Print

အမျိုးသမီးတွေ လဲလျောင်းလျက်ရှိတဲ့ ပုံစံအနေအထား နဲ့ချစ်တင်းနှောခြင်းဟာက...

  30-Oct-2016
Preview Image

ချစ်တင်းနှောတဲ့ အကြောင်းကို ပြောမယ်ဆိုရင်တော့ လူတိုင်းမှာ သဘောကျတဲ့ ပုံစံအနေအထား(Position) တစ်ခုစီတော့ ရှိကြမှာပါ။ ဒါပေမယ့်လည်း ဘယ်လိုပုံစံအနေအထား (Position) က သင်တို့ကို ကိုယ်ဝန် ရဖို့ အဆင်ပြေစေမှာလဲ?

ခေတ်သစ်နေ့စဉ်ဘဝတွေရဲ့ ဖိအားအရ အိမ်ထောင်ရှင် ဇနီးမောင်နှံတွေဟာမိသားစုတစ်ခုဖြစ်လာဖို့ အစီအစဉ်ကိုတစ်ဖြည်းဖြည်းချင်း အချိန်ဆွဲလာ ခဲ့ကြပါတယ်။နောက်ဆုံး ရလဒ်တစ်ခုကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခု ခန့်ဟာ မျိုးပွားခြင်းဆိုင်ရာပြဿနာ တွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ ပျမ်းမျှအားဖြင့်တော့ စုံတွဲ ၄ တွဲမှာ ၁ တွဲခန့်ဟာ ကလေး မရတဲ့ ပြဿနာတွေ ကြုံနေရပါတယ်။

သင့်ရဲ့ ကလေးရနိုင်မယ့် အခွင့်အရေးကို ပိုမိုကောင်းမွန်လာစေဖို့အတွက် သင်လုပ်နိုင်တာလေးတွေတော့ရှိပါတယ်။ အစားအသောက် ပိုမိုစားသုံးတာမျိုး ၊ အရက်သောက်ပြီး ကာမဆန္ဒ ရယူတာမျိုး ၊ ကဖိန်းမှီဝဲမှုကို လျှော့ချတာမျိုးတွေပေါ့။ဒါပေမယ့်လည်း မျိုးပွားခြင်း ဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Marilyn Glenville က ပြောတာတော့ စုံတွဲတွေရဲ့ ချစ်တင်းနှောတဲ့ ပုံစံအနေအထားနဲ့ချစ်တင်းနှောအပြီးမှာ ရှိနေတဲ့ ပုံစံအနေအထားတို့ဟာ ကိုယ်ဝန်ရစေဖို့အတွက်အထောက်အကူဖြစ်စေတယ်ဆိုတာပါပဲ။

သူမပြောခဲ့တဲ့ အကြောင်းအရာကတော့ အမျိုးသားရဲ့ သုတ်ပိုး(Sperm) ဟာ အမျိုးသမီး အင်္ဂါအတွင်းကနေ သားအိမ်ပြွန်အတွင်းဝင်ရောက်နိုင်မှ ကိုယ်ဝန်ရမှာဖြစ်တဲ့အတွက် အမျိုးသမီးတွေ လဲလျောင်းလျက်ရှိတဲ့ ပုံစံအနေအထားဟာ ကိုယ်ဝန် ရယူဖို့ အကောင်းဆုံးဖြစ်ပါတယ်တဲ့။ "အမျိုးသားတွေ အပေါ်စီးကနေတဲ့ ပုံစံအနေအထားဟာ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရှိလာစေဖို့ အကောင်းဆုံးအခွင့်အရေးပါပဲ" လို့ သူမက DailyMail သတင်းဌာနကို ပြောပြခဲ့ပါတယ်။

ဒါပေမယ့် သူမက သတိပေးပြောပြခဲ့တာကတော့ ဒီသီအိုရီကို သက်သေပြနိုင်ဖို့တော့သိပ္ပံနည်းကျလေ့လာထားမှုတွေမရှိပါဘူးတဲ့။ "အချိုးကျတွက်ချက်ကြည့်မယ်ဆိုရင် အဲဒီ ပုံစံအနေအထားဟာ အမျိုးသား ရဲ့ သုတ်ပိုးကို အမျိုးသမီးရဲ့ သားအိမ်အဝအထိရောက်သွားနိုင်စေပါတယ်" လို့ ဒေါက်တာ Glenville က ဆိုပါတယ်။

အမျိုးသမီက အထက်စီးကနေတဲ့ ပုံစံအနေအထားနဲ့ အမျိုးသားက အမျိုးသမီးနောက်မှာရှိနေတဲ့ ပုံစံအနေအထားတို့ကတော့ အမျိုးသမီးရဲ့သားအိမ်ပြွွန်အတွင်း သုတ်ပိုးဝင်ရောက်ဖို့ခဲယဉ်းစေတယ်လို့လည်း သူမရဲ့ပြောကြားချက်အရ သိရပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးသုခလို့ ဆိုကြတဲ့ အမျိုးသား ရော အမျိုးသမီးပါ ချစ်တင်းနှောခြင်းမှာ စိတ်ကျေနပ်မှု ရရှိကာ ပြီးမြောက်ခြင်းဟာလည်း အရေးကြီးတယ်လို့ သူမကဆိုပါတယ်။ အမျိုးသမီး ရဲ့ စိတ်ကျေနပ်မှု ရရှိခြင်းဟာပြီးပြည့်စုံတဲ့ လေဟာနယ်တစ်ခုကို ဖြစ်ပေါ်စေပြီး အမျိုးသမီး အင်္ဂါအတွင်း ၀င်ရောက်လာတဲ့ သုတ်ပိုးတွေကို သားအိမ်ဝအထိ စုပ်ယူနိုင်စွမ်းရှိသွား

စေတယ်လို့ ဒေါက်တာ Glenville က ထည့်သွင်းရှင်းပြခဲ့ပါတယ်။

 

Ref:

Mario

Thithtoolwin.com

Tuesday, October 13, 2015

Source : Daily mail



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18