဲသည်။ ထို့နောက် ပါးရိုးရင်း တစ်ဖက်တစ်ချက်၊ နာရွက်အောက်နားမှာ ရောင်လာသည်။ ထိုနေရာရှိ တံတွေးဂလင်းန် ရောင်လာခြင်းဖြစ်သည်။ ထိုအကျိတ်ရောင်နေသဖြင့်စားသောက်ရာ၊ စကားပြောသည့်အခါ၊ ယင်းနေရာ လှုပ်ရှားရသည့် အခါတိုင်းမှာနာကျင်သည်။ ကလေးများ နည်းတူမြီးကောင်းပေါက်များ၊ အရွယ်ရောက်ပြီးသူများမှာလည်း ပါးချိတ်ရောင်တတ်ပါသည်။ ကလေးများ ပါးချိတ်ရောင်သည့်အခါ အပျောက်မြန်သည်။မြီးကောင်ပေါက်များနှင့် အရွယ်ရောက်ပြီးသူများ ဖြစ်လျှင် နောက်ဆက်တွဲပြဿနာများ ပူးတွဲပါလာ တတ်လေ့ရှိပါသည်။

 

ဆရာဝန်နှင့် အရင်ပြပါ။

• ပါးချိတ်ရောင်ရောဂါ ဟုတ်၊ မဟုတ်ဆရာဝန်နှင့် အရင်ပြပါ။ ထိုရောဂါကြောင့် နောက်ဆက်တွဲ ပြဿနာများ ၀င်၊ မဝင် စမ်းသပ်စစ်ဆေးမှု ခံယူပါ။

 

သင့်ဘာသာ ဆောင်ရွက်နိုင်သောကိစ္စ

အရှင်းဆုံးဆိုရလျှင် ဗိုင်ရပ်စ်ပိုးဝင် ရောဂါဖြစ်သည့်အတွက် သီးသန့်ကုထုံးဟူ၍မရှိပါ။ သို့သော် လတ်တလော ခံစားနေရသောဝေဒနာများ သက်သာစေရန် အောက်ပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ပါသည်။

• ငြိမ်ငြိမ်နေပါ။ အနားယူပါ။

• တဘက်တစ်ထည်ကို ရေနွေးစိမ်၍ ရေနွေးဖတ်ကပ်ပေးခြင်းဖြင့် ရောင်နေသောအကျိတ်၊ အနာသက်သာစေနိုင်သည်။

• အရည်များများ သောက်ပေးပါ။ သို့သော်ချဉ်သော အရသာရှိသည့် ဖျော်ရည်များရှောင်ပါ။ ချဉ်လျှင် တံတွေးပိုထွက်တတ်သည်။ ထိုအခါ ရောင်နေသော အကျိတ်ပိုနာလာတတ်သည်။ ပါးစပ်ဟရခက်လျှင်၊ ခွက်နှင့်ပါးစပ်တေ့ အသောက်ရခက်လျှင် အအေးစုပ်ပိုက်ဖြင့် သောက်နိုင်သည်။

• မျိုလွယ်သော စွပ်ပြုတ်ရည်၊ ဒိန်ချဉ်အချိုနှင့် အခြားပျော့ပျောင်းနုည့ံသော အစာများကိုစားပါ။ ကြေညက်အောင် ၀ါးစားရသောအစာများ အစားကြေလွယ်၊ မျိုရလွယ်သော အစာပျော့များကိုသာ စားပါ။

• ကိုယ်ပူကျဆေး၊ အကိုက်အခဲပျောက်ဆေး သောက်နိုင်သည်။

• ပါးချိတ်ရောင်ရောဂါသည် ဝှေးစေ့ရောင်ခြင်းနှင့် တွဲလေ့ရှိရာ အောက်ခံဘောင်းဘီကျပ်ကျပ်ဝတ်ကာ အိပ်ရာထဲလှဲနေပါ။

• နောက်ဆက်တွဲဝေဒနာ၊ ပြဿနာများ မဝင်လျှင် ပါးချိတ်ရောင်ပြီး ငါးရက်အကြာတွင် ကလေးဖြစ်ပါက ကျောင်းပြန်တတ်နိုင်သည်။ တစ်ပတ်၊ နှစ်ပတ်ကြာလျှင်မူ လုံးဝပျောက်ကင်းသွားပါမည်။

 

