Print

Libido ဟိုစိတ်-ဒီစိတ်

  30-Oct-2016
Preview Image

Libido ဆိုတာလိင်ဆက်ဆံလိုစိတ်ကိုခေါ်တယ်။ လိင်စိတ် ဖြစ်ပေါ်မှုဆိုတာရှုတ်ထွေးတယ်။ နူးညံ့တယ်၊ စိတ်လှုတ်ရှားမှု၊ စိတ်အခြေအနေ၊ ရုပ်၊ ကိုးကွယ်-သက်ဝင်-ယုံကြည်မှု စတာတွေဟာ မျှတ-မှန်ကန်-ကောင်းမွန်နေဘို့ လိုတယ်။ ဖို-မဆက်ဆံရေးမှာလိင်စိတ်ရှိနေတာအလွန်အရေးပါတယ်။ လူတယောက်ထဲမှာကိုအချိန်တခုနဲ့တခု၊အခြေအနေတခုနဲ့တခု၊အသက်အပိုင်းအခြားတခုနဲ့တခုမတူ ကြဘူး။ လိင်စိတ်ရှိနေတာနဲ့တကယ်တန်းထိတွေ-ဆက်ဆံတာထပ်တူကြချင်မှ ကြမယ်ဆိုပါစို့ ။ လိင်စိတ်ကပုံမှန်နပေမဲ့ ဘာသာရေး၊ လူမှုရေး။ အဖေါ်မဲ့တာတွေကြောင့် လက်တွေ့ ရှိမှာမဟုတ်ပါ။ တခါတလေစိတ်မပါလဲလက်တွေ့ ဖြစ်တာလဲရှိမယ်။ လိင်ဆေးပညာမှာနာမည်ရထားတဲ့ ပညာရှင် Sigmund Freud ကပြောခဲ့တယ်၊ အတွင်းစွမ်းအားပါဘဲတဲ့။ Carl Jung က ပြောတာကတော့ ထမင်းစာချင်စိတ် ရှိနေတာ၊ တကယ်စားတာနဲ့ သဘောချင်း

တူတယ်တဲ့။

 

လိင်စိတ် ဘယ်လောက်ဆိုရင််(Normal) လဲသတ်မှတ်ဘို့ ခက်တယ်။ တချို့မှာနေ့တိုင်းလိင်စိတ် ဖြစ်မယ်။ တချို့ကြ တလတခါ၊ တနှစ်တခါ။ တချို့ ကုန်ခန်းသွားပြီ။ ကျားနဲ့ မ ယှဉ်ရင် အမျိုးသမီးတွေမှာလိင်စိတ်နည်းတာပိုဖြစ်ကြတယ်။ American Medical Association က ခန့်မှန်းတာအမျိုးသမီးသန်းပေါင်းများစွာမှာ ခံစားနေကြရမယ်တဲ့။ Erectile dysfunction ဆိုတဲ့ လိင်အင်္ဂါသန်မာမှု အားနည်းတာကြယောက်ျားတွေမှာ သိပ်ဖြစ်တယ်။ ဒါကလိင်စိတ် မမှန်တာ-နည်းတာမဟုတ်ပါ။အိမ်ထောက်ကျပြီးနေသူတယောက်နဲ့ ဇာတ်ရှုတ်တာမျိုးဖြစ်တဲ့ Infidelity, Philandery, Adultery, Affair ဖေါက်ပြန်မှု ဖြစ်တာတွေ ကြတော့ လိင်ဆန္ဒ မပြည့်ဝလို့ ဖြစ်တာရှိသလိုဖေါက်ပြားချင်စိတ် အလေ့အထကြောင့်လဲ ဖြစ်ကြတယ်။ တချို့ နိုင်ငံတွေမှာဒီအားနည်းချက်ကိုသက်သေပြနိုင်ရင် လင်မယားကွာရှင်းလို့ ရတယ်။ စိတ်ပိုင်းသက်ရောက်မှုတွေထဲမှာ လူမြင်သူမြင် ဆိတ်ကွယ်ရာမရှိတာ၊ ရင်းနှီးမှုနည်းလို့ လက်ခံချင်စိတ် မရှိတာ၊ အားအင်ကုန်ပြီးရုပ်ပိုင်းအားနည်းနေတာ၊ Distraction တခြားနေရာကိုစိတ်ပြောင်းသွားတာ၊ စိတ်ဓါတ်ကျတာတွေ ပါဝင်တယ်။

 

