Print

အမျိုးသမီးများ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မျိုးအောင်နိုင်မှု အားကောင်း...

  30-Oct-2016
Preview Image

မျိုးမအောင်သည့်အမျိုးသမီးများတွင် မကြာခဏတွေ့ရသော ဟော်မုန်းမူမမှန်ဖြစ်မှု PCOS ဟုခေါ်သော သားအိမ်ရောဂါ ခံစားနေရသည့် အမျိုးသမီးများ လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်လျှော့ချပါက မျိုးအောင်နိုင်ခြေ ပိုများလာကြောင်း လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြသည်။ PCOS ရောဂါခံစားနေရသော အမျိုးသမီးများလေ့ကျင့်ခန်း လုပ်ပြီး ကျန်းမာရေးနှင့်အညီ စားသောက်ပါက မျိုးအောင်နိုင်မှု တိုး တက်လာနိုင်ကြောင်း ပင်ဆယ်ဗေးလ်နီးယားပြည်နယ် ဆေးကောလိပ်မှ ပါမောက္ခရစ်ချာ့ဒ်လီဂရိုက ပြောသည်။ PCOS ရောဂါသည် အမျိုးသမီးများ မျိုးမအောင်နိုင်ဖြစ်ရသည့် ကြုံတွေ့ရမှုအများဆုံးရောဂါဖြစ်သည်။ အမျိုးသမီးများ၏ခန္ဓာကိုယ် က ကျားဟော်မုန်းနှင့် ကျားလက္ခဏာများနှင့်ဆက်စပ်သော လိင် ဟော်မုန်းများ သာမန်ပမာဏထက် အနည်းငယ်ပို၍ ထုတ်လွှတ်ချိန် တွင် PCOS ရောဂါဖြစ်လာသည်။ဟော်မုန်း

ဟန်ချက်မညီဖြစ်မှုကြောင့် ဓမ္မတာမလာခြင်း(သို့မ ဟုတ်)ဓမ္မတာမမှန်ခြင်း၊ ကိုယ်အလေးချိန်ပိုများလာခြင်း၊ ဝက်ခြံ ထွက်ခြင်း၊ မျက်နှာပေါ်တွင် အမွေးအမှင်များ ပိုပေါက်လာခြင်း(သို့ မဟုတ်)ဆံပင်ပါးခြင်းတို့ဖြစ်လာနိုင်သည်။ PCOS ရောဂါရှိသော အမျိုးသမီးများ ဓမ္မတာမှန်စေရန် သန္ဓေ တားဆေးများ အသုံးပြုလေ့ရှိကြပြီး ကျားဟော်မုန်းများပမာဏကို လျှော့ချရလေ့ရှိသည်။ PCOS ရောဂါခံစားနေရသူ အမျိုးသမီးများ သန္ဓေတားဆေးအချိန်တိုသောက်၍ ကြိုတင်ကုသခြင်းဖြင့် ကိုယ်ဝန် ရရှိနိုင်မှုနှုန်းမြင့်တက်လာနိုင်သည်ဟု သုတေသီများက ပြောသည်။ သို့သော်

သန္ဓေတားဆေးများသာ သောက်သုံးနေသော PCOS ရောဂါသည် အမျိုးသမီးများထက်နေထိုင်မှုပုံစံပြောင်းလဲပြီး သန္ဓေ တားဆေးများသောက်သော အမျိုးသမီးများ မျိုးအောင်နိုင်ခြေ ပိုများသည်ဟု သုတေသီများက ပြောသည်။ အမျိုးသမီးများ ကိုယ် အလေးချိန်လျှော့ချခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မျိုးပွားမှုဆိုင် ရာနှင့် ဇီဝဖြစ်ပျက်မှုဆိုင်ရာ ကျန်းမာရေးအခြေအနေတိုးတက်လာ နိုင်သည်ဟု သုတေသီများကပြောသည်။ ယခုလေ့လာမှုကို ClinicalEndocrinology & Metabolism ဂျာနယ်တွင် ဖော်ပြထားသည်။

 

Ref:

TOI

Source:

7 days daily news journal

No.873

Thursday, October 1, 2015

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18