Print

လိင်ဆက်ဆံခြင်းနှင့်ပတ်သက်၍ မိန်းကလေးများသိသင့်သောအရာများ

  30-Oct-2016
Preview Image

ပထမဆုံးအကြိမ် လိင်ဆက်ဆံစဉ်မှာပင် ကိုယ်ဝန်ရှိသွားနိုင်သည်။သားဆက်ခြားနည်းမသုံးဘဲ လိင်ဆက်ဆံခြင်းဖြင့် အချိန်မရွေးကိုယ်ဝန်ရှိသွားနိုင်သည်၊

- အမျိုးသားက သူသုတ်ရည် မထုတ်လွတ်ခဲ့ဟု ထင်သော်လည်း ကိုယ်ဝန်ရှိသွားနိုင်သည်၊

- လိင်ဆက်ဆံရာတွင်အကာအကွယ် (ကွန်ဒုံး) မသုံးလျှင်ကာလသားရောဂါ(သို့) ရောဂါကူးစက်ခံရနိုင်သည်၊

- မိန်းကလေးတစ်ဦးမှယောကျင်္ားထံသို့ ရောဂါဖြန့်ဝေခြင်းထက်ယောကျင်္ားထံမှကာလသားရောဂါ(သို့)ှ) ရောဂါကူးစက်နိုင်ရန်အလားအလာပိုရှိသည်။ အကြောင်းမှာလိင်ဆက်ဆံမှု သဘောအရမိန်းကလေးမှာလက်ခံသူဖြစ်သောကြောင့်ဖြစ်သည်။

- လိင်ဆက်ဆံရာတွင် ကာလသားရောဂါများမှ ကာကွယ်နိုင်ရန် အကာအကွယ်(ကွန်ဒုံး)ကိုအမြဲသုံးစွဲပါ၊ သို့သော် ထိုရောဂါများနှင့် ကိုယ်ဝန်ရှိခြင်းမှရှောင်ရှားရန်အသေချာဆုံးနည်းလမ်းမှာလိင်မဆက်ဆံခြင်းဖြစ်သည်။

 

မရည်ရွယ်ဘဲဲကိိုုုယ််ဝန်ရှိှိလာခြင်း

- သင်သည်လိင်ဆက်ဆံပြီး ရာသီလာချိန်နောက်ကျခြင်း။ ရင်သားများနာကျင်ခြင်း။ဆီးခဏခဏသွားခြင်း (သို့) ပျို့အန်ခြင်းများဖြစ်လာပါက ကိုယ်ဝန်ရှိနေနိုင်သည်။

- ကိုယ်ဝန်ရှိ/ မရှိသေချာစေရန်အတွက် ကျန်းမာရေးလုပ်သား (သို့) သားဖွားဆရာမနှင့် အမြန်ဆုံးတွေ့ဆုံပြသပါ။

- အကယ်ရျ် သင်သည် မရည်ရွယ်ဘဲ ကိုယ်ဝန်ရှိလာခြင်းကြောင့် အကြပ်အတည်းတွေ့ပြီးကိုယ်ဝန်ဖျက်ချရန် ကြံစည်မိပါကသတိထားပြီးဆုံးဖြတ်ပါ။

- နေရာရပ်ရပ်တွင် အနျွရာယ်ရှိသောနည်းများဖြင့်ကိုယ်ဝန်ဖျက်ချမိသဖြင့် မိန်းကလေးနှင့်အမျိုးသမီးများအမြောက်အများအသက်ဆုံးရှုံးနေရသည်၊။

 

Ref:

WEAVE

စွမ်းဆောင်နိုင်မှု မြင့်မားရေးအတွက် အမျိုးသမီးများအား ပညာပေးရေးအဖွဲ့

20.10.2015

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18