Print

၀မ်းလျှောလျှင်

  31-Oct-2016
Preview Image

 

၀မ်းလျှောလျှင် ၀မ်းပိတ်ဆေးသောက်ခြင်းသည်မကောင်းပါ။ ၀မ်းထဲရှိ မသန့်သော အညစ်အကြေးများ အကုန်အစင် မထွက်နိုင်ပဲ ပိုးများပိုမို ပေါက်ပွားစေနိုင်ပါသည်။

- ၀မ်းလျှောလျှင် ကုန်ဆုံးသောရေဓာတ်အလျောက် ဓာတ်ဆားရေကို ပြန်လည်ဖြည့်သွင်းပေးရပါသည်။

- မြန်မာနိုင်ငံတွင် ရရှိနိုင်သော MPF ဓာတ်ဆာတစ်ထုပ်ကို ရေသန့်ဘူးတစ်ဗူးဖြင့်ဖျော်၍ရေဓာတ်ကုန်ဆုံးသလောက် များများသောက် သင့်ပါသည်။

- ORS( oral rehydration solution) မရရှိပါက အုန်းရည်ကိုလည်း အစားထိုးနိုင်ပါသည်။

- ကလေးများဝမ်းလျှောလျှင် ဆေးခန်းပြသင့်ပါသည်။

- ၀မ်းလျှောရာ မရပ်တန့်ခြင်း၊ ဖျားခြင်း၊ အန်ခြင်းနှင့် ၀မ်းကိုက်ခြင်းများရှိပါကဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသသင့်ပါသည်။

- ၀မ်းလျှောရာတွင် ဆန်ဆေးရည်ကဲ့သို့ အရောင်အဆင်းရှိခြင်း၊ ငါးညှီနံ့ရှိခြင်း၊ အဆက်မပြတ်လျှောခြင်းများ ရှိပါက ကာလဝမ်းရောဂါနှင့် ဆင်တူ၍ အမြန်ဆုံးဆေးရုံတွင်ကုသမှုခံယူသင့်ပါသည်။

- သာမန်ဝမ်းလျှောခြင်းများတွင် ORS ဓာတ်ဆားရည် သောက်သုံးခြင်းတစ်ခုတည်းဖြင့် အလိုလိုပြန်လည်ကောင်းမွန်နိုင်ပါသည်။

- ORS ဓာတ်ဆားရည်ကို အခြားသော ရေဓာတ်ဆုံးရှုံးသည့် အချိန်အခါ (ပူပြင်း၍ ချွေးအလွန်အမင်းထွက်သောအခါ) များတွင်လည်း သောက်သုံးနိုင်ပါသည်။

 

ရှောင်ကြဉ်ရန်

ချိုသောအစားအစာ၊ ဖျော်ရည်၊ ဂက်စ်ပါသော ဖျော်ရည်၊ သံဗူး၊ ကော်ဖီ၊ အသုတ်များ၊ အပူအစပ်များ စားသောက်ခြင်းကို ၀မ်းလျှောနေစဉ်ရှောင်ကြဉ်ပါ။

- ပူနွေးသော စွတ်ပြုတ်၊ ထမင်းပူပူပျော့ပျော့နှင့် အချိုမပါသော လက်ဖက်ရည်တို့ကို သောက်သုံးနိုင်ပါသည်။

 

Healthcare.com.mm

 

Ref: ရှေးဦးသူနာပြု



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18