မှီဝဲနိုင်သော ဆေးများ

• ကလေး - ပါရစီတမောလ် တိုက်နိုင်သည်။

• လူကြီး - ပါရာစီတမောလ်၊ အိုင်ဗျူပရိုဖဲန်း စသည်တို့သောက်နိုင်သည်။

အဆိုပါ အကိုက်အခဲပျောက် ဆေးများတွင် အဖျားကျ၍ အကိုက်၊ အနာသက်သာစေသော အာနိသင်ရှိသဖြင့် ရောင်နေသော ပါးချိတ်ကြောင့် နာကျင်မှု၊ ကိုယ်ပူခြင်းများကို သက်သာစေနိုင်ပါသည်။ ကလေးများအတွက် ပါရာစီတမောလ်၊ ၀ါးစားနိုင်သောဆေးတောင့်စသဖြင့် ရှိရာ သင့်လျော်သည့် အမျိုးအစားကို အသုံးပြုနိုင်ပါသည်။

 

ကာကွယ်ခြင်း

• ၀က်သက်၊ ပါးချိတ်ရောင်နှင့် ဂျိုက်သိုးရောဂါ သုံးမျိုးအတွက် ထုတ်လုပ်ထားသော (MMR) ကာကွယ်ဆေး ထိုးပေးရမည်။

 

ဆရာဝန်နှင့် ဆက်ပြရန်

• ပါးချိတ်ရောင်သည့်အပြင် ဗိုက်အောင့်၊ ရင်ဘတ်နာလာလျှင်။

• ဝှေးစေ့ရောင်၍ နာကျင်ကိုက်ခဲလာလျှင်

 

Healthcare.com.mm

 

Ref:

အိမ်သားသမားတော်

ဒေါက်တာသန်းထွဋ်

 

 

ကာလသားရောဂါ (Syphilis) မှာ ၎င်းင်း၏ အစောပိုင်း အဆင့်တွင် အင်ဇိုင်းalanine transaminase, aspartate aminotransferase, gammaglutamyl-transferase, alkaline phasphatae တို့တက်နေ ပြီး ရောဂါလက္ခဏာအနေဖြင့်ရုတ်တ ရက် သည်းခြေပြန်ကျဉ်း၍ ရောင် ရမ်းခြင်း (acute sclerosing cholanitis ဖြစ်တတ်သည်။ အသည်းအင်ဇိုင်းများ မြင့်တက်နေ ခြင်းHIV ကူးစက်ခံနေရပြီး ကာလသားရောဂါကူးစက်နေသူများ တွင်တွေ့ရလေ့ရှိသည်။ Primary Sclaerosing Cholangitis(PSC) ) မူလသည်းခြေပြွန်ကျဉ်း၍ ရောင်ရမ်း ခြင်းမှာ နာတာရှည်ရောဂါတစ်မျိုး ဖြစ်သည်။ ယင်းကဲ့သို့ ဖြစ်ပွားပါက သည်းခြေပြန်မှာ တဖြည်းဖြည်း အမာရွတ်များကြောင့် ကျဉ်းလာပြီး အသည်းမှထွက်သော သည်းခြေရည် များက အသည်းတွင်းပိတ်နေပြီး အသည်းအားဆိုးဝါးစွာ ပျက်ဆီးစေ သည်။ ကာလသားရောဂါမှာ လိင်မှ တဆင့်ကူးစက်သောရောဂါတစ်မျိုးဖြစ်ပြီးTreponema Pallidum ကြောင့် ဖြစ်ပွားသောရောဂါဖြစ် သည်။ ၎င်းင်းအားအဆင့် ၃ ဆင့်ခွဲ ထားပြီး ပထမအဆင့်တွင် လိင်အင်္ဂါ တစ်ဝိုက်တွင်သာဖြစ်ပြီး၊ ဒုတိယ အဆင့်တွင် အနီပြင်များထွက်ခြင်း၊ လည်းချောင်းနာခြင်းတို့ ဖြစ်ပွားကာ အခြားအင်္ဂါများသို့ကူးစက်ခံရနိုင်ကာ၊ တတိယအဆင့်တွင် အပြင်းထန် ဆုံးအဆင့်ဖြစ်ပြီး အာရုံကြောမ၊ နှလုံးနှင့်အရေပြားတို့တွင် လက္ခဏာ ပြလေသည်။ တိက သောပဋိဇီဝဆေး များဖြင့် ကုသပါကပျောက်ကင်းနိုင် ပြီး၊ အဆင့်(၃)ထိ ဖြစ်ပွားသူ ရှားပါး လေသည်။ ထို့ကြောင့် ကာလသားရောဂါအား စောစီးမှန်ကန်စွာ ကုသ နိုင်ခြင်းအားဖြင့် စရိတ်စက ကုန်ကျစရိတ်များစွာလျော့ချနိုင်မည်ဖြစ် လေသည်။

 

Healthcare.com.mm

 

Ref:

ဖိုးသောကြာ

Health Updates Journal

Source: Medindia



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18