Print

လူပျိုပေါ်ဝင်စယောကျ်ားလေးများ၏ ပြောင်းလဲမှု သဘာဝဖြစ်စဉ်များ

  30-Oct-2016
Preview Image

ဒီအကြောင်းကို ရေးရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူပျိုပေါ်ဝင်စအချိန်မှာ သဘာဝအရ ပြောင်းလဲမှုများ ပေါ်ပေါက်လာပါတယ်။ အဆိုပါပြောင်းလဲမှုများပေါ်ပေါက်လာတဲ့အချိန်မှာ မိဘနဲ ့လဲပွင့်ပွင့်လင်းလင်းမတိုင်ပင်ရဲ ့လူသိလဲမခံရဲ ့ဖြစ်

တတ်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ့်မှာ များရောဂါ ရှိလို ့ဖြစ်တာလားဆိုပြီး သံသယတွေ ၀င်တတ်ပါတယ်။ အဲဒီအတွက် ဒါတွေဟာ သဘာဝဖြစ်စဉ်တွေပါဆိုတာကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ ့ရေးလိုက်ခြင်းဖြစ်ပါတယ်။ ကိုးကားကတော့ (http://www.healthcommunities.com/sexual-development/puberty.shtml) ပါ။

ယောက်ျားလေးများရဲ ့လူပျိုပေါ်ဝင်စပြောင်းလဲမှုမှာ အောက်ပါအချက်များ ပါပါတယ်။၁၀ နှစ်ကလေ ၁၄ နှစ်အတွင်းမှာ စတင်ပြောင်းလဲတတ်ပြီး တစ်ခါတစ်ရံနောက်ကျတာစောတာလည်း ဖြစ်တတ်ပါတယ်။ ပြောင်းလဲလာတဲ့ ဟာတွေကတော့

 

၁။ ဂျိုင်း၊ရင်ဘတ်၊မျက်နှာနဲ ့ဆီးခုံ တစ်ဝိုက်မှာ hair များ ပေါက်လာခြင်း

 

၂။ အသံသြလာခြင်း (ငယ်ဘဝကလို အသံစူးစူးမဟုတ်တော့ပဲ ဘဲနာ သံကဲ့သို ့အသံထွက်လာခြင်း)။

 

၃။ Ejaculation or သုတ်ထွက်ခြင်း (မာစတားဗေးရှင်းလုပ်လို ့ပဲဖြစ်ဖြစ် wet dream ပဲဖြစ်ဖြစ် သုတ်ထွက်လာပါတယ်)။

 

၄။ ရုတ်တရက် Body ကြီးထွားမှုနှုန်းမြန်လာခြင်း (အရပ်တွေ သိသိသာသာ ရှည်လာမယ်..လက်တံခြေတံတွေ ရှည်လာမယ်။၁၈ နှစ်လောက်ထိ ကြီးထွား

တတ်ပါတယ်)။

 

၅။ ယောကျ်ားလေး နို ့သီးအောက်တွင် ပိုက်ဆံ ကျပ်စေ့ခန် ့ရှိသော ခပ်မာမာ အရာလေးပေါ်လာခြင်း၊ ၂ နှစ်လောက်ထိပေါ်တတ်ပါတယ်။တစ်ခါတစ်ရံ မတော်တဆ စမ်းမိရာကနေ ရောဂါများဖြစ်လားဆိုပြီး အကြောက်ပိုမိတတ်ပါတယ်။ဒါက သဘာဝပါ။

 

၆။ လိင်တံနှင့် ဝှေးစေ့ ကြီးထွားလာခြင်း။

 

၇။ Body တွင် ကြွက်သားများ တိုးလာခြင်း။

 

Physical (အမြင်)ပြောင်းလဲမှုများအပြင် စိတ် အခြေအနေ ပြောင်းလဲမှုများလဲ တစ်ချိန်တည်းမှာပေါ်ပေါက်လာတတ်ပါတယ်။ အဲဒီအချိန်မှာ လွတ်လွတ်လပ်လပ်နေချင်လာတယ်။ မှီခိုလိုစိတ်ကင်းလာတတ်တယ်။ သူရဲ ကောင်းလုပ်ချင်စိတ်တွေပေါ်ပေါက်လာတယ်။ ဆန် ့ကျင်ဘက်လိင်ကို သဘောကျခြင်း စိတ်ဝင်စားခြင်းများ ရှိလာမယ်။ အရာရာကို စူးစမ်းချင်လာမယ်။ မိဘက ဆန် ့ကျင်ချင်လာမယ်။ ကိုယ့်ကိုကိုယ ်ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်တွေ ၀င်လာတတ်တယ်။အားကျအတုယူချင်စရာ Hero တွေ ရှိလာတတ်ပြီး သူတို ့လုပ်တာ မှန်သမျှအကောငး်ထင် လိုက်ပြီးအတုခိုးချင်လာမယ်။ဒါကတော့ စိတ်ပိုင်းဆိုင်ရာ ေ ပြာင်းလဲမှုတွေပါ။

 

Ref:

Ko Hein (Prospect Myanmar)

Tuesday, February 10, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18