Print

ကျားဟော်မုန်း တက်စထရိုစတီရှန်း လျော့နည်းနည်းကြောင့်ဖြစ်နိုင်သည်များ

  30-Oct-2016
Preview Image

တက်စထရိုစတီးရုန်းဆိုတာတက်စထရိုစတီးရုန်းဟော်မုန်းက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ဟော်မုန်းပါ။ ဒီးဟော်မုန်းက အမျိုးသားတို့အတွက် လိင်ပိုင်းဆိုင်ရာ၊ ကြွက်သားထုဆိုင်ရာတွင်အပြင် စိတ်ပိုင်းဆိုင်ရာနဲ့ အရိုးသန်စွမ်းမှုတွေကိုလည်းကောင်းမွန်စေပါတယ်။

 

အသက်ကြီးခြင်းနှင့် တက်စထရိုစတီရုန်းပမာဏ

အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ တက်စထရိုစတီပမာဏ တဖြည်းဖြည်းလျော့နည်းလာပါတယ်။ အဲဒါကို အမျိုးသားတွေ သွေးဆုံးချိန်လို့ သတ်မှတ်ပါတယ်။ အမျိုးသားအများစုမှာ သိသာတဲ့ပြဿသနာရပ်တွေ ဒါမှမဟုတ် ရောဂါလက္ခဏာတွေ မပြတတ်ကြပါ။ တချို့အမျိုးသားတွေမှာတော့ ပူလိုက်ချမ်းလိုက်ဖြစ်တာ၊ ချွေးထွက်များ တာ၊ အရင်ထက်စိတ်တို စိတ်ဆတ်လာတာ၊ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု အားနည်းလာတာ စတာတွေဖြစ်ပေါ်လာတတ်ပါတယ်။

 

တက်စထရိုစတီရုန်း လျော့နည်းလာလျှင်

ဒီဟော်မုန်းလျော့နည်းလာတာကို တချို့အမျိုးသားတွေမှာ သိသိသာသာမြင်နိုင်ပါတယ်။ ကြွက်သားတွေ သေးသွားတာ၊ ဆံပင်တွေ ကျဲပါးလာတာ၊ ဝှေးစေ့တွေ နဂိုအရွယ်အစားထက် သေးသွားတာ၊ ရင်သားတွေနဂိုအရွယ်အစားထက် ကြီးလာတာ စတာတွေဖြစ်နိုင်ပါတယ်။

 

တက်စထရိုစတီရုန်းပမာဏ လျော့နည်းခြင်းကြောင့်ဖြစ်သည်များ

**အရိုးပါးခြင်း**

 

အမျိုးသမီးတွေ မီးယပ်သွေးဆုံးပြီးချိန်မှာ အမျိုးသမီးဟော်မုန်း အီစထရိုဂျင်တွေလျော့နည်းသွားလို့ အရိုးပါးရောဂါ ဖြစ်နိုင်ခြေများပါတယ်။ အမျိုးသားတွေလည်းဒီလိုပါပဲ။ တက်စထရိုစတီရုန်းဟော်မုန်း လျော့သွားတဲ့အခါ အရိုးပါးတာ၊ အားနည်းတာဖြစ်လို့ အရိုးကျိုးနိုင်ခြေများပါတယ်။

 

**လိင်စိတ်စွမ်းအားလျော့နည်းခြင်း**

 

အမျိုးသားတွေမှာ တက်စထရိုစတီရုန်း ဟော်မုန်းလျော့နည်းတာက လိင်စိတ်ဆန္ဒဖြစ်ပေါ်မှုကို အားနည်းစေရုံသာမကဘဲ စိတ်ကျေနပ်မှုလည်း အပြည့်အဝမရရှိနိုင်ဘူး။ တချို့အမျိုးသားတွေက လိင်စိတ်ဆန္ဒလျော့နည်းသွားတာကို ကိုယ်တိုင်သတိထားမိပေမယ့် တချို့တွေကတော့ လိင်စိတ်ဆန္ဒအပေါ် စိတ်ဝင်စားမှု လုံးမရှိတော့ဘဲကိုယ့်ကိုယ်ကိုယ်လည်း သတိမထားမိတတ်ပါဘူး။

 

**စိတ်ပိုင်းဆိုင်ရာနှင့် စဉ်းစားတွေးခေါ်မှု အားနည်းခြင်း**

 

တချို့အမျိုးသားတွေကာ တက်စထရိုစတီရုန်းဟော်မုန်း လျော့နည်းတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပြဿသနာတွေဖြစ်တဲ့ စိတ်တိုစိတ်ဆတ်လာတာ၊ သည်းမခံနိုင်တာ၊ အာရုံစူးစိုက်နိုင်မှုခက်ခဲလာတာ၊ စွမ်းအားကျဆင်းတာ စတာတွေကို ခံစားရနိုင်ပါတယ်။ သွေးအားနည်းတာ၊ စိတ်ဓာတ်ကျဆင်းတာ၊ အိပ်စက်မှုဆိုင်ရာ ပြဿနာရှိနေတာနဲ့ နာတာရှည်ဖျားနာလာတာတွေ ခံစားရတဲ့အခါမျိုးမှာလည်း ဒီလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

 

**မျိုးမအောင်ခြင်း**

 

အမျိုးသားတွေမှာ တက်စထရိုစတီရုန်းဟော်မုန်းက သုက်ကောင်ထုတ်လုပ်မှုကို အားပေးပါတယ်။ အမျိုးသားတွေမှာ ဒီဟော်မုန်းလျော့နည်းလာတဲ့အခါသုက်ကောင်အရည်အတွက်လည်း လျော့နည်းလာပါတယ်။ သုက်ကောင်အရေအတွက်နည်းတာက အမျိုးသားတွေ ကလေးရနိုင်ခြေကို လျော့နည်းစေပါတယ်။

 

Ref:

အလင်း (ဆေးဝါး)

Arogyam Magazine

No.277, Pg.189-193,August.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18