Print

Dyspareunia ဆက်ဆံချိန်မှာနာကျင်တာ

  30-Oct-2016
Preview Image

လင်-မယားဆက်ဆံတဲ့အခါ မနာသင့်ဘဲနာတယ်ဆိုတဲ့နေရာတွေဟာမိန်းမကိုယ်နှုတ်ခမ်း၊ (ဗဂျိုင်းနား) နဲ့ တင်ပါးဆုံတွင်းနေရာတွေ ဖြစ်တယ်။ ဒီနေရာတွေမှာ လိင်ဆက်ဆံမှုပြုတဲ့အခါ နာလာတဲ့ ဆေးဝေါဟာရ Dyspareunia စကားလုံးကဂရိကနေလာတယ်။ မိတ်လိုက်တဲ့အခါ ဆိုးဝါးတာလို့ အဓိပ္ပါယ်ရတယ်။ ရှေးဟောင်း (ဟီဘရူး) စာတွေထဲမှာ ဒီလိုဖြစ်နေသူနဲ့ လင်မယားကွာရှင်းခွင့်ပြုတယ်လို ့ပါတယ်။အမျိုးသမီးဘယ်နှစ်ယောက်မှာ ဒီဝေဒနာခံစားနေရသလဲ မပြောနိုင်ဘူး။စာရင်းကောက်ဘို့ခက်ခဲသလို နာတယ်ဆိုတဲ့ အတိုင်းအတာကိုလဲ ခွဲခြားဘို့ ခက်တယ်။ နောက်ပြီးဆရာ-လူနာဆက်ဆံရေးမှာလဲ ပွင့်လင်းမှု နည်းနေသေးတာက အနောက်နိုင်ငံမှာပါ ရှိနေသေးတယ်။ လေ့လာမှုတခုအရ အမျိုးသမီး ၆ဝ% မှာ အခုဖြစ်ဖြစ်၊အရင်တုံးကဖြစ်ဖြစ် ဒီလိုနာတာမျိုးကိုခံစားနေရတယ်။ တဝက်လောက်ကဆရာဝန်ဆီမလာကြဘူး။ လိင်ဆက်ဆံရေး ပြဿနာတွေထဲမှာ အဖြစ်များတဲ့ အခြေအနေတခု ဖြစ်တယ်။ နောက်ပိုင်းမှာ ပိုပြီးအဖြစ်လာတယ်လို့ ယူဆတယ်။ ဖြစ်နိုင်ခြေအကြောင်း ၃ မျိုးရှိတယ်။

 

၁။ လိင်အမူအကျင့်တွေ ပြောင်းလာလို့၊

 

၂။ (STDs) လိင်ကတဆင့် ကူးစက်ရောဂါတွေ ပိုဖြစ်လာလို့ နဲ့

 

၃။ ဆရာဝန်ကိုပြောဘို့ ပိုပြီးပွင့်လင်းမှု ရှိလာကြလို့။

 

ရောဂါလက္ခဏာတွေ

• နာပုံနာနည်းက စူးရှိပြီး ပူလောင်သလို နာတယ်။

• အများဆုံးက ကျားလိင်အင်္ဂါ ဝင်စဉ်မှာ နာတယ်။

• ဒုတိယအများဆုံးက အတွင်းနက်ရာနေရာမှာ နာတယ်။

• ပူးတွဲခံစားရတတ်တာတွေကတော့ ကြွက်သားတွေ တုံလှုတ်နေသလို၊ တင်းကြပ်နေသလို နာတာတွေ ဖြစ်တယ်။

 

နာနည်းကမတူကြပါ

• လိင်ဆက်ဆံမှု စရှိဘူးကတည်းက နာတတ်သူ၊

• တချို့အချိန်တွေမှာနာပြီး တချို့အချိန်တွေမှာ မနာဘူး၊

• လိင်ဆက်ဆံမှုဖြစ်စဉ် တလျှောက်လုံး နာတာကို အပြည့်အဝနာခြင်းလို့ သတ်မှတ်တယ်။

• ဆက်ဆံဘက်တယောက်နဲ့နေမှသာဖြစ်ဖြစ်၊ အနေအထား-ပုံစံတမျိုးသုံးမှဖြစ်ဖြစ် နာပေမဲ့ ကျန်တဲ့ အခြေအနေတွေမှာ မနာဘူး။

• ကျား-လိင်အင်္ဂါ စပြီးထိုးသွင်းမှု အစပိုင်းမှာ နာခြင်း။

• (ဗဂျိုင်းနား) အတွင်းဆုံးမှာ အထက်ကသားအိမ်ဝရှိတယ်။ သူ့ကိုထိမှသာ နာတယ်။

• တချို့မှာ ရုပ်ပိုင်းနဲ့မဆိုင်ဘဲ စိတ်ကနာနေတာလဲ ရှိတယ်။

 

