Print

နှလုံးရောဂါသည်တွေ ချစ်တင်းနှော တဲ့အခါ နှလုံးထဖောက်မှာကို စိုးရိမ်စရာမလ...

  30-Oct-2016
Preview Image

နှလုံးရောဂါကို ခံစားနေရသူတွေအတွက်တော့ ချစ်တင်းနှောခြင်း လှုပ်ရှားမှုကြောင့် အန္တရာယ်ဖြစ်လာမှာကို စိတ်ပူစရာမလိုဘူးလို့ သုတေသီတွေက ဆိုလိုက်ပါတယ်။အတိအကျ ပြောရမယ်ဆိုရင်တော့ ချစ်တင်းနှောခြင်းဆိုင်ရာ လှုပ်ရှားမှုတွေဟာ သိမ်မွေ့တဲ့ အေးရိုးဘစ် လေ့ကျင့်ခန်း တစ်မျိုးလိုဖြစ်နေပြီး ချစ်တင်းနှောခြင်း လှုပ်ရှားမှုဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် နည်းလမ်းလည်းဖြစ်သလိုနှလုံးရောဂါ ဖြစ်နေသူတွေအတွက်လည်း သက်သာလာစေနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ ထောက်ခံပြောကြားလိုက်ပါတယ်။ ထို အကြောင်းအရာကို တင်ပြဆွေးနွေးခဲ့သူကတော့ ချစ်တင်းနှောခြင်းဟာ သာမန်အားဖြင့်တော့ လှေကား ၂ ထစ် တက်ခြင်း (သို့) နံရံ့တစ်ခုပေါ်ကို တက်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ အာနိသင်ခြင်း ဆင်တူတယ်လို့ဆိုပါတယ်။

 

ထို လေ့လာရေး အဖွဲ့ဟာ အသက် ၃၀ ကနေ ရ၀ ကြားရှိတဲ့ နှလုံးရောဂါသည် ၅၃၆ ယောက်ကို လေ့လာကြည့်ခဲ့ကြပါတယ်။ ထို နှလုံးရောဂါသည်တွေရဲ့ ကိုယ်တိုင်မေးခွန်းထုတ် ကိုယ်တိုင်ဖြေကြားရတဲ့ အချက်အလက်တွေကို စုစည်းလိုက်တဲ့အခါမှာတော့ ၁၂ လ အတွင်း ချစ်တင်းနှောခြင်း တွေရဲ့ နှလုံးရောဂါ အမောထဖောက်မှု ဖြစ်နိုင်ချေ တွေဟာ အခုလို ရလဒ်ထွက်ပေါ်လာပါတယ်။ လုံးဝ ချစ်တင်းနှောခြင်းမရှိသူတွေဟာ နှလုံး ထ ဖောက်ဖို့ ဖြစ်နိုင်ချေဟာ ၁၄.၉ ရာခိုင်နှုန်း ဖြစ်ပြီး ၊ တစ်လမှာ တစ်ကြိမ်ခန့် ချစ်တင်းနှောခြင်း ဟာ ၄.၇ ရာခိုင်နှုန်း နှလုံးထဖောက်ဖို့ ဖြစ်နိုင်ချေရှိပါတယ်။ တစ်ပတ် မှာ တစ်ကြိမ်ခန့်တောင် ချစ်တင်း မနှောတဲ့သူတွေဟာ နှလုံး ထဖောက်နိုင်ချေ ၂၅.၄ ရာခိုင်နှုန်း ရှိပြီး တစ်ပတ်ကို တစ်ကြိမ် (သို့) အကြိမ်ရေများစွာ ချစ်တင်းနှောသူတွေကတော့ ၅၅ ရာခိုင်နှုန်းအထိ ဖြစ်နိုင်ချေရှိနေပါတယ်။ ဒါ့အပြင်ထို နှလုံးရောဂါသည် တွေရဲ့ ချစ်တင်းနှောခြင်းနဲ့ နှလုံးထဖောက်ခြင်းကြားက အချိန်ကိုက်ဖြစ်စဉ်တွေကို လေ့လာခဲ့ရာမှာတော့ နှလုံးရောဂါ သည် ရ၈ ရာခိုင်နှုန်းဟာ သူတို့ နှလုံးထဖောက်တဲ့အချိန်ဟာ ချစ်တင်းနှောတဲ့ အချိန်နဲ့ ၂၄ နာရီမက ကွာခြားတယ်လို့ ဆိုထားပြီး ၀.၇ ရာခိုင်နှုန်းသာ နှလုံးမဖောက်ခင် ၁ နာရီ အတွင်း ချစ်တင်းနှောမိခဲ့ကြတယ်လို့ ဆိုထားတာကိုလည်းတွေ့ခဲ့ရပါတယ်။

 

Mario

Thithtoolwin.com

Friday, September 25, 2015

Ref : Medical News Today



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18