ပတ်ဝန်းကျင်သက်ရောက်မှု ဆိုတာအသံ-အလင်းလွန်ကဲနေတာမျိုး ဖြစ်တယ်။နောက်ပြီး အရင်က လိင်ပိုင်းစော်ကားမှု ခံခဲ့ရဘူးတာ၊ ပြစ်ပယ်ခံရမှု ကြုံရဘူးတာ၊ ကိုယ့်ခန္ဓာကိုယ်ကိုအထင်သေးစိတ် ရှိနေတာ၊ စိုးရိမ်စိတ် ကဲတာတွေ ပါတယ်။ တချို့မှာကိုယ်ဝန် တားဆေးကိုစိတ်ထဲအလိုမကျနေတာ ဖြစ်တတ်တယ်။ စိတ်ဖိအားလျှော့စေနည်းသင်ယူလေ့ကျင့်သူတွေမှာတိုးတက်မယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဘို့လိုတယ်။ စိတ်ဖိအားများနေရင် မကောင်းဘူး။ ကိုယ့်ရုပ်ရည်ကို ကိုယ်ကအားမရဖြစ်နေတာ အဆိုးဆုံးဘဲ။ ဥပမာငါသိပ်ဝနေတာဘဲ၊ သိပ်ပိန်လွန်းတယ်။ဒီလိုအမျိုးသမီးမျိုးက အလင်းရောင် လင်းတာကိုရှောင်မယ်၊ အဝတ်အစား ချွတ်ဘို့ ဝန်လေးမယ်။ ဒါမျိုးကို အားပေးဘို့ နှစ်သိပ်ဘို့ အချိန်နဲ့ နည်းနာလိုတယ်။ သူ့ရဲ့ တခြားလှပတာမျိုးရှာပြီးအားပေးသင့်တယ်။ ဉာဏ်ကောင်းတယ်၊ သဘောကောင်းတယ်၊ အိမ်မှုကိစ္စ စိတ်ချရတယ် စသဖြင့်။ စိတ်ဖိအားနဲ့ စိုးရိမ်စိတ်တွေကိုလဲ ပြုပြင်ရမယ်။

 

• Latent homosexuality ဖိုစိတ်-မစိတ် ပုံမှန် မဟုတ်သူတွေမှာလဲ ဆန့်ကျင်ဘက်လိင်နဲ့ ဆက်ဆံဘို့ စိတ်နည်းတတ်တယ်။

 

• Hypothyroidism လည်ပင်းကြီးဟော်မုန်းနည်းတာ၊ Testosterone ကျားဟော်မုန်းနည်းတာ၊ Flutamideဆေးသောက်နေတာ၊ Hyperprolactinaemiaဟော်မုန်းနည်းရောဂါ၊ Cancer ကင်ဆာ၊ Diabetes ဆီးချို၊ Depression စိတ်ကျရောဂါ၊ Anemia သွေးအားနည်းနေတာ၊ Smoking ဆေးလိပ်၊ Alcohol abuse အရက်၊ Drug abuse မူးယစ်ဆေးဝါး၊

 

• Lifestyle factors တဖက်သားရဲ့ ရုပ်ရည်ကို Attractiveness နှစ်သက် စွဲလမ်းမှုရှိတာ-မရှိတာ။ ကိုယ်ခန္ဓာ သေးလွန်း-ကြီးလွန်းတာ၊ အရပ် ရှည်လွန်းသူနဲ့ ပုလွန်းသူလိုကွာခြားတာ၊ အသက် သိပ်ကွာတာ၊

 

• Inborn lack of sexual desire မွေးကတည်းကစိတ်နည်းနေတာ၊

 

• Post-SSRI sexual dysfunction (PSSD) ဆိုတာမျိုးကတော့ တသက်လုံး လိင်စိတ်နည်းတာ ခံစားနေရမယ်။Testosterone (တင်စတိုစတီရုမ်း) ဟော်မုန်းဟာလူတွေရဲ့ လိင်စိတ်မှာအလွန်တရာအရေးပါတယ်။ သုတေသနတခုအရ Estrogen နဲ့ Progesterone ဟော်မုန်း ၂ မျိုးတွဲကိုယ်ဝန် တားဆေးကြောင့် Testosterone အပါအဝင် ဟော်မုန်းတွေကို Binding တွဲဖက်စေတဲ့ (SHBG) များလာရာကနေလိင်စိတ်နည်းစေတာသိလာရတယ်။ ဆေးဖြတ်လိုက်တာတောင် တော်တော်နဲ့ ရင်းစားမရဘူး။ နွားနို့ သောက်လို့၊ လေ့ကျင့်ခန်းလုပ်လို့၊ ဆေးလိပ်ဖြတ်လို့ ဆိုတာတွေကနေစိတ်ပိုစေတယ်လို့ ယူဆသူတွေ ရှိတယ်။ Aphrodisiacs အစားအသောက်တွေကနေလဲလွှမ်းမိုးနိုင်တယ်။ (စာတပုဒ် ရေးတားပါတယ်။)