လိင်ဆက်ဆံတာနဲ့ဆက်စပ်ပြီး အရင်ကနဲ့မတူတဲ့ နာတာမျိုး၊ သွေးဆင်းတာမျိုး၊ အဖြူစသည် ဆင်းလာတာမျိုးရှိရင် ဆရာဝန်ပြပါ။ ရောဂါသေခြာအောင် အခြေအနေကိုဒေါင့်စုံအောင်မေးမယ်။ နောက်ကြောင်းရာဇဝင်လဲမေးမယ်။ စစ်ဆေးမှုတွေ ဆက်လုပ်မယ်။

 

1. Lubrication လိင်ဆက်ဆံမှု အစပိုင်းမှာ လိင်အင်္ဂါစိုစွပ်လာရတယ်။ အဲလိုဖြစ်တာမရှိရင်၊ နည်းရင်နာမယ်။ ဟော်မုန်းအပြောင်းအလဲ (သွေးဆုံးချိန်) နဲ့ တချို့ဆေးဝါးတွေကနေလဲ ဖြစ်စေနိုင်တယ်။

 

2. မိန်းမကိုယ် အဝရောင်နေတာရှိသလား။

 

3. အထဲထိ ထိုးသွင်းမှုကို ခုခံနေတဲ့ ကြွက်သားတွေ တုန်ခါနေမှု ရှိသလား။ ဆရာဝန်ရဲ့ စမ်းသပ်တဲ့ လက်ချောင်းညင်ညင်သာသာထည့်တာတောင် နာမယ်။

 

4. (ဗဂျိုင်းနား) တလျှောက်လုံးမှာ နာတာဆိုရင် မိန်းမကိုယ်-ကြွက်သားအားနည်းခြင်း၊ (မှို = ဖန်းဂတ်စ်) (ပါရာဆိုက် = ကပ်ပါးကောင်) (ဗက်တီးရီးယား) စတဲ့ ပိုးဝင်တာ

တခုခု ဖြစ်နိုင်တယ်။

 

5. ဆီးသွားပေါက်နေရမှာ သာနာရင် ဆီးလမ်းရောင်တာ ဖြစ်နိုင်တယ်။

 

6.အတွင်းနေရာ နာတာဆိုရင် Endometriosis သားအိမ်ရောဂါ၊ Adhesions အထဲမှာတခုနဲ့တခုကပ်တွယ်နေတာ၊ သားအိမ်ပုံစံမူမှန်ဖြစ်တာ၊ Sagging of the ovaries or Fallopian tubes မျိုးဥအိမ်နဲ့ သားအိမ်ပြွန်တွေ တွဲကျနေတာ ဖြစ်နိုင်တယ်။

 

7. အလည်နေရာနာတာက သားအိမ်ကနာတာဖြစ်မယ်။ ဘေးတဖက်စီမှာ နာတာဆိုရင် သားအိမ်ပြွန်တွေ မျိုးဥအိမ်တွေနဲ့ အရွတ်တွေမှာနာတာဖြစ်မယ်။

 

ဆရာဝန်ကနေဒါတွေလုပ်မယ်

• Physical exam ဝမ်းဗိုက်၊ မိန်းမကိုယ်၊ မွေးလမ်း၊ ခါးအောက်ပိုင်း၊ စအို။

• Pap smear (ပက်ပ်-စမီးယား) ယူပြီးဓါတ်ခွဲခန်းမှာစမ်းမယ်။

• CT scan or an MRI of the pelvis တင်ပါးဆုံနေရာဒါတွေရိုက်မယ်။

• Urethrogramဆီးသွားပြွန် ဓါတ်မှန်။

• Cystogramဆီးအိမ် ဓါတ်မှန်

• Cystoscopy ဆီးအိမ်ထဲကရိယာထည့်ကြည့်တာ။

 

ကုသနည်းများ

Lubricating gels ဆက်ဆံမှုမပြုခင်မှာ ချောဆီကို ဗဂျိုင်းနားအဝနဲ့ အတွင်းထဲမှာ သုတ်လိမ်းပါ။ Water-soluble lubricants အမျိုးအစားကိုသာ သုံးပါ။ မဟုတ်ရင် (ကွန်ဒွမ်) ပေါက်ပြဲစေနိုင်တယ်။ လိင်စိတ်ဖြစ်ပေါ်မှု အားနည်းနေရင် Foreplay လိင်ဆက်ဆံခြင်း ပထမအဆင့်အတွက် အချိန်ပေးပါ။ ဒါမှမဟုတ် Sex toys လိင်-ကရိယာတွေဖြစ်တဲ့ Vibrators တုံခါကရိယာ၊ Dildos ကျားအင်္ဂါအတုတွေကိုလဲသုံးနိုင်တယ်။

 

ဆေးဝါးများ

(၁) အဝနေရာမှာနာတာ –

 

•Atrophy သွေးဆုံးပြီဆိုရင် နည်းလာတဲ့ ဟော်မုန်းကြောင့် မိန်းမကိုယ်၊ မွေးလမ်းတွေကခြောက်ပြီးပါးလာတယ်။ ဟော်မုန်းအစားထိုးကုသမှု လုပ်နိုင်တယ်။ Estrogen vaginal cream ကအမြန်ဆုံးနည်း ဖြစ်တယ်။

