Print

ဦးနှောက်ဆဲလ်အပိုကြောင့် ယောကျာ်းတွေဟာ အရာရာထက် အချစ်ကိုဦးစားပေး

  30-Oct-2016
Preview Image

ယောကျာ်းတွေဟာ ကာမအကြောင်းကို ၆ စက္ကန့်တိုင်းမှာ တွေးလေ့ရှိတယ်လို့ ဆိုကြပါတယ်။ တချို့ယောကျာ်းတွေရဲ့ ဦးနှောက်ထဲမှာ ကာမ က တကယ်ရှိကြောင်းကို သိပ္ပံပညာရှင်တွေက သက်သေပြခဲ့ပါတယ်။ aယာကျာ်းတွေဟာ ဦးနှောက်ဆဲလ် အပိုနှစ်ခုပိုင်ဆိုင်ထားကြောင်း ဖောက်ထွင်းမြင်ရပြီး အလွန်သေးငယ်တဲ့ ပိုးကောင်တွေကိုလေ့လာပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလို ဦးနှောက်ဆဲလ်အပိုနှစ်ခု ရှိတဲ့အတွက် ကာမကို ရှာဖွေနေတာ ဖြစ်ပါတယ်။ တကယ့်ကိုပဲ၊ အဲဒီ့ဆဲလ်တွေမှာ အားကောင်းတဲ့ ဆွဲငင်မှုရှိပြီး အစားထက် ကာမကို ပိုဦးစားပေးစေမှုကို ဖြစ်ပေါ်စေပါတယ်။ ဒီလေ့လာမှုဟာ ပိုးကောင်တွေကို လေ့လာခဲ့တာဆိုပေမဲ့၊ သူတို့ရဲ့ ဇီဝဖြစ်စဉ်က ကျွန်တော်တို့ ဇီဝဖြစ်စဉ်နဲ့ အလားသဏ္ဍာန်တူပါတယ်။ ဒီလေ့လာမှုကတဆင့် လူတွေအပါအဝင် တခြားသတ္တဝါတွေရဲ့ ကာမဆိုင်ရာ အပြုအမူတွေကို သိမြင်လာစေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

 

ပိုးကောင်တွေကို လေ့လာတဲ့အခါမှာ အထီး (male) နဲ့ အထီးမဟုတ်၊ အမ မဟုတ် (Hermaphrodites) နှစ်မျိုးစလုံးကို လေ့လာမှုပြုခဲ့ပါတယ်။ Hermaphrodites မှာမတွေ့ရတဲ့ ဦးနှောက်ဆဲလ်နှစ်ခုက Male တွေမှာ ပါနေပါတယ်။ ဒါကို အထီးတွေရဲ့ ဆန်းကြယ်ဆဲလ် လို့ သိကြပါတယ်။ ဆားငံရည်ကို သူတို့က ခံနိုင်ရည် သိပ်မရှိကြပါဘူး။ ဆားငံရည်နဲ့ အစာငတ်ခံထားပြီး သူတို့ကို လေ့ကျင့်ပေးခဲ့ပါတယ်။ မတူညီတဲ့ ဆားပျော်ရည်ပါဝငမှုရှိတဲ့ ပန်းကန်ထဲကို ထည့်လိုက်တဲ့အခါ ဆားနဲ့ဝေးရာကို သွားကြပါတယ်။ ဒါကို လိင်နှစ်မျိုးစလုံးက သိပါတယ်။ ကာမနဲ့မျှားပြီးထားတဲ့အခါမှာတော့ Male တွေက ပျော်ရည်နှစ်ခုရဲ့အလယ်မှာ နေကြပါတယ်။ ဒါဟာ အစားထက်၊ ကာမကို ဦးစားပေးတယ်ဆိုတာကို ပြသတာပါ။ Hermaphrodites တွေကတော့ ဆားကို ဆက်ပြီးရှောင်မြဲရှောင်နေကြပါတယ်။ Male တွေဟာ အရာရာနဲ့ယှဉ်ရင် အချစ်ရေးကို ဦးစားပေးတဲ့သဘောလို့ သုတေသီတွေက သုံးသပ်ကြပါတယ်။

 

Ref:

Skyler

Thihtoolwin.com

Friday, October 16, 2015

Source:

Daily Mail



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18