 

• Antidepressants စိတ်မကျဆေးတွေကနေလိင်စိတ်ကဲစေနိုင်တယ်။ Prozac ဆေးမျိုးကနည်းစေနိုင်တယ်။ ဒီဆေးမျိုးတွေ မတူကြဘူး။ ရွေးသုံးနိုင်တယ်။ များသောအားဖြင့် လိင်စိတ် များစေတယ်။ ဒါပေမဲ့ Orgasm လိင်စိတ် ပြည့်ဝသွားဘို့နှေးစေမယ်။ တချို့ မပြီးဘူး။

 

• Blood pressure drugs သွေးတိုးကျဆေးတွေကလိင်စိတ် နည်းစေတတ်တယ်။

 

• Sedatives စိတ်ငြိမ်ဆေးတွေ၊ Xanex, Diazepam နဲ့ Valium တွေကနေလိင်စိတ် နည်းစေနိုင်တယ်။ စိတ်လာတာ နှေးနိုင်တယ်။ တချို့မှာ Orgasm မရတတ်ဘူး။ “Sex goddess လိင်-နတ်သမီးမဟုတ်ဘဲ Lobotomized zombie လိင်စိတ်မဲ့-ဖုတ်ကောင်” လို့ တင်စားကြတယ်။

 

• Antihistamines (အင်တီ-ဟစ်စတမင်း) လိုဆေးတွေကနေ Lubrication (ဗဂျိုင်းနား) စိုစွတ်မှု နည်းစေနိုင်တယ်။

 

• Antipsychotic စိတ်ရောဂါဆေး၊ Anti-seizure အတက်သက်သာဆေး၊ Anti-cancer ကင်ဆာဆေး၊ NSAID အကိုက်အခဲပျောက် ဆေးတွေကနေလိင်စိတ်နည်းစေနိုင်တယ်။

 

• Ecstasy ခေါ်တဲ့ စိတ်ကိုပြောင်းလဲစေတဲ့ လူငယ်သုံး၊ ကလပ်တွေမှာသုံးတဲ့ဆေးမျိုးတွေကနေ လိင်စိတ်ကို ကြွစေတယ်။ ဒါပေမဲ့ ဆေးသုံးပြီးတော့ Serotonin နည်းတာ ဖြစ်တာလို့ ရုပ်ပိုင်း အလုပ်တွေ ကျစေ-နှေးစေမယ်။ တာရှည်သုံးတာမကောင်းဘူး။

 

• Speed ဒါမှမဟုတ် Crystal meth ခေါ်တဲ့ Amphetamines ရာဘဆေးကယောက်ျားရော၊ မိန်းမပါ သုံးစွဲရင် Sexual Dysfunction လိင်ပိုင်း အလုပ် မမှန်မကန် ဖြစ်စေမယ်။

 

• Opiates ဘိန်းအုပ်စုထဲကSeroin, Cocaine တွေကနေ Orgasm မရစေနိုင်သလို Sexual desire လိင်စိတ် နည်းစေမယ်။ ယောက်ျားတွေမှာ Erection လိင်အင်္ဂါ သန်မာမှု မရတာ ဖြစ်စေတတ်တယ်။ မိန်းမတွေမှာ စိုစွပ်မှု နည်းစေနိုင်တယ်။ Heroin သုံးရင် နှေးကွေးနေတတ်တယ်။ Cocaine က ယုံကြည်စိတ် ပိုစေနိုင်တယ်။

 

• Adrenal glands ကျောက်ကပ် အထပ်မှာရှိတဲ့ (အဒရီနယ်လ်-ဂလင်း)ကောင်းကောင်းအလုပ်မလုပ်ရင် သူကနေထုတ်ပေးမဲ့ Testosterone နည်းမယ်။ စိတ်လဲနည်းမယ်။

 