 

• Urethritis ဆီးသွားပြွန်ရောင်တာဆိုရင် ပဋိဇီဝဆေးပေးမယ်။

 

• Vaginismus (ဗဂျိုင်းနား) နေရာကကြွက်သားတွေက စိတ်ကနေ လုပ်တာမဟုတ်ဘဲအလိုလိုတင်းကြပ်တဲ့ရောဂါ ဆိုတာရှိတယ်။ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမှု ကြုံဘူးရင်၊ အလိုမတူပြုကျင့်တာ ကြံုဘူးရင်ဖြစ်တတ်တယ်။ Behavioral therapy စိတ်ကုသနည်းနဲ့ Vaginal relaxation exercises လေ့ကျင့်ခန်းနည်းတွေ လုပ်ပေးမယ်။

 

• Vaginal strictures ရောဂါတခုခုကြောင့် ခွဲစိတ်ကုသခံရတာ၊ ဓါတ်ကင်ထားတာ၊သွေးဆုံးသွားတာတွေကနေ (ဗဂျိုင်းနား) ကျဉ်းနေနိုင်တယ်။ Estrogenဟော်မုန်းသုံးနိုင်တယ်။ ခွဲစိတ်ပြုပြင်ပေးနိုင်တယ်။

 

• Interstitial cystitis နာတာရှည် ဆီးအိမ်ရောဂါဖြစ်နေရင် Cystoscopy ကရိယာနဲ့စစ်ဆေးမယ်။ Amitriptyline, Nifedipine, Elmironဆေးတွေပေးမယ်။ ဆီးအိမ်ကို Dimethyl sulfoxide (DMSO) ဆေးသုံးမယ်။ Transcutaneous electric stimulation (TENS) လျှပ်စစ်နည်း၊ Acupuncture အပ်စိုက်နည်းတွေနဲ့ ကုနိုင်တယ်။

 

• Endometriosis (အင်ဒိုမီထရီယိုးဆစ်) ရောဂါ အဖြစ်မနည်းပါ။ သားအိမ် (ဆစ်ရှူး) က တခြားနေရာတွေမှာရှိနေတဲ့ရောဂါ ဖြစ်တယ်။ ရာသီလာရင်လဲအတော်နာမယ်။ ဆက်ဆံရင်လဲနာတယ်။ ကုသနည်းအတိုင်းလုပ်ရမယ်။ ကုသရခက်တယ်။ ရေးထားပါတယ်။

 

• Vulvovaginitisမိန်းမကိုယ် နဲ့ ဗဂျိုင်းနားရောင်ခြင်းဖြစ်တာက ပြန်ပြန်ဖြစ်တတ်တယ်။ဆေးတွေနဲ့ ကုနိုင်တယ်။ (STDs) လိင်ကတဆင့် ကူးစက်ရောဂါတွေကိုလင်မယားနှစ်ယောက်လုံးစစ်ဆေးကုသပါ။

 

(၂) အတွင်းနက်ရာမှာနာတာ

• Pelvic adhesions တင်ပါးဆုံအတွင်းမှာ (တစ်ရှူး) တွေ တွယ်ကပ်မှု ရှိနေရင် ခွဲစိတ်ပြုပြင်ရမယ်။

 

• Uterine retroversion သားအိမ်ပုံစံအနေမမှန်ရင် Ovarian cysts မျိုးဥအိမ်အကျိတ်၊ Pelvic inflammatory disease (PID) အတွင်းအင်္ဂါတွေရောင်ခြင်း၊ Endometriosis (အင်ဒိုမီထရီယိုးဆစ်) Retroversion of the uterus တွေစစ်ဆေးကုသရမယ်။

ဘယ်လိုကာကွယ်မလဲ

 

• Perfumed soaps ရေမွှေးပါဆပ်ပြာတွေ မသုံးပါနဲ့။

 

• Douching မွေးလမ်းကြောင်းကို ဆေးတွေနဲ့ဆေးကြောတာ မလုပ်ပါနဲ့။

 

• Vaginal perfumes မွေးလမ်းနေရာ ရေမွှေးမသုံးပါနဲ့။

 

• Bubble baths ရေဘူပေါင်းထစေတဲ့ ရေကန်မှာ ရေမချိုးပါနဲ့။

 

• Scented or tinted toilet papers သန့်ရှင်းရေးသုံး (တစ်ရှူး) စက္ကူကိုလဲ

အမွှေးနံ့သာပါတာ မသုံးပါနဲ့။

 

• Panty liners or tight synthetic undergarments အတွင်းခံအမျိုးမျိုးဟာဆန်းပြားတာ၊ တင်းကြပ်တာတွေ မဝတ်ပါနဲ့။

 

Ref:

Dr.TintSwe

Medical Writing

September 9, 2014Uncategorized

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18