Print

သင်အိပ်နေသည့် ခေါင်းအုံးလေးကို နေပူလှန်းပေးရန် လိုအပ်

  31-Oct-2016
Preview Image

မသိမသာရောဂါများကိုဖြစ်ပေါ်စေနိုင်သည့်အကြောင်းအရာပါ သင်နှင့်နီးစပ်နေပြီး အိပ်စက်သည့်အခါ ထိတွေ ့နေသည့် ခေါင်းအုံးဆိုတာ သတိမထားကြပါ ဒါကြောင့် သတိမထားမိခြင်း မဖြစ်မိစေရန်အတွက် အခုလို ့အသိပေးအပ်ပါသည် ။လူတွေအားလုံးမည်သူမဆို အိပ်စက်သည့်အခါတွင် ခေါင်းအုံးဖြင့် အနားယူအိပ်စက်ကြပါတယ် အဲလို ့ အိပ်စက်သည့်အခါတွင် လူ့ခန္ဓာကိုယ်အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွားတတ်သည်။ အဲဒီလို ့ဖြစ်ပေါ်ခြင်းကြောင့် ခေါင်းအုံးအဖုံးအပါ ခေါင်းအုံးကိုပါညစ်ညမ်းစေပြီးရက်ပေါင်းများစွာကြာသည့်အခါ ခေါင်းအုံးသည် အညစ်အကြေးစုုလာ နေသောနေရာ ဖြစ်လာပါတော့သည်။ခေါင်းအုံးထဲသွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့်ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွားလာတတ်သည်။ ခေါင်းအုံးတွင် တွယ်ကပ်ဖြစ်သောလာသော ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါကူးစပ်ဖြစ်ပွားခြင်းလဲ ခံစားရနိုင်ပါသည်။ အထူးသဖြင့်အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြားရောဂါရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံးထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများရှိသဖြင့် အနာရောဂါကူးစက်တတ်သည်။ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံးပဝါကို မကြာခဏလျှော်ဖွပ်ပေးရမည့်အပြင် ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်းပေးရပါမည်။အထူးသဖြင့်အအေးမိရောဂါနှင့်အခြားကူးစက်တတ်သည့် ရောဂါများ ဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကို အထူးသဖြင့် သန် ့ရှင်းအောင်ဂရုတစိုက်လုပ်ဆောင်ပေးရန်လိုအပ်လာသဖြင့် နောက်တစ်ထည်လဲလည်သုံးစွဲပြီး သုံးစွဲပြီးသားကို လျှော်ဖွပ်သန် ့စင်ပေးရပါတယ် ။ ခေါင်းအုံးကို အိပ်ခန်းတွင်းမှာ ထုတ်ယူပြီး လေသာ နေသာသောနေအခါတွင် နေပူလှန်းပေးရပါမည်။ သို့မှသာတွယ်ကပ်နေပြီး လူကိုဒုက္ခပေးသော ရောဂါပိုးနှင့်ဗိုင်းရပ်စ်ပိုး ကင်းစင်သွားခြင်းဖြင့် ရောဂါဘယဖြစ်ပေါ်လာခြင်းကို ဝေးကွာသွားပါလ်ိိမ့်မည်။အဲလိုမှ သင်သည်လုပ်ဆောင်ခြင်း မပြု ့လုပ်ပါက လူအညစ်အကြေးကြောင့် ကူးစပ် ဖြစ်ပွားနိုင်သော ရောဂါများ တိုးပွားရရှိနိုင်ပါသည် ။ ဒါကြောင့် သင်အိပ်နေသော ခေါင်းအုံးများကို မဖြစ်မနေ အနည်းဆုံး တစ်လတစ်ကြိမ်တော့ အပြင်ထုတ်နေပူလှန်းခြင်းလုပ်ဆောင်သင့်ပါကြောင့်တိုက်တွန်းပြောကြားရင်းအသက်ရာကျော် ရှည်ပါစေ ။

 

Healthcare.com.mm

 

Ref:

Mg Mandalay



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18