• Hysterectomy သားအိမ် ထုတ်ထားသူတွေကိုဆန်းစစ်မှု လုပ်တော့ ထက်ဝက်မှာလိင်စိတ်ကဲတယ်။ ၂၁% မှာနည်းတယ်။ Menopause သွေးဆုံးရင်လိင်စိတ်နည်းတယ်လိုတာအများကလက်ခံကြပေမဲ့ မဟုတ်ဘူး ပြန်ငြင်းသူတွေလဲရှိပါတယ်။ သေခြာတာက Estrogen နည်းလာတာမို့ Sex စိတ်နည်းမယ်၊ (ဗဂျိုင်းနား) ခြောက်မယ်။ ဆက်ဆံရင် နာလိမ့်မယ်။ Testosterone လဲနည်းတာမို့ စိတ်နည်းနိုင်တယ်။ မိန်းမတွေမှာကလေးဖွါးပြီးစ စိတ်နည်းတတ်သူများတယ်။ မွေးလမ်း၊ မျိုးပွါးလမ်းမှာရောဂါ တခုခုရှိနေသူတွေမှာလဲနည်းတယ်။ ရောဂါကြီး တခုခုခံစားနေရသူတွေမှာလဲ နည်းတတ်တယ်။ ခွဲစိတ်ကုသမှု ခံထားရသူတွေလဲပါတယ်။ ကိုယ်လက် လေ့ကျင့်ခန်းလုပ်တဲ့ အမျိုးသမီးများလိင်ကိစ္စမှာလဲ ကောင်းသလိုရာသီလာချိန် ဖြစ်တတ်တာတွေလဲသက်သာတယ်။ လှုတ်ရှားမှု လွန်ကဲရင်တော့ ပြောင်းပြန် အကျိုး ဖြစ်စေတာကိုသတိထားရမယ်။ လိင်စိတ်ဖြစ်ပေါ်တာနဲ့ ရာသီပေါ်တာဆက်စပ်မှုရှိတယ်။ မျိုးဥမထွက်ခင် ရက်တွေမှာစိတ်ဖြစ်ပေါ်မှု အကဲဆုံး ဖြစ်တယ်။ လလည်ရက် မတိုင်ခင် ရက်တွေကိုဆိုလိုတာ ဖြစ်တယ်။ ဒါက Testosterone အနိမ့်-အမြင့်နဲ့ဆိုင်တယ်။ Testosterone က ၂၄ ရက်မြောက်နေ့ကစပြီးတက်တက် လာတယ်။ မျိုးဥထွက်မဲ့ ၁၄ ရက်အထိ ဖြစ်တယ်။ ဒီရက်တွေမှာလိင်စိတ်တွေ အဆက်မပြတ်ကောင်းနေမယ်။ တချို့ ၁၃ ကိုမကြိုက်တာဒီနေရာမှားတယ်။ ၁၃ ရက်နေ့ဟာ Testosterone levels အမြင့်ဆုံးနေ့ ဖြစ်တယ်။ မျိုးဥထွက်ပြီးနောက် Progesterone levels တက်လာတယ်။ ဒီရက်တွေ ဆိုရင် Orgasm လိင်ဆန္ဒ-ပြည့်ဝမှု ရတာခက်မယ်။ လတလရဲ့ နောက်ပိုင်းရက်တွေမှာ Testosterone level တန်းနေပြီး၊ သားအိမ် အတွင်းလွှာထူလာလို့ စိတ်ဖြစ်ပေါ်မှုကို နိုးဆော်ပေးတယ်။ ဒါပေမဲ့ Estrogen levels ကျလာလို့ စိုစွပ်မှု နည်းမယ်။ Depo-Provera ကိုယ်ဝန်တား ၃ လခံထိုးဆေးဆိုတာ Progesterone ဟော်မုန်းအတုတွေ အများကြီးပါတယ်။ ထိုးထားသူဟာကိုယ်ဝန် အတုဆောင်နေသလိုမျိုး ဖြစ်စေတယ်။ Estrogen ထွက်မှာကိုတားဆီးထားမယ်။ လိင်စိတ် နည်းနိုင်တယ်။ ဗဂျိုင်းနားသွေ့ခြောက်တာ ဖြစ်နိုင်တယ်။ ဆက်ဆံရင် နာနိုင်တယ်။ Implanon implants ကိုယ်ဝန်တားအချောင်းကလဲ Depo-Provera နဲ့တူတယ်။ Progesterone ထုတ်ပေးနေတာ ၃ နှစ် လောက်ထိ ကြာနိုင်တယ်။ သက်ရောက်မှု မတူကြပါ။ လိင်စိတ် ကဲလွန်သူရှိသလို Implant ထည့်ထားတဲ့ မိန်းမတချို့ဟာတင်စားပြောရရင် “အသားမဲ-မုဆိုးမ” လို့ ခေါ်တယ်။ အဖေါ်ယောက်ျားကိုအစိမ်းစားလိမ့်မယ်တဲ့။

 

Ref:

Dr. တင့်ဆွေ

September 9, 2014Uncategorized

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18